မဟာဗျူဟာ (The Death of Android Open Source Project , AOSP)
“Andy အဲ့တုန်းကပြောခဲ့ဖူးတယ်ဗျ.. ကျွန်တော်တို့ Google သာဒီအတိုင်းငြိမ်နေခဲ့မယ်ဆိုရင် အနာဂတ်မှာ ကျွန်တော်တို့ လူတစ်ယောက်၊ ကုမ္ပဏီတစ်ခု၊ Deviceတစ်ခုနဲ့ Carrier တစ်ခုတို့ကလွဲရင် ဘာမှရွေးချယ်ခွင့် ရှိတော့မှာမဟုတ်ဘူး... တဲ့”
အဲ့ကထဲက Google ဟာ အနာဂတ် Search နဲ့ Ads ကဏ္ဍတွေကို ထိန်းချုပ်မှာက Mobileတွေပဲဖြစ် တယ်ဆိုတာ ရိပ်မိခဲ့တယ်။ တကယ်လို့ သူတို့သာ Apple ရဲ့ iPhoneကိုမထိန်းချုပ်နိုင်လို့ရှိရင် မပြိုင်ဆိုင်နိုင် ခဲ့လို့ရှိရင် တစ်နေ့နေ့ Apple ကGoogle ကို ပထုတ်လာခဲ့ရင် Google အတွက် Android ဟာ သူတို့ ရဲ့ Mobile Service ကိုအသုံးပြုတဲ့သူတွေကိုကောင်းကောင်းအသက်ဆက် ပေးနိုင်လိမ့်မယ် လို့ ယုံကြည်ခဲ့ပါတယ်။ ဒီလိုနဲ့ Androidဆိုတဲ့ Open Source Project အသက်ဝင်ခဲ့ရပါတယ်။
ဒါပေမယ့် ယနေ့မှာတော့အရာအားလုံးပြောင်းလဲသွားပါပြီ။ Android ဟာ 0% Market Share ကနေ 80% Market Shareအထိရောက်လာပြီး Mobile လောကကိုအုပ်စိုးလာခဲ့ပါတယ်။ ဒါပေမယ့် Android ရဲ့အောင်မြင်မှု့ဟာ Google ရဲ့အောင်မြင်မှု့မဟုတ်ပါဘူး။ ဘာလို့လဲဆိုတော့ Android ဟာOpen Source တစ်ခုဖြစ်တဲ့အတွက် Google ကအလုံးစုံပိုင်ဆိုင်တယ်လို့ ဆိုလို့မရပါဘူး။အားလုံးက အခမဲ့ Android ကိုလာယူသုံးလို့ရတယ်၊ ပြောင်းလဲလို့ရတယ်၊ ဖန်တီးလို့ရတယ်၊နောက်ဆုံး ပုံတူထုတ်လို့ရတယ်။ အခုကျွန်တော်တို့လည်းတွေ့နေရတာပဲ Windows Phoneတို့၊ Blackberry တို့ Developers တွေသူတို့ OS တွေအတွက် App တွေရေးအောင် မနည်းကြိုးစားနေရတယ်။ ဒါပေမယ့် Android ဟာ နေ့စဉ် သန်းနဲ့ချီတဲ့ Activationတွေရှိနေတော့ Developer တွေအတွက် App တွေဖန်တီးဖို့ တွန်းအားပေး ရာရောက်နေတော့တာပေါ့။ ဒါပေမယ့် တစ်ဖက်မှာလဲ Google အတွက်ခြိမ်းခြောက်မှု့တွေဖြစ်နေပြန် တယ်။ စဉ်းစားကြည့် ၊ တကယ်လို့ တစ်ယောက်ယောက်ကသာ Android ကိုအခြေခံတဲ့ OS အသစ်တစ်ခုဖန်တီးလိုက်မယ် ပြီးရင် ကိုယ်ပိုင် AppStore လေးတစ်ခု ဆောက်လိုက်နိုင်တာနဲ့နေ့ခြင်း ညခြင်း အဲ့လူက ကိုယ်ပိုင် OS လဲရှိသွားမယ် အဲ့အပြင် သန်းနဲ့ချီတဲ့Compatible App တွေလဲအလိုလိုနေရင်းရသွားမှာပေါ့။ အဲ့လိုဆို Google တော်တော်လေးအခက်တွေ့သွားမှာပါ။တကယ်ကြီးမားတဲ့ ခြိမ်းခြောက်မှု့ပါပဲ။
