(နည်းပညာ)ပြန်လည်မျှဝေပေးခြင်း

မင်္ဂလာပါခင်ဗျာ ... ကျွန်တော်တင်သမျှ Post လေးများသည် ကျွန်တော်လေ့လာဖူးသမျှကို ပြန်လည်မျှဝေပေးခြင်းဖြစ်ပါတယ်။ သူငယ်ချင်းအားလုံးလည်း ကျွန်တော့် site မှကြိုက်နှစ်သက်တဲ့ မည့်သည့် Post ကိုမဆို မြန်မာ IT နည်းပညာဖွံ့ဖြိုးတိုးတက်ရေးအတွက် ပြန်လည်မျှဝေပေးစေလိုပါတယ်ဗျာ။ ...

20 September 2014

တယ်လီနောမှ

  20/9/2014

ဆင်းမ်ကတ်များစတင်ရောင်းချမည့်ရက်အတိအကျပြောဆိုရန်ငြင်းဆန်ခဲ့ မကြာခင်အချိန်အတွင်းရောင်းချမည်ဟုအတည်ပြု

Photo: တယ်လီနောမှ ဆင်းမ်ကတ်များစတင်ရောင်းချမည့်ရက်အတိအကျပြောဆိုရန်ငြင်းဆန်ခဲ့
မကြာခင်အချိန်အတွင်းရောင်းချမည်ဟုအတည်ပြု
===============================================

ဆက်သွယ်ရေးလိုင်စင်ရရှိထားသည့် ပြည်ပကုမ္ပဏီတယ်လီနောမြန်မာသည် မကြာခင်အချိန်ကာလအတွင်း ၄င်းတို့၏ဆက်သွယ်ရေးဆင်းမ်ကတ်များကို ချထားပေးမည်ဖြစ်သော်လည်း ရက်အတိအကျပြောဆို၍မရသေး ကြောင်း စက်တင်ဘာ ၁၆ ရက်က နေပြည်တော်၌ပြုလုပ်သော Myanmar Connect 2014 တွင် အဆိုပါကုမ္ပ ဏီ၏ CEO ဖြစ်သူ Mr. Petter Furberg ကပြောကြားခဲ့သည်။

Mr. Petter Furberg က “ ကျွန်တော်တို့အနေနဲ့ စိန်ခေါ်မှုအကြီးကြီးတွေကိုရင်ဆိုင်နေရပါတယ်။ တယ်လီနော မြန်မာရဲ့ဆင်းမ်ကတ်တွေကို မကြာခင်အချိန်အတောအတွင်းထွက်ရှိလာတော့မယ်လို့ပြောနိုင်ပါတယ်။ ရက်အ တိအကျတော့မပြောနိုင်သေးပါဘူး” ဟုပြောသည်။
ဆက်လက်ပြီး Myanmar Connect 2014 ၏ ပထမနေ့သတင်းစာရှင်းလင်းပွဲတွင် သတင်းထောက်တစ်ဦးက တယ်လီနောမြန်မာအနေဖြင့် ဆင်းမ်ကတ်များချထားချိန်တွင် မန္တလေးမြို့၌ ပထမဆုံးချထားပေးမည်ဟု သ တင်းများထွက်ပေါ်နေမှုအပေါ် မှန်ကန်မှုရှိ/မရှိအတည်ပြုပေးရန် Mr. Petter Furberg အားမေးမြန်းခဲ့ရာ Mr.Petter က “ ကျွန်တော်တို့ အသေးစိတ်မပြောချင်ပါဘူး။ ဘယ်နေရာ၊ ဘယ်အချိန်မှာစတင်ထုတ်လုပ် ရောင်းချသွားမလဲဆိုတာမပြောနိုင်သေးပါဘူး” ဟု ပြန်လည်ဖြေကြားခဲ့သည်။

တယ်လီနောမြန်မာသည် စက်တင်ဘာ ၁၅ ရက်မှစတင်ပြီး ဆင်းမ်ကတ်များရောင်းချပေးမည်ဟုသတင်းများ ထွက်ပေါ်ခဲ့သော်လည်း စက်တင်ဘာ ၁၆ ရက်တွင် Mr. Petter Furberg က စတင်ရောင်းချမည့်ရက်ကို အတိ အကျပြောဆိုခဲ့ခြင်းမရှိဘဲ မကြာခင်အချိန်အတွင်းရောင်းချမည်ဟုသာ အတည်ပြုပြောကြားခဲ့သည်။ အခြားတစ် ဖက်တွင် တယ်လီနောမြန်မာအနေဖြင့် တာဝါတိုင်တည်ဆောက်ရေးလုပ်ငန်းများတွင် အခက်အခဲများ၊ စိန်ခေါ်မှု များနှင့် ရင်ဆိုင်နေရကြောင်း၊ ဆင်းမ်ကတ်များစတင်ရောင်းချချိန်တွင် နေပြည်တော်၊ ရန်ကုန်၊ မန္တလေးမြို့များ တွင် ရောင်းချပေးသွားမည်ဖြစ်ကြောင်း Mr.Petter Furberg က အတည်ပြုပြောကြားခဲ့သည်။

