(နည်းပညာ)ပြန်လည်မျှဝေပေးခြင်း

မင်္ဂလာပါခင်ဗျာ ... ကျွန်တော်တင်သမျှ Post လေးများသည် ကျွန်တော်လေ့လာဖူးသမျှကို ပြန်လည်မျှဝေပေးခြင်းဖြစ်ပါတယ်။ သူငယ်ချင်းအားလုံးလည်း ကျွန်တော့် site မှကြိုက်နှစ်သက်တဲ့ မည့်သည့် Post ကိုမဆို မြန်မာ IT နည်းပညာဖွံ့ဖြိုးတိုးတက်ရေးအတွက် ပြန်လည်မျှဝေပေးစေလိုပါတယ်ဗျာ။ ...

21 April 2014

တရားနာတာဟာ ဘ၀သင်တန်းတတ်တာပဲ

=================================
ကိုတိုးနဲ့ မမိုးဆိုတဲ့ ဇနီးမောင်နှံနှစ်ယောက် က ၀ါတွင်းဆိုရင် တစ်လှည့်စီ ဘုန်းကြီးကျောင်းသွားပြီး ဥပုသ်စောင့် တရားနာ တရားအားထုတ်ပြီး မိုးချုပ်မှ ပြန်လေ့ရှိတယ်။ တစ်ယောက်တစ်လှည့်အိမ်စောင့်ကြတယ်။
မမိုး အိမ်စောင့်အလှည့်ကျတော့ ကိုတိုးရဲ့ မိတ်ဆွေတွေ အိမ်ကိုလာကြတယ်။ ကိုတိုးကို မတွေ့ တော့ မေးတာပေါ့။
“မမိုး ကိုတိုး ဘယ်သွားလဲ”
“သင်တန်းသွားတတ်တယ်။”
တရားနာသွားတာကို တရားနာသွားတယ်လို့ မပြောဘူး။ သင်တန်းသွားတတ်တာတဲ့။ ဟုတ်တယ်လေ။ ဘ၀နည်းပြသင်တန်း သွားတတ်တာပဲ။
“ဘာသင်တန်းသွားတတ်တာလဲ မမိုး”
“ထမင်းစားနည်းသင်တန်း သွားသင်တယ်။”
“မမိုးရယ် ထမင်းစားနည်း သင်ဖို့ လိုသေးလား”
“ဟာ - လိုတာပေါ့။ “အကုန်” စာရင်းပြပြီး ဘ၀စာမေးပွဲ အရှုံးခံပြီးမစားရဘူးတဲ့။ သီလ သမာဓိ ၀ိပဿနာအရ စာရင်းပြပြီး အောင်မြင်သူပုံစံနဲ့ စားရမှာတဲ့။ ထမင်းစားနည်းကို ကိုတိုး သင်တန်းသွားတက်နေတာလေ။
မိမိခန္ဓာကို ကျွေးတဲ့အခါမှာ “အကုန်” စာရင်းပြပြီး အရှုံးသမားပုံစံနဲ့ မကျွေးရဘူးတဲ့။ သီလ သမာဓိ ၀ိပဿာနာအရ စာရင်းပြပြီး အောင်မြင်သူပုံစံနဲ့ ကျွေးရမှာတဲ့။
မိသားစုအပေါ် တာဝန်ယူနည်းလေးတွေ ကိုတိုး သင်တန်းသွားတတ်နေတယ်။ ကိုယ့်မိသားစုကို တာဝန်ယူစောင့်ရှောက်တဲ့အခါမှာ “အကုန်” စာရင်းပြပြီးတော့ ပူပူလောင်လောင် မကျွေးရဘူး တဲ့။ ဒါန သီလ သမာဓိ ၀ိပဿနာအရ စာရင်းပြပြီး အောင်မြင်သူပုံစံနဲ့ ပြုံးပြုံး ပြုံးပြုံးနဲ့ အေးချမ်းစွာ ကျွေးရမှာတဲ့။ မိသားစု ထမင်းကျွေးနည်းကို ကိုတိုး သင်တန်းသွားတက်နေတာ။
ဈေးရောင်းကြ ၀ယ်ကြတဲ့အခါမှာလည်း ပိုက်ဆံရရုံလေးမျှ ရောင်းဝယ်ရမှာ မဟုတ်ဘူးတဲ့။ တစ်ပါတည်း ဒါန သီလ ပါသွားအောင် ရောင်းရ၀ယ်ရမှာတဲ့။
ရုံးအလုပ်လုပ်တော့လည်း အချိန်ကုန်ရုံလေး ၊ လခရရုံလေး မလုပ်ရဘူးတဲ့။ သီလ သမာဓိ ၀ိပဿနာ တစ်ပါတည်းရအောင် အောင်မြင်သူတစ်ယောက်ပုံစံနဲ့ နေ့ တိုင်းရုံးသွားရင်း “အရ” စာရင်းပြ လုပ်ရမှာတဲ့။
နေမကောင်းတဲ့အခါလည်း ဒီအတိုင်းကြီး ရှုံ့ မဲ့ပြီး မနေရ မနာရဘူးတဲ့။ သတိဥာဏ်လေးနဲ့ တရားစွမ်းအားလေးယူလို့ ခန္ဓာရဲ့ အနိစ္စ ဒုက္ခ အနတ္တသဘောလေး ဥာဏ်နဲ့ ကြည့်ရှုသုံးသပ်ပြီး အောင်မြင်သူ တစ်ယောက်ပုံစံနဲ့ နာရမှာတဲ့။
သိနာနဲ့ မသိနာ နှစ်မျိုးမှာ မသိနာပုံစံနဲ့ မရှုံးစေရဘူးတဲ့။ သိနာပုံစံနဲ့ မြတ်အောင် ၊ အောင်မြင်အောင် အဲသလို နာရမှာတဲ့။ ကိုတိုးက နာနည်း သင်တန်းတွေပါ သွားတက်နေတာ။
ကိုတိုးက သေနည်းသင်တန်းပါ သွားတက်နေတာ။ ဘ၀တစ်ခုလုံးမှာ

ဘယ်လိုစာမေးပွဲမေးခွန်းတွေပဲလာလာ ၊ အကုန်လုံးအောင်မြင်အောင် ဖြေဆိုနည်းတွေရအောင်လို့ ဘ၀နည်းပြသင်တန်းသွားတက်နေတာ။”
ဟုတ်တယ်ဗျာ။ တရားနာကြတာဟာ ဘ၀နည်းပြသင်တန်းတက်ကြတာ ၊ တက်ကြရမှာပဲ။
မတက်လို့ ကို မဖြစ်ဘူး။ မသိသေးတာ သိအောင် ၊ သိပြီးသားတွေကိုလည်း သတိပေါ်လာအောင် ၊ အသိတွေ နောက်မကျသွားရအောင်ပေ
ကျေးဇူးပြု၍ ဒီနေရာလေးကိုနှိပ်ပြီးLike လုပ်ပေးပါအုံးနော်

*ဥတ္တံတားသားအောင်နေလင်း(နည်းပညာ)*မှကြိုဆိုပါ၏
    

No comments:

Post a Comment

http://i1323.photobucket.com/albums/u591/aungaung13/cooltext666275999_zpsbe12bc0c.gif