ဒါပေမယ့် အခု ဒါကခြိမ်းခြောက်မှု့သက်သက်ပဲမဟုတ်တော့ပါဘူး Amazon ရဲ့ Kindle OSကကောင်းကောင်းကြီး ပညာပြသွားပါတယ်။ Google ရဲ့ Add on (Gmail,Play Store, GoogleSearch, etc) တွေဘာမှမသုံးဘူး၊ သူ့ကိုယ်ပိုင် App Store , ကိုယ်ပိုင် Email ,ကိုယ်ပိုင် Cloud Storage ကို အလကားရတဲ့ Android OS ပေါ်တင်ပြီးလူလည်ကျအမြတ်ထုတ်သွားပါတယ်။ အဲ့တော့ Google အတွက်လဲအထိနာပါတယ်။ ကံကောင်းတာကဒီထိုးချက်က တစ်ကမ္ဘာလုံးအတိုင်းအတာမဟုတ်ပဲ America လောက်ပဲဖြစ်တဲ့အတွက် Googleအတွက် အထိသက်သာသွားတာပါ။ အရင်တုန်းက Market Share 0% ပဲရှိတုန်းကတော့ ဒီလိုအသုံးပြုမှု့က ပြဿနာမဟုတ်ပေမယ့် အခုတော့ Thread တစ်ခုဖြစ်လာပါပြီ။ Google အနေနဲ့နည်းလမ်းအသစ်တစ်ခုသုံးရပါတော့မယ်။ အဲ့နည်းလမ်းကလဲ အခက်ခဲဆုံးလို့ပြောလို့ရတဲ့ OpenSource ကိုထိန်းချုပ်ဖို့ပါ။
“Open Source ကို Close Source နဲ့ထိန်းချုပ်ပြီ။”
ကျွန်တော် လက်ဖက်ရည်ဆိုင်ထိုင်တဲ့ အခါ နေ့စဉ်ထုတ် သတင်းစာတစ်စောင် အလကားရပါတယ်။အဲ့သတင်းစာက ဆိုင်မှာလာရောက်စားသုံးတဲ့ သူတွေအတွက် သူတို့ရဲ့ သတင်းစာကိုအခမဲ့ဖြန့်ဝေပါတယ်။ Market Share 0% ပဲရှိတုန်းက Android ကအဲ့သတင်းစာလိုပါပဲ။အခမဲ့ပါ။ အခု Market Share 80% လောက်အထိရှိလာတဲ့အခါမှာတော့ ဘယ်အရာမှအခမဲ့ဆိုတာမရှိနိုင်တော့ပါဘူး။ Android ရရှိထားတဲ့ Market Share ဟာ ဒေါ်လာ ဘီလီယံပေါင်းများစွာတန်ကြေးရှိပါတယ်။ ဒါပေမယ့် Google က ဒီ Market Shareကိုမပိုင်ဆိုင်ပါဘူး။ ဒီ ဘီလီယံနဲ့ ချီတဲ့ အကျိုးအမြတ်တွေဟာ ကိန်းဂဏန်းတွေအနေနဲ့ပဲရှိပါသေးတယ်။ ဘာလို့လဲဆိုတော့ Android ဟာ Open Source ဖြစ်နေလို့ပါပဲ။Open Source ဆိုတာ အိမ်ရှေ့တံခါး တစ်ပေါက်မဟုတ်ပါဘူး ဖွင့်ချင်တိုင်း ဖွင့်ပိတ်ချင်တိုင်း ပိတ် လို့ရတဲ့အရာမဟုတ်တဲ့အတွက် Google အနေနဲ့နည်းလမ်းအသစ်ရှာရပါတယ်။ ကျွန်တော်တို့ Smartphone သုံးတယ် ဆိုတာ ဘာလဲ။ တကယ်တော့ကျွန်တော်တို့က Applications (Apps) တွေကိုသုံးနေတာပါ။ Gmail, Facebook , Camera ,Music , Maps , Google+ , Instagram စတာတွေအားလုံးက Apps တွေပါ။ ကျွန်တော်တို့ဘယ်တုန်းက အဲ့ဒါတွေကို လက်ဖျားနဲ့တောင် မတို့ပဲ Smartphone ကိုသုံးလို့ ရလို့လဲ။ အဲ့တော့Google ရှာဖွေတွေ့ရှိသွားတဲ့ နည်းလမ်းက OS ဟာ ဖုန်းတစ်ခုအတွက်ရှိရမယ် ဆိုပေမဲ့တကယ်တမ်း အရေးကြီးတာက Apps တွေပါ။
