30/9/2014
" မေနှင်း "
" ပြောလေ "
" သန်ဘက်ခါ ဟိန်းခန့် မင်္ဂလာပွဲ မဟုတ်ဘူးလား "
" ဟုတ်တယ်လေ "
" နင် ဘယ်လိုမှ မခံစားရဘူးလား "
" မေနှင်းက ဘာခံစားရမှာလဲ "
" ဟိန်းခန့်က မေနှင်းချစ်သူလေ "
"ဒါကို မငြင်းပါဘူး "
" ဒါဆို ဘာလို့ ဘာခံစားချက်မှ မရှိသလိုနေရတာလဲ"
"မေနှင်း ငိုနေလို့ရော အရာရာက အဆင်ပြေလာမှ မဟုတ်ပဲ"
" ဒါတော့ ဒါပေါ့ မေနှင်းရယ် "
နွမ်းလျနေသော မေနှင်းမျက်နှာလေးကို ကြည့်ကာ နွယ်နီ သက်မမောလေး ချမိသည်။ ဖြူနုသော မေနှင်းမျက်နှာလေးကို ငေးကာ ဘယ်လိုနှစ်သိမ့်ပေးရမှန်းမသိ။ ရက်စက်လွန်းသော ကံကြမ္မာကို အပြစ်ပုံရအောင်လဲ မဟုတ်လေတော့ နွယ်နီ စိတ်ထဲဝယ် ကံတရားတိုင်းပဲ ဟုသာ ဖြေလိုက်မိ
ပါတော့သည်။
" မေနှင်း ငါ ပြန်တော့မယ်"
" အင်း .. ပြန်လေ"
" အားမငယ်နဲ့နော်.. နွယ်နီတို့ ရှိပါသေးတယ်"
" မေနှင်းရုပ်က အဲလို အားငယ်တဲ့ပုံ ပေါက်နေလို့လား ဟင် "
" မပေါက်ပါဘူး .. ဒါပေမယ့် အေးစက်လွန်းလို့ပါ "
" အော် ... "
"ကဲ သွားပြီနော် မေနှင်း"
"အင်း "
နှုတ်ဆက်ကာ ထွက်ခွာသွားသော နွယ်နီ့ ကျောပြင်ကို ငေးကြည့်ကာ မေနှင်း သက်ပြင်းတစ်ခု ချလိုက်မိသည်။ မေနှင်းဆိုသော မေနှင်းကဗျာ ဟာ ကျောင်းမှာ Queen မို့ ချစ်ခွင့်ပန်သူ ၀ိုင်းဝိုင်း လည်နေသည့်ကြားမှ ဟိန်းခန့်သူ ဆိုသော သူ့ကို ရွေးချယ်ခဲ့မိသည်။ ထိုသို့ ရွေးချယ် လိုက်ခြင်းက မေနှင်းကဗျာအတွက် အမှားတစ်ခုဆိုတာ ကြိုတင်သိခဲ့ရင် မေနှင်း ရွေးခဲ့မှာ မဟုတ်။ ခုတော့ အတိတ်ရဲ့ ပုံရိပ်များကို တစ်ချိန်က စကားအသုံးနှုန်းများနဲ့ မေနှင်း လွမ်းတေးတွေ သီရတော့မယ်။ မေနှင်းတစ်ယောက် ခုဆို အိမ်ထဲက အိမ်ပြင်မထွက်တော့။ ခြံထဲမှာပဲ နေကာ တစ်ယောက်ထဲ ငေးနေတတ်သည်။ ခုလဲ ခြံထဲက ပန်းခုံတွေနားထိုင်ကာ အတိတ်က အကြောင်းများ တွေးနေစဉ်
" မေနှင်း "
" ဟင် ... "
" မေနှင်း .. ကိုကိုပါ.. မေနှင်းကို လာတွေ့တာပါ "
" ဘာလုပ်မလို့လဲ "
" မေနှင်းကို လွမ်းလို့ပေါ့ "
" ရှင် မလာသင်တော့ဘူး ကိုဟိန်းခန့်သူ "
" ဟုတ်ပါတယ်... ဒါပေမယ့် ကိုကို့နှလုံးသားက မေနှင်းဆီပဲ လမ်းပြနေတာလေ"
" တော်ပါတော့ ကိုဟိန်းခန့်သူ .. မေနှင်းရှေ့ကနေ ထွက်သွားပါတော့ "
