(နည်းပညာ)ပြန်လည်မျှဝေပေးခြင်း

မင်္ဂလာပါခင်ဗျာ ... ကျွန်တော်တင်သမျှ Post လေးများသည် ကျွန်တော်လေ့လာဖူးသမျှကို ပြန်လည်မျှဝေပေးခြင်းဖြစ်ပါတယ်။ သူငယ်ချင်းအားလုံးလည်း ကျွန်တော့် site မှကြိုက်နှစ်သက်တဲ့ မည့်သည့် Post ကိုမဆို မြန်မာ IT နည်းပညာဖွံ့ဖြိုးတိုးတက်ရေးအတွက် ပြန်လည်မျှဝေပေးစေလိုပါတယ်ဗျာ။ ...

25 December 2014

How to check if your Mi device is genuine (Xiaomi အစစ်/အတုစစ်နည်း)

12/25/2014

(အားလုံးပဲမင်္ဂလာပါခင်ဗျား)
[1] Before unpacking: IMEI

ပလပ်စတစ်ခွံမခွာခင် ဘားကုတ်နှိပ်ထားတဲ့ အဖြူရောင် sticker ပေါ်က IMEI နံပါတ်နဲ့ SN နံပါတ်တွဲပြီး စစ်လို့ရပါတယ်။

http://order.mi.com/service/imei


[2] Before (OR) After unpacking: Scode

MI အမှတ်တံဆိပ်ပါတဲ့ security sticker ကပ်ထားတဲ့ တရုတ်အလုံးတွေမှ စစ်လို့ရမှာပါ၊ ဂဏန်းတွေကို ခဲအုပ်ထားလေ့ရှိပြီး အရင်ထွက်ခဲ့တဲ့အလုံးတွေမှာတော့ ခဲမအုပ်ထားပါဘူး။ ခဲမအုပ်ထားရင် ဒီအ တိုင်းမြင်နေရတဲ့ဂဏန်းတွေကို စစ်ကြည့်လို့ရပြီး ခဲအုပ်ထားတဲ့အလုံးမျိုးဆိုရင်တော့ ပလပ်စတစ်ခွံခွာပြီး ခဲကိုခြစ်ပစ်လိုက်မှ စစ်လို့ရမှာပါ။

http://order.mi.com/service/scode

[3] After switching on the device: Installing apk


ဒါကတော့ စက်ကိုဖွင့်ပြီးမှ apk သွင်းပြီး စမ်းတဲ့နည်းပါ၊ တရုတ်လိုဖတ်တတ်မှ အဆင်ပြေပါတယ်။

http://en.miui.com/thread-29683-1-1.html

http://en.miui.com/thread-29652-1-1.html




မှတ်ချက် - IMEI record ရှိတိုင်း အစစ်လို့မပြောနိုင်သေးပါဘူး၊ အတုကလည်း အစစ်တစ်လုံးရဲ့ IMEI အတိုင်း ကူးချထားနိုင်ပါတယ်၊ record မရှိရင်သာ သံသယဖြစ်ရမှာပါ။ ထိုနည်းတူ Scode record ရှိတိုင်း အစစ်လို့မပြောနိုင်ပါဘူး၊ ကိုယ်စစ်တဲ့အခါ ဒီ scode နံပါတ်ကို ဘယ်နှကြိမ် စစ်ထားပြီးပြီ လဲဆို တာ ဖော်ပြပါတယ်၊ အဲဒီအကြိမ်အရေအတွက်က ခဲခြစ်ပြီးပြီးချင်း စစ်လိုက်ရင် 1 ကြိမ်လို့ ပေါ်ရမှာပါ၊ အကြိမ်ပေါင်းများစွာစစ်ပြီးတဲ့ scode ဆိုရင်တော့ အစစ်အတိုင်း လိုက်ကူးထားတဲ့ scode အတုဖြစ် ဖို့ သေချာပါပြီ။


စက်ဖွင့်ပြီး Official firmware တင်ကြည့်တာ၊ Hardware test လုပ်ကြည့်တာတွေက ပိုစိတ်ချရပါတယ်။




Last Updated: [ထပ်မံဖြည့်စွက်ချက်]

Mi device များကို အစစ် အတု အကြမ်းဖျင်း ခွဲနည်း

*#*#64663#*#* ဆိုတဲ့ code ကို ရိုက်လိုက်လို့ hardware test ပေါ်ရင် အစစ်ဖြစ်ဖို့များတယ် ... cross-check အနေနဲ့ ဖုန်းနဲ့ ဘူးခွံ imei တိုက်စစ် ... ပီးရင် www.order.mi.com/imei/service မှာ imei နဲ့ S/N ရိုက်ပီး စစ်ပါ ... နောက်ဆုံးအနေနဲ့ firmware update လုပ်လို့ရရင် အစစ်ဆိုတာ ကျိန်းသေသလောက်ပါပဲ ... အနှစ်ချုပ်အနေနဲ့ ပြောရရင် hardware test ကိုစစ် ... imei ကို cross-check တိုက်စစ်လို့ တူရင် အစစ်လို့ ကောက်ချက်ချလို့ရပါပီ ... ပိုသေချာချင်ရင် online ကလည်းစစ် ... ဒီ့ထက်ကို ထပ်ပီး သေချာစေချင်သေးရင် firmware ပါ မြှင့်ခိုင်းလိုက်ပါ

No comments:

Post a Comment

http://i1323.photobucket.com/albums/u591/aungaung13/cooltext666275999_zpsbe12bc0c.gif