Android ဟာ Open Sourceဖြစ်တဲ့အတွက် Google အနေနဲ့ တိုက်ရိုက်ထိန်းချုပ် ဖို့မဖြစ်နိုင်ပါဘူး။ အဲ့တော့သူတို့ထိန်းချုပ်နိုင်မယ့်အရာကိုရှာရပါမယ်။ အဲ့ဒါက ပြောစရာတောင်မလိုပါဘူး Appsတွေပါပဲ။ Apps တွေထဲမှာတောင် Google Apps တွေက သူတို့ပိုင်ဆိုင်တဲ့ အတွက်အလုံးစုံထိန်းချုပ်နိုင်ပါတယ်။ ဘာလို့ Google Apps တွေကိုထိန်းချုပ်မှာလဲ။ Googleရဲ့ ဗျူဟာက Android Development အတွက်အဓိကအရေးကြီးတဲ့ Apps တွေကို ထိန်းချုပ်နိုင်ခြင်းအားဖြင့် Google ဟာ AndroidEcosystem ကိုဖျက်သိမ်းပြီး Total control ရရှိမယ့် Google Ecosystem အောက်ထဲကိုUsers တွေကို သိမ်းသွင်းသွားပါမယ်။ Users တွေ Google Ecosystem အောက်ရောက်ရှိလာခြင်းဟာAndroid Open Source ကိုအသုံးချပြီး စီးပွားရှာမယ့် OEMs (Original EquipmentManufacturer ) နဲ့ Android Open Source ကိုမှီခိုပြီး Develop လုပ်နေတဲ့Developers တွေနဲ့ Development တွေအားလုံးကို Google ကကြိုက်သလိုထိန်းချုပ်ခွင့်ရသွားစေမှာပါ။
တကယ်တော့ Google ကဒီကစားကွက်ကို ကစားနေတာ ကြာခဲ့ပါပြီ။ ကျွန်တော်တို့ သတိမထားမိခဲ့တာပါ။ Googleကဘယ်လိုကစားနေတာလဲဆိုတာ အောက်မှာဆက်ကြည့်လိုက်ရအောင်...
(ကျွန်တော်အခုပြောပြမယ့်အချက်တွေက Pure AOSP ကိုအခြေခံပြီးပြောတာပါ။ ရှင်းရှင်းပြောရရင် ကျွန်တော်တို့Custom Rom တင်ပြီးတိုင်း Gapps ကို Flash ရပါတယ်။ Gapps ကို flashပြီးသားသူတွေကတော့ ဒီကွာခြားချက်တွေကို တွေ့ရမှာမဟုတ်ပါဘူး။)
“Search”
ကျွန်တော်တို့ ပြီးခဲ့တဲ့ Google i/o တွေတုန်းက Google က Android ရဲ့ Search ကိုinnovation အသစ်တွေနဲ့ ပြောင်းလဲဖန်တီးထားတယ်လို့ ပြောပြီး Google Now ကိုထည့်သွင်းခဲ့ပါတယ်။ ဒါပေမယ့် ကျွန်တော်တို့ ထင်ခဲ့တာက AOSP ရဲ့ Searchကိုပုံစံပြောင်းခဲ့တယ်လို့ထင်ခဲ့တာပါ၊ တကယ်တော့အဲ့လိုမဟုတ်ပါဘူး။ Google ကသူ့ကိုယ်ပိုင် Search app ကို AOSP Search app အစား အစားထိုးထည့်သွင်းခဲ့တာပါ။ဘာတွေကွာခြားသွားလဲဆိုတာတော့ ပြောစရာကိုမလိုအောင်ပါပဲ။ AOSP ရဲ့ Search က Websiteနဲ့ Local Search တွေသာလုပ်နိုင်ပေမယ့် Google Search (Google Now) App ကဘာတွေလုပ်နိုင်သလဲဆိုတာတော့ ကျွန်တော်ပြောနေစရာမလိုတော့ဘူးထင်ပါတယ်။ မယုံရင်ပုံ(၁) ကိုကြည့်နိုင်ပါတယ်။ ဘယ်ဘက်က AOSP Android 4.3 မှာပါတဲ့ Search App ပါ။ညာဘက်ကတော့ Google Search app ပါ။
“Music”
Music ဆိုတဲ့ AOSP မှာပါတဲ့ App ကလဲအဲ့အတိုင်းပါပဲ။ အခု latest Android versionအထိ Gingerbread interface နဲ့သာဆက်ရှိနေပြီး Google version ဖြစ်တဲ့ Google PlayMusic ကတော့ interface ရော Feature တွေအမြောက်အများပါ ပါဝင်လာပါတယ်။ပုံ(၂)ကိုကြည့်နိုင်ပါတယ်။