" မေနှင်းကို ချစ်တယ်"
" မပြောပါနဲ့တော့ .. ရှင်ပြန်ပါတော့ "
" မေနှင်းရယ် .. ကိုကို တောင်းပန်ပါတယ်ကွာ .. ကိုကို ခုလို မလုပ်သင့်ခဲ့ဘူး"
" ရှင် ပြောမှာက ဒါ အကုန်ပဲ မဟုတ်လား .. ပြီးရင် ပြန်တော့ "
" မေနှင်းရယ် .... "
" ........... "
" ကိုကို တကယ်ကို တောင်းပန်ပါတယ်ကွာ "
"ရှင် ပြောစရာကုန်ရင် ပြန်ပါတော့ "
"မေနှင်းလေးရယ် "
စိတ်မကောင်းခြင်းများစွာနဲ့ ဟိန်းခန့် ပြန်လာခဲ့သည်။ အိမ်က မေမေသဘောတူထားသော ခိုင်ဇင် နှင့် လက်ထပ်ရန် ကတိပေးထားပြီးမှ မေနှင်းနဲ့ ဆုံခဲ့တာပါ။ မေနှင်းကို နှလုံးသားနဲ့ နင့်နေအောင် ချစ်ပေမယ့် ကတိပေးထားပြီးသားဖြစ်တဲ့ ခိုင်ဇင်ကိုလဲ သူ မငြင်းနိုင်ခဲ့တာကြောင့် ချစ်သူနဲ့ လက်ထပ်မယ့် သူအကြား ရူးသွပ်ချင်သည်။ ခိုင်ဇင်က မျက်ရည်နှင့် စကားပြောပေမယ့် မေနှင်းက တော့ ဘာခံစားချက်မှ မရှိသလိုပြောသည်။ မေနှင်း ဘယ်လောက် နာကျင်နေမည် ဆိုတာ ဟိန်းခန့် နားလည်ပါသည်။
" ခွင့်လွှတ်ပါ မေနှင်းရယ် "
----------------------------------------------------------------------------------
" မေနှင်း ရေ"
" လာခဲ့ ရှိတယ် "
" အေး နင် မင်္ဂလာဆောင်သွားမှာလား "
" သွားရမှာပေါ့ဟ "
" နင်တကယ်ဖြစ်ပါတယ်နော် "
" ဘာလို့မဖြစ်ရမှာလဲ"
"သူက နင့်ချစ်သူ "
"ဒါပေမယ့် မေနှင်း ပိုင်ဆိုင်သူ မဟုတ်ဘူး"
" နင်ခံစားနိုင်လို့လား"
" ဘာမှကို မဖြစ်တာ "
" မေနှင်းရယ် "
နွယ်နီ နှင့် သူငယ်ချင်းတစ်စု မေနှင်းလုပ်သမျှ ငြိမ်သက်စွာ ကြည့်နေမိသည်။ မေနှင်းရင်ထဲမှာ ဘယ်လောက်ထိ ကြေကွဲဆို့နင့်နေမယ်ဆိုတာ မပြောပဲ သိနိုင်သည်လေ။ မေနှင်း ဟိန်းခန့်ကို အသက်တမျှ ချစ်တာလဲ သူတို့အားလုံး သိကြသည်။ ခု ဟိန်းခန့်ထားခဲ့တော့ မေနှင်း ဘာမှ မခံစားရဘူးဆိုတာ ဖြစ်မှ မဖြစ်နိုင်တာလေ။
" သွားကြမယ် "
" အင်း "
စကားသံဆုံးသည်နှင့် ဗြူတီဆလွန်းကားအဖြူလေးပေါ်တက်ကာ မင်္ဂလာခန်းမဆီသို့ မေနှင်းကိုယ်တိုင် မောင်းလာခဲ့သည်။ ဂုဏ်ရှိသူများရဲ့လက်ထပ်ပွဲမို့ လာရောက်ကြသော ဧည့်ပရိတ်သတ်များကလဲ စည်ကားလှသည်။ မေနှင်းတို့ သူငယ်ချင်းတစ်စု ကားပေါ်မှ ဆင်းကာ မဏ္ဍပ်ထဲသို့ ၀င်ခဲ့ကြသည်။ အားလုံးသော ပရိတ်သတ်မျက်ဝန်းမျာက မေနှင်း ဆီသို့ ။
