(နည်းပညာ)ပြန်လည်မျှဝေပေးခြင်း

မင်္ဂလာပါခင်ဗျာ ... ကျွန်တော်တင်သမျှ Post လေးများသည် ကျွန်တော်လေ့လာဖူးသမျှကို ပြန်လည်မျှဝေပေးခြင်းဖြစ်ပါတယ်။ သူငယ်ချင်းအားလုံးလည်း ကျွန်တော့် site မှကြိုက်နှစ်သက်တဲ့ မည့်သည့် Post ကိုမဆို မြန်မာ IT နည်းပညာဖွံ့ဖြိုးတိုးတက်ရေးအတွက် ပြန်လည်မျှဝေပေးစေလိုပါတယ်ဗျာ။ ...

20 June 2014

ချစ်သူနှစ်ဦးရဲ့ ချစ်သက်တမ်းကိုမှတ်သားပေးနိုင်တဲ့ - Been Together (Anniversary) v1.442 6/21/2014




                                                                                                 
Android Phone + Tablet တွေအတွက် မိမိနဲ့ မိမိချစ်သူရဲ့ ချစ်သူသက်တမ်းလေးကို ဒီ APKလေးက တစ်ရက် ချင်း ရေတွက်ပြသသွားမဲ့Software လေး ဖြစ်ပါတယ်။ အရင်ဦးဆုံး ဒီ APKလေးကို အရင်ဒေါင်းလိုက် ပါ။ဒေါင်းပြီးပြီဆိုရင်အဲ APK လေးကို ဖွင့်လိုက်ပါ။ Person 1 မှာမိမိနာမည်နဲ့ မိမိရဲ့ဓါတ်ပုံထည့် ပြီးရင် Person 2 မှာ မိမိချစ်သူရဲ့နာမည်နဲ့ ချစ်သူရဲ့ဓါတ်ပုံလေးကိုထည့်ပေးပါ။ Date is not defined နေရမှာတော့ မိမိချစ်သူနဲ့ မိမိနဲ့ ချစ်ကြိုက်တဲ့နေ့ကိုထည့်ပေးရမှာဖြစ်ပါတယ်။ပြောရမယ်ဆိုရင်တော့ မိမိချစ်သူက မိမိကို အဖြေပေးတဲ့နေ့ပေါ့။အဲဒါလေးကို နှိပ်လိုက်တာနဲ့ Settings ထဲကို ရောက်သွားပါလိမ့်မည်။ Person 1,Person 2
မှာက အပေါ်က ပြောတဲ့အတိုင်းလုပ်လိုက်ပါ။ Change Title မှာကတော့ ခေါင်းစဉ်လေးတပ်ပေးပေါ့။ ကျွန်တော်ကတော့ Anniversary လို့ တက်လိုက်ပါတယ်။ Change Bottom text မှာကျတော့ အဆင်ပြေတာ ထည့်ပေးရင် ရပါတယ်။ ကျွန်တော်ကတော့ ချစ်သူသက်တမ်းနေ့ရက်များလို့ ထည့်ပေးလိုက်ပါတယ်။Start Date မှာကျတော့ မိမိချစ်သူက မိမိကို အဖြေပေးတဲ့နေ့လေး ထည့်ပေးရပါမည်။ Name text colour,Content text colour ကတော့ မိမိရေးလိုက်တဲ့ စာလုံးတွေကို အရောင်ပြောင်းပေးမှာဖြစ်ပါတယ်။ မပြောင်းလဲရပါတယ်။ Use System Font ဆိုတာကတော့ စာလုံးလေးတွေကို ဖောင့်အလန်းလေးတွေနဲ့ ထည့် မလားလို့ မေးတာပါ။Show Year,Month,Days တို့ကို အမှန်ခြစ်လေးထည့်လိုက်ရင်တော့ ခုနှစ်တွေလတွေ နဲ့ဖော်ပြမှာ ဖြစ်ပါတယ်။အသုံးလိုရင်တော့ထည့်ပါ။ အသုံးမလိုရင်တော့ မထည့်ပါနဲ့။ Use as Lock Screen ကို အမှန်ခြစ်လေး ထည့်ထားလိုက်ရင် မိမိရဲ့ Lock Screen မှာ သွားပေါ်မှာ ဖြစ်ပါတယ်။ အမှန်ခြစ်လေးထည့် လိုက်ပါ။ မိမိရဲ့ Home Screen မှာလည်း widget တစ်ခုအနေနဲ့ တင်ထားလို့ ရပါသေးတယ်။

DOWNLOAD ယူရန်
ကျေးဇူးပြု၍ ဒီနေရာလေးကိုနှိပ်ပြီးLike လုပ်ပေးပါအုံးနော်

*ဥတ္တံတားသားအောင်နေလင်း(နည်းပညာ)*မှကြိုဆိုပါ၏

No comments:

Post a Comment

http://i1323.photobucket.com/albums/u591/aungaung13/cooltext666275999_zpsbe12bc0c.gif