(နည်းပညာ)ပြန်လည်မျှဝေပေးခြင်း

မင်္ဂလာပါခင်ဗျာ ... ကျွန်တော်တင်သမျှ Post လေးများသည် ကျွန်တော်လေ့လာဖူးသမျှကို ပြန်လည်မျှဝေပေးခြင်းဖြစ်ပါတယ်။ သူငယ်ချင်းအားလုံးလည်း ကျွန်တော့် site မှကြိုက်နှစ်သက်တဲ့ မည့်သည့် Post ကိုမဆို မြန်မာ IT နည်းပညာဖွံ့ဖြိုးတိုးတက်ရေးအတွက် ပြန်လည်မျှဝေပေးစေလိုပါတယ်ဗျာ။ ...

24 April 2014

စင်ကာပူ-မြန်မာ အင်တာနက်မှတစ်ဆင့် ငွေလွှဲဝန်ဆောင်မှုစတင်

April 23, 2014  



ရန်ကုန်၊ ဧပြီ ၂၂

မြန်မာနိုင်ငံသားများ နေထိုင်မှု များပြားသည့် စင်ကာပူနိုင်ငံမှ မြန်မာနိုင်ငံသို့ အင်တာနက်မှတစ်ဆင့် ငွေလွှဲသည့် ဝန်ဆောင်မှုကို ဧပြီလဆန်းမှ စတင်အသုံးပြုနိုင်ပြီ ဖြစ်ကြောင်း ဧရာဝတီဘဏ်ထံမှ စုံစမ်းသိရှိရသည်။

အဆိုပါ ဝန်ဆောင်မှုကို စင်ကာပူနိုင်ငံ အခြေစိုက် အင်အားကြီး ဘဏ်တစ်ခု ဖြစ်သည့် Development Bank Of Singapore (DBS) နှင့် ဧရာဝတီဘဏ်တို့ ပူးပေါင်း လုပ်ကိုင်ခြင်း ဖြစ်ပြီး စင်ကာပူနိုင်ငံမှ ငွေလွှဲပြောင်း လိုသည့်သူများ ဘဏ်ကို သွားရောက်ရန် မလိုဘဲ ဖုန်း၊ ကွန်ပျူတာ အင်တာနက်မှတစ်ဆင့် လွှဲပြောင်းနိုင်ကြောင်း ဧရာဝတီဘဏ် မဟာဗျူဟာ စီမံကိန်းဌာန လက်ထောက် အထွေထွေ မန်နေဂျာ ဦးသူရမောင်က ပြောကြားသည်။

ဝန်ဆောင်မှု အသုံးပြုရန်ကိုမူ ငွေလွှဲသူသည် DBS ဘဏ်တွင် ဘဏ်စာရင်း ဖွင့်လှစ်ရန်လိုပြီး ငွေလက်ခံသူသည် ဧရာဝတီဘဏ်တွင် စာရင်းဖွင့်လှစ်ထားရန် လိုကြောင်း၊ ယင်းဘဏ်စာရင်း များမှတစ်ဆင့် လွှဲပြောင်းပေးမည် ဖြစ်ကြောင်း၊ တစ်ကြိမ်လျှင် အပ်ငွေပမာဏ စင်ကာပူဒေါ်လာ ၅၀၀၀ ထိ လွှဲပြောင်းနိုင်ပြီး ဝန်ဆောင်ခ စင်ကာပူ ၅ ဒေါ်လာ ကောက်ခံမည် ဖြစ်ကြောင်း ၎င်းကရှင်းပြသည်။

“အင်တာနက်နဲ့ဆိုတော့ စင်ကာပူဘက်က လွှဲတဲ့လူလည်း ဘဏ်ကို လာစရာ မလိုဘူး။ ဒီကထုတ်မယ့် လူကလည်း သူ့ဘဏ်စာရင်းထဲ တိုက်ရိုက် ရောက်လာမှာ ဆိုတော့ စာရင်းစစ်လိုက်ရုံပဲ။ ပိုအဆင် ပြေတာပေါ့” ဟု မိသားစုဝင်ထဲတွင် စင်ကာပူ၌ အလုပ်လုပ်ကိုင် နေသူရှိသော အမျိုးသမီးတစ်ဦးက ပြောကြားသည်။

ရုံးခွဲပေါင်း ၂၅၀ကျော်ရှိသည့် DBS ဘဏ်သည် ၂၀၀၉ ခုနစ်မှ ၂၀၁၃ ခုနှစ်အထိ ကမ္ဘာပေါ်တွင် စိတ်ချ အယုံကြည်ရဆုံး ဘဏ်တစ်ခုအဖြစ် Global Finance Magazine တွင် ဖော်ပြခြင်းခံရသည်ဟု ဆိုပြီး မြန်မာနိုင်ငံတွင် ယမန်နှစ် နိုဝင်ဘာ ၁၅ ရက်နေ့က ရုံးခွဲ ဖွင့်လှစ်ခဲ့သည်။

ဧရာဝတီဘဏ်ကို ၂၀၁၀ ပြည့်နှစ် သြဂုတ်လတွင် စတင်ဖွင့်လှစ်ခဲ့ပြီး ဘဏ်ခွဲပေါင်း ၅၀ ကျော် ဖွင့်လှစ်ထားကာ ဘဏ်အပ်ငွေ ပမာဏပေါင်း ကျပ်ဘီလီယံ ခြောက်ရာကျော် ရှိကြောင်း အဆိုပါ သတင်းထုတ်ပြန်ချက်တွင် ပါရှိသည်။

ယင်းအပြင် စင်ကာပူနိုင်ငံပိုင် Sing Post ပြည်တွင်းရှိ အာရှ စိမ်းလန်းမှု ဖွံ့ဖြိုးရေးဘဏ်၊ ကမ္ဘောဇဘဏ်၊ ထွန်းဖောင်ဒေးရှင်းဘဏ်၊ သမဝါယမ ဘဏ်တို့နှင့် ပူးပေါင်း၍ စင်ကာပူ-မြန်မာ အပြန်အလှန် ငွေလွှဲလုပ်ငန်း လုပ်ကိုင်မည်ဟု ယမန်နှစ် နိုဝင်ဘာလ အတွင်းက ကြေညာထားသည်။
ကျေးဇူးပြု၍ ဒီနေရာလေးကိုနှိပ်ပြီးLike လုပ်ပေးပါအုံးနော်

*ဥတ္တံတားသားအောင်နေလင်း(နည်းပညာ)*မှကြိုဆိုပါ၏
       

No comments:

Post a Comment

http://i1323.photobucket.com/albums/u591/aungaung13/cooltext666275999_zpsbe12bc0c.gif