ကြည့်လောက်ပါသည်လေ။ မေနှင်း ၀တ်ထားတာက ပန်းရောင်ဝမ်းဆက်ကိုး။ ပန်းရောင် မင်းသမီးရဲ့ အသဲကွဲနိဂုံးမှာ အလှဆုံးအဖြစ် ပြင်ခဲ့တာကိုး။ ကိုယ့်ဆီကနေ တစ်ခြားသူရင်ခွင်ကို လွယ်လွယ်နဲ့ ကူးပြောင်းနိုင်သူရဲ့ ဘ၀မှာ အမှတ်ရစရာအဖြစ် ကျန်ရစ်အောင် မေနှင်း ခုလို ၀တ်လာတာ။
" မေနှင်း .. ကိုယ့်မင်္ဂလာပွဲကို လာတယ်"
" အင်း "
" မေနှင်း ..... "
" ဒါက မေနှင်းရဲ့ လက်ဖွဲ့လက်ဆောင်ပါ.. ဘ၀သစ်မှာ ပျော်ရွှင်မှု အသစ်နဲ့ ပျော်နိုင်ပါစေ "
" မေနှင်း "
" သြော် ... သူငယ်ချင်းတွေလဲ လာကြတယ်၊ နွယ်နီရေ.. နင်တို့လက်ဖွဲ့တွေ ပေးလိုက်လေ "
" အင်း "
" ဟိန်းခန့် .. နင်ဘ၀မှာ အရာရာတိုင်းချမ်းမြေ့ပါစေဟာ "
"နွယ်နီ .... ငါ .. "
" မေနှင်း တို့ကို ထိုင်ဖို့ နေရာမပေးတော့ဘူးလား "
" ထိုင်ပါ မေနှင်း ... နွယ်နီရော ... ဖြူပြာတို့ရော အားလုံး လာထိုင်ကြလေ "
" ဟိန်းထက် မေနှင်း အ၀စားမှာနော် "
ဟိန်းထက် မေနှင်းတို့နှင့် စကားပြောနေစဉ် ခိုင်ဇင် ရောက်လာသည်။
" ကို "
" သြော် .. ခိုင်ဇင် "
" သူတို့နဲ့ စကားပြောနေတာလား "
" အင်း မိတ်ဆက်ပေးရအုံးမယ်.. ဒီဘက်က အဖြူရောင်နဲ့က ဖြူပြာ၊ အ၀ါရောင်က ညိုစိမ့်၊ အနီရောင် က နွယ်နီ၊ အနက်ရောင်က ၀င်းလဲ့၊ ဟိုယောက်ျားလေးက ချစ်ကို၊ သူ့ဘေးက ထွန်းသန့်၊ မျိုးမြင့်နဲ့ ဟိုက ပန်းရောင်က မေနှင်းကဗျာ တဲ့၊ ကျောင်းတုန်းက မိတ်ဆွေတွေပါ "
"သြော်.. သူက မေနှင်းကဗျာ... ကို ပြောတဲ့ မေနှင်းကဗျာ လား"
" အင်း... ဟုတ်တယ် သူပဲ "
" အရမ်းချောတယ်နော် "
" အင်း "
ထိုစကားကြောင့် မေနှင်း နှုတ်ခမ်းလေးများ ပြုံးသွားသည်။ ဆို့နင့်နေသော အပြုံးများ။ နာရီဝက်လောက် ကြာသောအခါတွင်တော့
" နွယ်နီ ပြန်ကြစို့ "
" အေး ပြန်ကြရအောင် "
"ဟိန်းခန့်ရေ.. ငါတို့ပြန်ပြီကွ "
"ခဏ ... မေနှင်း... မေနှင်းနဲ့ စကားပြောခွင့်ပြုပါ "
ပြောပြောဆိုဆို မေနှင်းကိုဆွဲခေါ်သွားတာမို့ အားလုံးဝိုင်းကြည့်ကြသည်။ ဟိန်းခန့်ကတော့ ဘယ်သူ့ မှ ဂရုမစိုက်၊ မေနှင်းကိုဆွဲလှည့်ကာ စကားပြောရန် ပြင်လိုက်သည်နှင့်