“Keyboard”
ကျွန်တော်တို့ Keyboarddevelopment လုပ်တဲ့အခါ AOSP keyboard ပဲအသုံးပြုရပါတယ်။ ဒါပေမယ့် AOSP keyboardမှာ Gesture Typing မပါပါဘူး။ Gesture Typing ကိုပါ Develop လုပ်ချင်ရင် GoogleKeyboard API လိုပါတယ် စိတ်မကောင်းပါဘူး Google Keyboard က Close Source ပါ။အဲ့ဒါကြောင့် Google က Google Keyboard ဆိုပြီး Play Store ပေါ်တင်ပေးခဲ့တာပါ။ပုံ(၃) ကိုလဲကြည့်နိုင်ပါတယ်။
“Camera/ Gallery”
Camera နဲ့ Gallery က Apk တစ်ခုထဲမှာပေါင်းပြီးပါတာပါ။ AOSP မှာက Gallery2.apkဆိုပြီးပါဝင်ပြီး Google’s Version မှာတော့ GalleryGoogle.apk ဆိုပြီးလာပါတယ်။တော်တော်များများထဲက ထင်ထင်ရှားရှားတွေ့နိုင်တဲ့ ကွာခြားချက်က AOSP မှာPhotoSphere မပါပါဘူး။ ဒါပေမယ့် Gallery ရော Camera ရောnew interface ရထားပါတယ်။ပုံ(၄) မှာကြည့်ပါ။
“Messaging” (The Future , unconfirmed )
ကျွန်တော်တို့ တွေ့ရှိထားတဲ့ kitkat 4.4 leak ပုံတွေကရော Google က developersတွေဆီ Alert လုပ်တဲ့ အနေအထားတွေကြောင့် ကျွန်တော်တို့ခန့်မှန်းနိုင်တာက AOSPMessaging app ဟာ Google Hangout app နဲ့အစားထိုးခံရဖွယ်ရှိနေပါတယ်။ ကျွန်တော်တို့ခန့်မှန်းနိုင်တာက messaging app ဟာ Android 4.0 ကထဲက ဘာ update မှမရပါဘူး။ Googleက Hangout app ကိုပဲ update ပေါင်းများစွာ ပေးနေခဲ့တာပါ။ ပုံ(၅)မှာကြည့်ပါ။
“Google Photo” (The Future , unconfirmed)
Kitkat 4.4 ရဲ့ leak image တွေအရ (ပုံ ၆ ကိုကြည့်ပါ) Gallery ဟာ Alphabetical အရEmail app နဲ့ Gmail app ကြားထဲမှာရှိနေရမှာပါ အဲ့အစား Google Photo (ယခု G+ Photoapp icon) နဲ့အစားထိုးခံထားရပါတယ်။ ဘယ်လို Features အသစ်တွေရမလဲဆိုတာတော့မသိနိုင်သေးပါဘူး။
“ဒီလိုပြောင်းလဲမှု့တွေကဘာအတွက်လဲ? ”
Google ကစားနေတဲ့ အကွက်က AOSP ကို codebase တစ်ခုအနေနဲ့ပဲထားခဲ့ဖို့ပါ။ တစ်နည်းပြောရရင်Google နဲ့ Android နဲ့ကိုခွဲထုတ်ပစ်လိုက်ခြင်းပါ။ Android မှာအရေးကြီးတာက Appsတွေပါ။ အဲ့ Apps တွေကို App Store ကနေ ဖုန်းထဲကို တိုက်ရိုက် Download ထည့်ပြီးအသုံးပြုနိုင်ပါတယ်။ ဒါပေမယ့် Google က Google Play Store ကို အလုံးစုံထိန်းချုပ်ခွင့်ရှိနေပါတယ်။ တစ်နည်းအားဖြင့် Google ဟာ Android OS ကိုအသုံးပြုမယ့် OEMs တွေ Google ရဲ့ ထိန်းချုပ်မှု့အောက်မှာအမြဲရှိနေအောင်ပါ။ အဲ့တော့ Android OS ကိုအသုံးပြုချင်တဲ့ ဘယ် OEMs မဆို Googleဆီက Play Store အသုံးပြုခွင့် တောင်းခံရပါတော့မယ်။
