(နည်းပညာ)ပြန်လည်မျှဝေပေးခြင်း

မင်္ဂလာပါခင်ဗျာ ... ကျွန်တော်တင်သမျှ Post လေးများသည် ကျွန်တော်လေ့လာဖူးသမျှကို ပြန်လည်မျှဝေပေးခြင်းဖြစ်ပါတယ်။ သူငယ်ချင်းအားလုံးလည်း ကျွန်တော့် site မှကြိုက်နှစ်သက်တဲ့ မည့်သည့် Post ကိုမဆို မြန်မာ IT နည်းပညာဖွံ့ဖြိုးတိုးတက်ရေးအတွက် ပြန်လည်မျှဝေပေးစေလိုပါတယ်ဗျာ။ ...

19 April 2014

“ဝိပဿနာကုသိုလ်”


••••••••••••••••••••••
(ဝိပဿနာဉာဏ်) ဆိုတာလည်း
♦“ဒါနကုသိုလ်”တို့လို ပစ္စည်းဝတ္တုတွေလည်း
စိုက်ထုတ် ကုန်ကျစရာမလိုပါဘူး။
♦“ဝေယျာဝစ္စကုသိုလ်”တို့လို ခွန်အားတွေ အထူး
စိုက်ထုတ်စရာလည်း မလိုပါဘူး။
♦“သမထကုသိုလ်”တို့လို သစ်တစ်ပင်ရင်း၊
ဝါးတစ်ပင်ရင်း စသည်တို့မှာ အချိန်သီးသန့်ယူပြီး
အချိန်ကုန်စရာလည်း မလိုဘူး။
♦မိမိရဲ့ ကိုယ်၊ နှုတ်၊ စိတ်လှုပ်ရှား လုပ်ကိုင်မှုတိုင်းမှာ
သတိလေးကပ်ပြီး ခန္ဓာကိုယ်ကပြတာကို
အလိုက်သင့်သိပေးနေရတာ ပါပဲ။
ကိုယ်က “အစား” ကို ရှာနေစဉ်မှာပဲ
သတိရှိတဲ့စိတ်နဲ့ “တရား” ရှာလို့ ရပါတယ်။

ဒီနေရာမှာ ဗုဒ္ဓဘာသာကို လေ့လာသူတို့
အထင်မှားပြီး အကြောက်ကြီးတတ်ကြတဲ့
အချက်ကတော့ “ဝိပဿနာကုသိုလ်” ဆိုတာ
အလုပ်ပျက်ခံပြီး အချိန်တွေသီးသန့်
ပေးနိုင်မှ ရမယ်လို့ ထင်မှားကြောက်ရွံ့တတ်ကြတဲ့အချက်ပါ။
“မဟာသတိပဋ္ဌာနသုတ်၊ သတိသမ္ပဇညခန်း” မှာ
ဘုရားရှင်က ဘယ်လောက်ထိ
ဟောထားသလဲဆိုရင်
အဝတ်ဝတ်တာ၊အစားအစာရှာဖွေတာ၊
စားတာသောက်တာ၊ အညစ်အကြေး စွန့်လွှတ်တာကစလို့
နောက်ဆုံး . . . စကားစမြည်ပြောတာ၊
အိပ်ရာဝင်တာအထိ “သတိ”ကပ်ပေးနေရင်
သတိနောက်မှာ “အသိ” ပါပြီး၊
“ဝိပဿနာ ကုသိုလ်”ရနိုင်ကြောင်း
ဟောတော်မူခဲ့တာပါ။
ဝိပဿနာကုသိုလ် ဆိုတာ တရားအတွက်
အလုပ်သီးခြားမလိုဘဲ ၊ နေ့စဉ်အလုပ်ထဲမှာ
ရှာလို့ရတဲ့ တရားများဖြစ်ပါတယ်။
- 【ဓမ္မဘေရီ အရှင်ဝီရိယ (တောင်စွန်း)】
Dhamma Dãna Source ► ကိုလှိုင်တိုး &
Like · ·

No comments:

Post a Comment

http://i1323.photobucket.com/albums/u591/aungaung13/cooltext666275999_zpsbe12bc0c.gif