အမ်းဝေ


ဆက်သွယ်ရေးလိုင်စင်ရရှိထားသည့် ပြည်ပကုမ္ပဏီတယ်လီနောမြန်မာသည် မကြာခင်အချိန်ကာလအတွင်း ၄င်းတို့၏ဆက်သွယ်ရေးဆင်းမ်ကတ်များကို ချထားပေးမည်ဖြစ်သော်လည်း ရက်အတိအကျပြောဆို၍ မရသေး ကြောင်း စက်တင်ဘာ ၁၆ ရက်က နေပြည်တော်၌ပြုလုပ်သော Myanmar Connect 2014 တွင် အဆိုပါကုမ္ပ ဏီ၏ CEO ဖြစ်သူ Mr. Petter Furberg ကပြောကြားခဲ့သည်။

Mr. Petter Furberg က “ ကျွန်တော်တို့အနေနဲ့ စိန်ခေါ်မှုအကြီးကြီးတွေကိုရင်ဆိုင်နေရပါတယ်။ တယ်လီနော မြန်မာရဲ့ဆင်းမ်ကတ်တွေကို မကြာခင်အချိန်အတောအတွင်း ထွက်ရှိလာတော့မယ် လို့ပြောနိုင်ပါတယ်။ ရက်အ တိအကျတော့မပြောနိုင်သေးပါဘူး” ဟုပြောသည်။


ဆက်လက်ပြီး Myanmar Connect 2014 ၏ ပထမနေ့သတင်းစာရှင်းလင်းပွဲတွင် သတင်းထောက်တစ်ဦးက တယ်လီနောမြန်မာအနေဖြင့် ဆင်းမ်ကတ်များချထားချိန်တွင် မန္တလေးမြို့၌ ပထမဆုံးချထားပေးမည်ဟု သ တင်းများထွက်ပေါ်နေမှုအပေါ် မှန်ကန်မှုရှိ/မရှိအတည်ပြုပေးရန် Mr. Petter Furberg အားမေးမြန်းခဲ့ရာ Mr.Petter က “ ကျွန်တော်တို့ အသေးစိတ်မပြောချင်ပါဘူး။ ဘယ်နေရာ၊ ဘယ်အချိန်မှာစတင် ထုတ်လုပ် ရောင်းချသွားမလဲဆိုတာမပြောနိုင်သေးပါဘူး” ဟု ပြန်လည်ဖြေကြားခဲ့သည်။

တယ်လီနောမြန်မာသည် စက်တင်ဘာ ၁၅ ရက်မှစတင်ပြီး ဆင်းမ်ကတ်များရောင်းချပေးမည်ဟုသတင်းများ ထွက်ပေါ်ခဲ့သော်လည်း စက်တင်ဘာ ၁၆ ရက်တွင် Mr. Petter Furberg က စတင်ရောင်းချမည့်ရက်ကို အတိ အကျပြောဆိုခဲ့ခြင်းမရှိဘဲ မကြာခင်အချိန်အတွင်းရောင်းချမည်ဟုသာ အတည်ပြုပြောကြားခဲ့သည်။ အခြားတစ် ဖက်တွင် တယ်လီနောမြန်မာအနေဖြင့် တာဝါတိုင်တည်ဆောက်ရေးလုပ်ငန်းများတွင် အခက် အခဲများ၊ စိန်ခေါ်မှု များနှင့် ရင်ဆိုင်နေရကြောင်း၊ ဆင်းမ်ကတ်များစတင်ရောင်းချချိန်တွင် နေပြည်တော်၊ ရန်ကုန်၊ မန္တလေးမြို့များ တွင် ရောင်းချပေးသွားမည်ဖြစ်ကြောင်း Mr.Petter Furberg က အတည်ပြုပြော ကြားခဲ့သည်။

No comments:

Post a Comment

http://i1323.photobucket.com/albums/u591/aungaung13/cooltext666275999_zpsbe12bc0c.gif