" ဖြန်းးးးးးးးးးးး ဖြန်းးးးးးးးးးးး "
" မေနှင်း ဘာလို့ ကိုကို့ကို ရိုက်တာလဲ "
"ရှင့်ပါးစပ်ကနေ မေနှင်းနာမည် မထွက်ခဲ့နဲ့ ၊ ဒါ မင်္ဂလာပွဲ .. ကစားနေတာ မဟုတ်ဘူး .. ရှင် ပိုင်ဆိုင်ရမယ့် မိန်းမတစ်ယောက်ရှိနေပြီ၊ ကျွန်မက ဘာလုပ်ပေးရအုံးမှာလဲ "
" ကိုယ်ချစ်တာ မေနှင်းလို့ ပြောပြီးပြီပဲ "
"ရှင်ဒီစကားကို အရင်က ပြောခဲ့သင့်တယ်၊ ခုချိန်မှာ အရာရာက ပြင်လို့မရတော့ဘူး"
" ကိုယ် ဂရုမစိုက်ဘူး "
" ကျွန်မ ဂရုစိုက်တယ် "
" မေနှင်း ကိုယ့်ကို မချစ်ဘူးလား "
" ဒီအဖြေကို ကြားချင်တာလား .. "
" မေနှင်း "
" ကျွန်မ ရှင့်ကိုချစ်တယ်၊ ဟိုအရင်ကလဲ ချစ်တယ် ၊ အခုလဲ ချစ်တယ်၊ မနက်ဖြန်လဲ ချစ်နေအုံးမှာပဲ၊ ဒါပေမယ့် ကျွန်မပိုင်တဲ့ နှလုံးသားတစ်ခြမ်းနဲ့ ချစ်တာ၊ ရှင့်ဆီက ဘာမှ မလိုအပ်ဘူး "
" မေနှင်း.. ဘယ်လိုပြောလိုက်တာလဲ "
" ကျွန်မ အချစ်တစ်ခုကိုပဲ ချစ်ခဲ့တာ... ရှင့်ရဲ့ ဂုဏ်ပကာသနကို ချစ်ခဲ့တာ မဟုတ်ဘူး.. ရှင်ထားခဲ့တာကို ကြောက်နေခဲ့တာ မဟုတ်ဘူး.. ရှင့်ကို ရိုးရိုးလေးနဲ့ ဒီတိုင်းပဲ ချစ်ခဲ့တာ .. ရှင့်ဘက်က ဘယ်လိုပြောင်းလဲသွားပါစေ ကျွန်မ ငိုနေမှာ မဟုတ်ဘူး.. ဘာလို့လဲ သိလား.. ကျွန်မ နှလုံးသားက သေသွားခဲ့လို့ပဲ ... ရှင်သတ်လို့ သေသွားခဲ့လို့ပဲ .. ရှင်နားလည်လား.. ရှင်လုပ်ချင်တာလုပ်.. ကျွန်မဘာမှ ခံစားရမှာမဟုတ်ဘူး .. ကျွန်မကို ခွင့်ပြုပါအုံး "
စကားဆုံးသည်နှင့် ဟိန်းခန့်အဖြေကိုပင်မစောင့်တော့ပဲ ကားဆီရှာသို့ ချာခနဲလှည့်ကာ တစ်လှမ်းချင်း လှမ်းလာသော မေနှင်းကိုကြည့်ကာ ခိုင်ဇင် ရင်ထဲတွင် ဆို့နင့်လာမိသည်။ တစ်ဖက်မှ ဟိန်းခန့်မှာလဲ နေရာတွင်ထိုင်ကာ မလှုပ်မယှက်ငြိမ်သက်နေသလို ကားဆီသို့ သွားနေသော မေနှင်းမှာလဲ နာကျင်မှု ကို ဘယ်လောက်ထိ မျိုသိပ်ထားတယ်ဆိုတာ မြင်တာနဲ့ပင် သိနိုင်ပါသည်။ ခိုင်ဇင်နားလည်လိုက်ပါပြီ.. အချစ်ဆိုတာ လုပ်ယူလို့မရသလို ချစ်အောင်လဲ ဖန်တီးလို့မရဘူး ဆိုတာပေါ့။ ခိုင်ဇင် ဆုံးဖြတ်ချက်တစ်ခု ချကာ ကားရှိရာသို့ လှမ်းကြည့်ကာ ပြေးသွားလိုက်သည်။ ကားက ၀ူးခနဲ ထွက်သွားလေပြီ။ ကားရပ်ရာ နေရာတွင် စာရွက်ခေါက်တစ်ခု ...
