(နည်းပညာ)ပြန်လည်မျှဝေပေးခြင်း

မင်္ဂလာပါခင်ဗျာ ... ကျွန်တော်တင်သမျှ Post လေးများသည် ကျွန်တော်လေ့လာဖူးသမျှကို ပြန်လည်မျှဝေပေးခြင်းဖြစ်ပါတယ်။ သူငယ်ချင်းအားလုံးလည်း ကျွန်တော့် site မှကြိုက်နှစ်သက်တဲ့ မည့်သည့် Post ကိုမဆို မြန်မာ IT နည်းပညာဖွံ့ဖြိုးတိုးတက်ရေးအတွက် ပြန်လည်မျှဝေပေးစေလိုပါတယ်ဗျာ။ ...

16 June 2014

လေချွန်ရင် ဓါတ်ပုံရိုက်ပေးမယ့် Whistle Camera v1.3.0 APK

6/17/2014

Android Phone ဖြင့် ကိုယ်တိုင်ရိုက် Selfie ဓါတ်ပုံရိုက်တဲ့အခါမှာ အာရုံများ ရပါတယ်။ မိမိပုံကို မိမိကိုယ်တိုင် ရိုက်ရလို့ ဖြစ်ပါတယ်။ Focus မိဖို့ အပြင် Volume Up/Down ခလုတ် သို့မဟုတ် Shutter Button ကို နှိပ်ပြီး ဓါတ်ပုံ ရိုက်ဖို့ ဂရုစိုက်ရပါတယ်။ ဓါတ်ပုံရိုက်ဖို့ ခလုတ်ကို နှိပ်တဲ့ အခါမှာလည်း လှုပ်ရှားမှု မရှိအောင် သတိထားရပါတယ်။ အဲဒီ ခလုတ်ကို နှိပ်စရာ မလိုဘဲ လေချွန်တာနဲ့ ဓါတ်ပုံ ရိုက်ပေးနိုင်တဲ့ App က Whistle Camera –Selfie & More ဖြစ်ပါတယ်။

Whistle Camera ကို ဖွင့်ပြီးရင် လေချွန်တာနဲ့ ဓါတ်ပုံ ရိုက်ပေးမှာ ဖြစ်ပါတယ်။ လေချွန်ရင် ၀ီစီပုံကို တွေ့မြင်ရမှာ ဖြစ်ပြီး App က သင်လေချွန်တာကို သိတယ်လို့ ပြသနေတာ ဖြစ်ပါတယ်။


နာရီပုံ အိုင်ကွန်ကို နှိပ်ပြီး Timer သတ်မှတ်နိုင်ပါတယ်။ လေချွန်ပြီးရင် ဓါတ်ပုံရိုက်ဖို့ စောင့်ဆိုင်းရတဲ့ အချိန် ဖြစ်ပါတယ်။ အိုင်ကွန် ကို အကြိမ်များစွာ နှိပ်ရင် Delay Time ကို တိုးမြှင့်ပေးမှာ ဖြစ်ပါတယ်။

Timer သတ်မှတ်ထားရင်တော့ ဓါတ်ပုံရိုက်တဲ့အခါမှာ Timer ကို ပြသပေးမှာ ဖြစ်ပါတယ်။ အပေါ်ထိပ်မှာ ရှိတဲ့ Slider ကို Zoom In or Out လုပ်ဖို့ အသုံးပြုနိုင်ပါတယ်။ Screen ပေါ်မှာ Focus လုပ်ချင်တဲ့ အရာကို တစ်ချက်နှိပ်ပြီး သတ်မှတ်နိုင်ပါတယ်။ Flash ကိုလည်း On or Off လုပ်နိုင်ပါတယ်။ Selfie ရိုက်ဖို့သာမက အနောက်ကင်မရာကိုလည်း အသုံးပြုနိုင်ပါတယ်။

Whistle Camera ဟာ Selfie ဓါတ်ပုံ ကောင်းကောင်းများ ရိုက်ကူးဖို့ ရည်ရွယ် တီထွင်ပေးထားတာ ဖြစ်ပါတယ်။ Android 2.3.3 နဲ့ သူ့အထက်မှာ အသုံးပြုနိုင်ပါတယ်။

မူရင်   www.pyaephyo.com

ကျေးဇူးပြု၍ ဒီနေရာလေးကိုနှိပ်ပြီးLike လုပ်ပေးပါအုံးနော်

*ဥတ္တံတားသားအောင်နေလင်း(နည်းပညာ)*မှကြိုဆိုပါ၏

No comments:

Post a Comment

http://i1323.photobucket.com/albums/u591/aungaung13/cooltext666275999_zpsbe12bc0c.gif