(နည်းပညာ)ပြန်လည်မျှဝေပေးခြင်း

မင်္ဂလာပါခင်ဗျာ ... ကျွန်တော်တင်သမျှ Post လေးများသည် ကျွန်တော်လေ့လာဖူးသမျှကို ပြန်လည်မျှဝေပေးခြင်းဖြစ်ပါတယ်။ သူငယ်ချင်းအားလုံးလည်း ကျွန်တော့် site မှကြိုက်နှစ်သက်တဲ့ မည့်သည့် Post ကိုမဆို မြန်မာ IT နည်းပညာဖွံ့ဖြိုးတိုးတက်ရေးအတွက် ပြန်လည်မျှဝေပေးစေလိုပါတယ်ဗျာ။ ...

26 December 2014

Xiaomi Mi4 Root ဖောက်နည်းနဲ့ Unroot လုပ်နည်း( Warrantyဆုံးရှုံးမှုမရှိပါ။)

12/26/2014
(မိတ်ဆွေများအားလုံးပဲမင်္ဂလာပါခင်ဗျား)
အားလုံးကို မင်္ဂလာပါလို့ အရင်ဦးဆုံးပြောကြားချင်ပါတယ်။
ကျွန်တော် ဒီနေ့တင်ပြသွားမယ်အကြောင်အရာလေးကတော့ Xiaomi ရဲ့ နောက်ဆုံးထွက်ရှိထားတဲ့ Xiaomi Mi4 အတွက် Root ဖောက်နည်းကိုအခုတင်ပြသွားမှာဖြစ်ပါတယ်။ Xiaomi ဖုန်းတွေကို Root ဖောက်တဲ့ အခါမှာ အခြားဖုန်းတွေလိုမျိုး Warranty ဆုံးရှုံးသွားခြင်းမျိုးများမရှိပါ။ ဘာကြောင့်လဲဆိုတော့ သူက Official Developer ROM တွေဖြစ်တာကြောင့် ROM ထဲမှာတင် root access တစ်ခါထဲပါဝင်ပါတယ်။ OK ကျွန်တော်တို့ Xiaomi Mi4 Root ဖောက်တဲ့လုပ်ငန်းစဉ်လေးစလိုက်ကြရအောင် ။ ဖုန်းကိုတော့ Battery 50% & 70% လောက်ရှိအောင်ထားထားပါ။ USB Debugging On ထားပေးပါ။ နောက် Phone ထဲက အရေးကြီးတဲ့ data တွေကို backup ယူထားပါ။


Download လုပ်လို့ရလာပြီးဆိုရင် အရင်ဆုံး zip ဖိုင်ရဲ့ name ကို update.zip လို့နာမည်ပြောင်းပါ။ ပြောင်းပြီးသွားရင် ဖုန်းထဲက SD Card ထဲကို update.zip ဖိုင်ထည့်ပေးလိုက်ပါ။
ရပြီးဆိုရင် ဖုန်းထဲက updater app ကို open လုပ်ပြီး Menu button ကိုနှိပ်ပါ။ Menu button ထဲမှာ Select installation file (or) Select Update Package ဆိုတဲ့ အထဲကိုဝင်ပါ။
ဝင်လိုက်တာနဲ့ SD Card ထဲက update.zip ကို click နှိပ်လိုက်ပါ။ Click နှိပ်ပြီးသွားတာနဲ့ အဲဒီရဲ့အောက်နားလေးမှာ Update Button (or) Install Button ကိုတွေ့မြင်ရင်နှိပ်လိုက်ပါ။
ဒါဆို Flashing Process စတင်နေပါပြီ။
Updating Completed ဖြစ်သွားရင် Reboot now ကို click လုပ်လိုက်ပါ။
အဲဒါဆိုရင် ဖုန်းက Reboot ကျသွားပါလိမ့်မယ်။
ပြန်တတ်လာရင် Developer ROM ကို အောင်မြင်စွာနဲ့ install လုပ်နိုင်ခဲ့ပြီးပါပြီ။
ဒါပေမဲ့ကျွန်တော်တို့ရဲ့ ရည်၇ွယ်ချက်က Root Access ရရှိဖို့အတွက်ပါ။ Root Access ရရှိဖို့အတွက် ဖုန်းထဲက Security app >>> Permission icon ဆိုတဲ့ tab ကိုသွားပါ။ >>> အဲဒီမှာ Root Permission option ကို enable လုပ်ပေးလိုက်ပါ။ ဒါဆို Xiaomi Mi4 အတွက် Root Access ရရှိသွားပါပြီ။
Unroot လုပ်ဖို့ကတော့ ဘာမှတော့အဆင့်မကွာပါဘူး
- - - - -
ဘယ်လိုလုပ်ရမလဲဆိုတော့ Xiaomi Mi4 ကို အရင်ဆုံး Security app >>> Permissions >>> Root Permission ကို Turn Off လုပ်ပေးလိုက်ပါ။ နောက် ကိုယ်ရဲ့ Version နဲ့ Stable ROM ကို ပထမပေးထားတဲ့ link မှာယူပြီး ၊ နောက်ဆက်လုပ်စရာရှိတဲ့ အဆင့်တွေက အပေါ်ကအတိုင်းသွားလိုက်ပါ။
အားလုံးအဆင်ပြေကြပါစေ…….
 Download Here

No comments:

Post a Comment

http://i1323.photobucket.com/albums/u591/aungaung13/cooltext666275999_zpsbe12bc0c.gif