** အချစ်ဆိုတာနဲ့ ချစ်လိုက်ရပြီးရောဆိုပြီး ချစ်ခဲ့တာမဟုတ်ဘူး ကိုကို... ဘ၀တစ်ခုလုံးအတွက်ချစ်ခဲ့တာ... အသက်တမျှချစ်ခဲ့တာ... ဒါပေမယ့် ကံစေရာအတိုင်း နားလည်ပေးလိုက်ပါတယ်။ မေနှင်းဘ၀မှာ နေရတာထက် ပိုပြီး ပျော်အောင်နေပါ။ ခိုင်ဇင်က ကိုကို့ကို ချစ်ပါတယ်။ မေနှင်းကို မေ့ထားလိုက်ပါ။ ကိုကို မမေ့နိုင်ခဲ့သေးရင်တောင် နှလုံးသားတစ်ခြမ်းမှာ မေနှင်းကို ထား ပြိး တစ်ခြမ်းမှာ ခိုင်ဇင်ကို ထားပါ။ နောက်ကြရင် မေနှင်းကို မေ့သွားမှာပါ။ အချစ်ဆိုတာ ရယူပိုင်ဆိုင်လိုက်မှ အချစ်လို့ ခေါ်တာမှ မဟုတ်တာ ကိုကိုရယ်... အချစ်ဆိုတာ သီးခြားကမ္ဘာငယ်လေးတစ်ခုထဲမှာ ထာဝရ ရှင်သန်နေမှာပဲလေ... ကိုကို မေနှင်း နားမှာ မနေပေးနိုင် ပေမယ့် မေနှင်းရဲ့ ကမ္ဘာမှာတော့ ကိုကိုက အနားမှာ အမြဲရှိနေမှာပါ။
မေနှင်း ကိုကို့ကို ချစ်လွန်းလို့ စွန့်လွှတ်လိုက်တာပါ။ **
ဘယ်လိုက ဘယ်လိုကျကျန်ခဲ့မှန်းမသိသော စာရွက်လေးက စာကိုဖတ်ရင်း ခိုင်ဇင် ငိုင်နေမိသည်။ မေနှင်းက ချစ်လွန်းလို့ စွန့်လွှတ်တာ ဆိုသော စကားလုံးက ခိုင်ဇင် နှလုံးသားကို ရိုက်ချိုးလိုက်လေသည်။ ခိုင်ဇင် တစ်ယောက်ပျော်ဖို့ ကို့ကို ရအောင်ယူခဲ့ပေမယ့် နှစ်ယောက်လုံး အသဲနင့်အောင်ချစ်တဲ့ သူတွေကြတော့ တစ်ယောက်ပျော်ဖို့ တစ်ယောက်က စွန့်လွှတ်တာတဲ့။ ခိုင်ဇင်တစ်ယောက်ထဲ ပျော်ပြီး လူနှစ်ယောက် ရင်ကွဲနေရတဲ့အဖြစ်တွေပါလား ... ။
" ကို "
" အင်း "
" မေနှင်းဆီ သွားလိုက်ပါ "
" ဘာဖြစ်လို့လဲ "
" ခိုင်ဇင် နားလည်ပါတယ်ကို... မေနှင်းဆီသာ သွားလိုက်ပါ "
" ခိုင်ဇင် .. ဒါ ကစားစရာမဟုတ်ဘူးနော် "
" ဟုတ်ပါတယ်.. ဒါပေမယ့် လူနှစ်ယောက် ရင်ကွဲရမယ့်ဇာတ်လမ်းကိုတော့ ခိုင်ဇင် မကြည့်ရက်ဘူး "
" ကျေးဇူးတင်ပါတယ်ခိုင်ဇင် "
" သွားလိုက်ပါ.. ဒီမှာ ခိုင်ဇင် ရှင်းပြလိုက်မယ် "
ခိုင်ဇင့်ဆီမှ ခွင့်ပြုချက်ရသည်နှင့် အနက်ရောင် လင့်ခရုဆာ ကားကို မောင်းကာ ထွက်သွားသော ဟိန်းခန့်ကို ကြည့်ကာ ခိုင်ဇင့်ပါးထက်သို့ မျက်ရည်တစ်စက်ကြွေကျလာသည်။ ၀မ်းသာသည့် မျက်ရည်စက်များပါ။ ခိုင်ဇင်တစ်ယောက် နာကျင်နေရပေမယ့် လူနှစ်ယောက်ပျော်နေတာကို တွေးမိရင်း ဖြေသိမ့်မိပါသည်။ တဖြည်းဖြည်းပျောက်ကွယ်သွားသော ကားလေးကိုကြည့်ရင်း ခိုင်ဇင် ရင်ထဲမှလဲ
" အချစ်ဆိုတာရယူလိုက်မှ မဟုတ်ဘူး ... ပေးဆပ်တာ၊ စွန့်လွှတ်တာလဲ အချစ်တစ်ခုဆိုတာ ခိုင်ဇင်နားလည်သွားပါပြီ ကို .... ကို့ကို ချစ်ပေမယ့် ခိုင်ဇင့်ထက်ချစ်တဲ့ မေနှင်းရင်ခွင်မှာ ပိုပြီး ပျော်မှာပါ ကိုရယ်... "
လွမ်းဆုလေး
ကြိုးစားပါအုံးမည်။
No comments:
Post a Comment
http://i1323.photobucket.com/albums/u591/aungaung13/cooltext666275999_zpsbe12bc0c.gif