Google Play Store အပါအဝင် အားလုံးသော Google Service တွေဟာ packageတစ်ခုအနေနဲ့လာတာပါ။ အဲ့ package ထဲမှာ (gmail, google calendar , G+ , GoogleCamera , Google Maps , Google Music , Youtube , Play Store , Play Game, etc )Google Apps ပေါင်းများစွာပါဝင်ပါတယ်။ ကျွန်တော်တို့လို သာမန် non-commercialusage အတွက် အလွယ်တကူ ဒေါင်းပြီးသုံးလို့ရပေမယ့် Android OEM တွေကတော့ မရပါဘူး။အဲ့ဒါကြောင့် Open Handset Alliance ဆိုတဲ့ အဖွဲ့ပေါ်လာတာပါ။ ဒီအဖွဲ့ထဲက OEM တွေကတရားဥပဒေအရ Google ကခွင့်မပြုတဲ့ ဘယ် Device ကိုမှထုတ်လုပ်ရောင်းချခွင့်မရှိပါဘူး။ Google ကခွင့်မပြုတဲ့ Device ဆိုတာက - Deviceတစ်ခုက Android AOSP ရဲ့ Source code တွေကိုအသုံးပြုထားပြီး Androidကနေခွဲခြားထွက်သော OS ဖြင့် Operate လုပ်တဲ့ Device ကို Google က IncompatibleDevice အဖြစ်သတ်မှတ်သလို Non-Google Device အဖြစ်လဲသတ်မှတ်ပါတယ်။ ( ဥပမာ - KindleOS )
ဒါကို Acer ကလဲအကဲစမ်းဖူးပါတယ်။ Alibaba Aliyun OS ဆိုတဲ့ Android source code တွေကိုအသုံးချပြီးဖန်တီးတာပါ။ အဲ့အတွက် Google က Acer ကိုပြင်းပြင်းထန်ထန် Warning ပေးခဲ့ပါတယ်။
နောက်တစ်ဦးရှိပါသေးတယ် Amazon ပါ။ Amazon Kindle Fire က Android IncompatibleDevice အဖြစ်သတ်မှတ်ခံရသလို Amazon ဟာ Kindle Fire ကို ထုတ်လုပ်ဖို့အတွက် OpenHandset Alliance ထဲမှာမပါတဲ့ Manufacturer ဆီမှာ ထုတ်လုပ် ခဲ့ရပါတယ်။ ဆိုလိုတာကAmazone ဟာ
Acer, Asus, Dell, Foxconn, Fujitsu, HTC, Huawei, Kyocera, Lenovo, LG, Motorola,NEC, Samsung, Sharp, Sony, Toshiba, and ZTE
အစရှိတဲ့ Manufacturers တွေထံမှာ ပစ္စည်းအပ်ခွင့်မရှိတာကြောင့် Quanta Computerဆိုတဲ့ Laptop တွေထုတ်တဲ့ ကုမ္ပဏီ မှာ Hardware တွေတပ်ဆင်ရပါတော့တယ်။
OEMs တွေအနေနဲ့ကလဲ Google Apps ကို ကြိုက်သလိုတပ်ဆင်ခွင့်မရှိပါဘူး။ အရင်ဆုံးGoogle ရဲ့ Compatibility test ဆိုတာကို စစ်ဆေးခံရပါတယ်။ အဲ့ဒါအောင်မြင်မှသာGoogle Apps တွေကို တပ်ဆင်ရောင်းချခွင့်ရှိပါတယ်။ Google ရဲ့ဝန်ထမ်းတစ်ဦးပြောဖူးတာက
