မိုးကျ ၍ ထိုးဆွကုန်လော့။
မျိုးချ ၍ ပျိုးစကုန်လော့။
မြေဆီ မြေကွက်၊ သင်ဖွားဘက်တည့်။
မိုးရေမိုးစက်၊ ကစားဘက်တည့်။
နွားညို နွားနက်၊ သင့်ရဲဘက်တည့်။
သင့်လက်နက်ပြင်၊ ဆွဲကိုင်ငင်၍
လုပ်ခွင်ဆင်းကြ၊ ထွန်ယက်ကြလော့
မြေမှ ပဒေသာ သီးလိမ့်မည်။
သို့သော် သင့်ကား၊ သင့်လုပ်အား၏
တရားသဖြင့်၊ ပိုင်ဆိုင်ခွင့်ကို
အသင့်ကာကွယ်ရလိမ့်မည်။ ။
ကဗျာဆရာ-တင်မိုး-စိတ်ကြိုက်-ကဗျာများ
Posted 17 hours ago by မိုးကောင်းကင် အုန်းသာ
No comments:
Post a Comment
http://i1323.photobucket.com/albums/u591/aungaung13/cooltext666275999_zpsbe12bc0c.gif