(နည်းပညာ)ပြန်လည်မျှဝေပေးခြင်း

မင်္ဂလာပါခင်ဗျာ ... ကျွန်တော်တင်သမျှ Post လေးများသည် ကျွန်တော်လေ့လာဖူးသမျှကို ပြန်လည်မျှဝေပေးခြင်းဖြစ်ပါတယ်။ သူငယ်ချင်းအားလုံးလည်း ကျွန်တော့် site မှကြိုက်နှစ်သက်တဲ့ မည့်သည့် Post ကိုမဆို မြန်မာ IT နည်းပညာဖွံ့ဖြိုးတိုးတက်ရေးအတွက် ပြန်လည်မျှဝေပေးစေလိုပါတယ်ဗျာ။ ...

19 April 2014

**Tချယ်ပေးတဲ့ နှစ်သစ်ကူးလက်ဆောင်ကလေး**


Htar Htar Saw Lwin
သင်္ကြန်နှစ်သစ်ကူးလက်ဆောင်အဖြစ် APK တစ်ခုရေးပေးလိုက်ပါတယ်…
မိမိဆီဖုန်းလာတဲ့အခါ စက္ကန့် ၃၀ ကြာသည်ထိ မကိုင်ပါက အလိုလို answer လုပ်ပေးပြီး တစ်ဘက်မှပြောစကားများကို recording လုပ်ပေးထားပါလိမ့်မယ်…
Notication bar မှာလည်း ဘယ်ဖုန်းနံပါတ်က လာတယ်၊ ဘယ်ဖိုင်မှာသိမ်းထားတယ်ဆိုတာတွေ့ရပါမယ်…
အဲဒီဖိုင်ကိုဖွင့်ပြီး တစ်ဘက်ကမှာထားသမျှပြန်ဖွင့်ပြီး နားထောင်နိုင်ပါတယ်…
APK ၂ခု install လုပ်ရပါမယ်။ CallRecorder.apk နဲ့ AnswerCall.apk ဖြစ်ပါတယ်…
CallRecorder.apk က အခြားသူရေးထားတဲ့ APK ဖြစ်ပါတယ်…
AnswerCall.apk နဲ့တွဲသုံးရမှာဖြစ်ပါတယ်…
အားသားချက်ကတော့ MPT ကို Voice mail အသုံးပြုခလစဉ်ကြေးပေးစရာမလိုပါ…
အားနည်းချက်ကတော့ ဖုန်းလာတာကိုမသိလိုက်ဘဲ စက္ကန့် ၃၀ ကြာတဲ့အခါ အလိုလိုဖြေကြားပေးမှာဖြစ်တဲ့အတွက် မိမိဒီဘက်မှာ (မသိဘဲအမှုမဲ့အမှတ်မဲ့) ပြောဆိုနေမိသမျှ တစ်ဘက်ဖုန်းခေါ်သူကကြားသွားမှာဖြစ်ပါတယ်…
ချင့်ချိန်ပြီးသုံးကြပါ…
APK များရယူရန်
AnswerCall**download**

No comments:

Post a Comment

http://i1323.photobucket.com/albums/u591/aungaung13/cooltext666275999_zpsbe12bc0c.gif