“အဲ့ Test က Google က OEMs တွေကိုသူခွင့်ပြုသလောက် ကဲခွင့်နဲ့သာ ကဲလို့ရမယ့် party ကိုလာတက်တဲ့ သူတွေဖြစ်အောင်လုပ်ထားတာ” ပါတဲ့။
နောက်တစ်ခုက Google ဟာ ဒီApps တွေကို package အနေနဲ့သာ Licence ပေးတာဖြစ်ပါတယ်။ အဲ့ထဲမှာပါတဲ့ Google Appsအရေအတွက်က တိုးချင်လဲတိုးမယ်။ တိုးရင်လဲ OEMs တွေမှာငြင်းပိုင်ခွင့်မရှိပါဘူး။အဲ့တော့ တကယ်လို့ကျွန်တော်က OEM ဆိုရင် ငါ Google Play Store ပဲယူမယ်ကျန်တာမယူဘူးဆိုပြီး အချဉ်သွားလုပ်လို့မရပါဘူး။ တစ်ခေါက်တုန်းက Skyhook ဆိုတဲ့ ကုမ္ပဏီက Androidအတွက် location service app လုပ်ရင်းနဲ့ သူ့ service ကိုသုံးရင် Google Maps ဆီusers ရဲ့ location data တွေမရောက်မယ့်နည်းလမ်းကိုတွေ့သွားပါတယ်။ အဲ့တော့အဆုံးသတ်က Skyhook က incompatible အဖြစ် ကြေညာခံရပြီး တရားပါအစွဲခံခဲ့ရပါတယ်။
“Bloatware”
Bloatware တွေဆိုတာလဲ Google Apps တွေကြောင့်ပေါ်လာရတာပါ။ OEM တွေအနေနဲ့မတော်တဆများ Google ကစိတ်ပြောင်းပြီး သို့မဟုတ် Google Appsအသုံးပြုခွင့်ပိတ်ပင်ခံ ရတဲ့အနေအထားမျိုးဖြစ်လာခဲ့ရင် Alternative Google Appsတွေအနေနဲ့ Customers တွေ သူတို့ ဖုန်းကိုဆက်လက်အသုံးပြုဖို့ အဆင်ပြေအောင်ထည့်သွင်းပေးထားခြင်းပါ။
“Google ရဲ့ အရေးအကြီးဆုံး ဗျူဟာ သို့ Third-party Apps တွေကိုထိန်းချုပ်ခြင်း။”
ကျွန်တော်အပေါ်မှာပြောသွားခဲ့ပါတယ်။ တကယ်လို့ ကုမ္ပဏီတစ်ခုက Google ကခွင့်မပြုတဲ့ AndroidOS နဲ့ Device ကိုဖန်တီးမယ် Developers တွေကိုသူတို့ ဖန်တီးထားတဲ့ App Storeကိုလာရောက်ပြီး App ရေးဖို့ ဖိတ်ခေါ်နိုင်ခဲ့ပြီပဲထားအုံးတော့ Google မှာ အဲ့ကုမ္ပဏီအတွက် နောက်ထပ် လက်သီးတစ်ချက်ရှိပါသေးတယ်။ အဲ့ဒါကတော့ Google Play Service ပါ။
Play Service ကကျွန်တော်တို့ ပြောခဲ့တဲ့ Google Apps တွေထဲက တစ်ခုပါ။ အပြည့်အစုံ Google PlayService လို့ခေါ်တဲ့ ဒီ App ဟာ ကျွန်တော်တို့လို Users တွေအတွက်ရှိမှန်းတောင်မထင်ရပေမယ့် တကယ်တမ်း အရမ်းကို အစွမ်းထက်တဲ့ Google ရဲ့ နောက်ထပ် ခြေလှမ်းပါ။ကျွန်တော်တို့ရဲ့ Google Play Store ကို Update လုပ်လိုက်ရင် နောက်ထပ် iconတစ်ခုပေါ်လာပါတယ် နာမည်က Google Setting ပါ။ ဖွင့်ကြည့်လိုက်ရင် အောက်ကပုံမှာလိုပဲတွေ့ရမှာပါ။
သူ့ရဲ့ အလုပ်လုပ်ပုံကလျှို့ဝှက်ပါတယ်။ User က Root လုပ်ထားအုံးတော့ သူ့ကိုကန့်သတ်ချုပ်ချယ်လို့အရပါဘူး။ သူဟာဘာ permission ကိုမှလဲမတောင်းပါဘူး။ တစ်ခါ Updateလုပ်ပြီးရင် နောက်တစ်ခါ Update လုပ်စရာမလိုပါဘူး။ ဘာနဲ့ဆင်တူလဲဆိုရင် ChromeBrowser လိုပါပဲ။ Background Update ဖြစ်တဲ့အတွက် ကျွန်တော်တို့မသိလိုက်ခင်သူကUpdated ဖြစ်နေမှာပါ။
Play Service ဆိုတာဘာလဲ။ဘယ်လိုအလုပ်လုပ်တာလဲ ဆိုတော့ သူက Android နဲ့ Google ကိုလုံးဝ ခွဲခြားလိုက်တဲ့Secret Agent ပါ။ သူက Google ရဲ့အမိန့်ကိုပဲနာခံပါတယ်။ OEMs တွေရဲ့ Android Updateနောက်ကျမှု့တွေ Carriers တွေရဲ့ ကန့်သတ်မှု့တွေကို ဂရုမစိုက်ပဲ ကျွန်တော်တို့ရဲ့Google Apps တွေကို အမြဲ Up to Date ဖြစ်နေအောင် စွမ်းဆောင်ပေးမှာပါ။ ဆိုလိုတာကကျွန်တော့်မှာ Android Froyo 2.2 ပဲရှိပါစေအုံး နောက်ဆုံးထွက် Google Play Storeversion ကိုသာမက Google Apps အားလုံးရဲ့ နောက်ဆုံးထွက် version တွေ။ Play Serviceကိုအခြေခံပြီး ရေးထားတဲ့ Developers တွေရဲ့ Apps တွေကို ( Hardware သာအထောက်အပံ့ရှိရင်) Latest version အနေနဲ့ Froyo 2.2 ကနေ နောက်ဆုံး Jelly Bean 4.3 အထိမည်သည့် Android Version မှာမဆို သသတ်မတ်ထဲ အသုံးပြုနိုင်တော့မှာပါ။
ဒီ Play Serviceရဲ့နောက်ထပ် လုပ်ဆောင်ချက်တစ်ခုက Developers တွေအတွက် အလွန်အထောက်အကူဖြစ်တဲ့Google APIs တွေကို လွတ်လပ်စွာအသုံးပြုခွင့်ပေးမှာပါ။ ဒါပေမယ့် အဲ့မှာကန့်သတ်ချက်ရှိပါတယ်။ဒီ Google APIs တွေကို Google ကခွင့်ပြုထားတဲ့ Android Version ပါဝင်တဲ့ Deviceတွေအတွက်သာ အသုံးပြုလို့ရမှာပါ။
ဥပမာပြောရရင် ကျွန်တော်က AmazonKindle Fire အတွက် ကျွန်တော် App တစ်ခုရေးမယ် အဲ့ App အတွက် Google Map dataတွေလိုတယ်ဆို ကျွန်တော် Google Map API ကိုသုံးလို့မရတော့ပါဘူး။ ဘာလို့လဲဆိုတော့Kindle OS နှင့် Amazon Kindle Fire က Google က Black listed လုပ်ထားတဲ့ Deviceနှင့် OS ဖြစ်တဲ့အတွက်ကြောင့်ပါ။ အဲ့အတွက်Amazon က Nokia ဆီကနေ Maps Data ကိုဝယ်သုံးပါတယ်။ အဲ့တော့ Developerအတွက်မပြောနဲ့အုံး Amazon တောင်သူ့ဟာနဲ့သူ user တစ်ဦးက Nokia ရဲ့ maps dataသုံးတိုင်း Amazon ကပိုက်ဆံပေးနေရပါတယ်။ အဲ့လိုမှမပေးချင်ရင် သူတို့ Appleလိုမျိုး တစ်ကမ္ဘာလုံးစာ မြေပုံဆွဲရပါတော့မယ်။ တဖက်မှာတော့ Samsung , Google Appsတွေကို Licence ယူပြီးသုံးတဲ့သူတွေအတွက် Google Maps API ကိုယူသုံးလို့ ရနေပါတယ်။Samsung ကအဲ့အတွက် Google ကို တပြားမှပေးစရာမလိုပါဘူး။
နောက်တစ်ခုက iOS ပါ။ Google ရဲ့ Plan ထဲမှာ iOS လဲပါပါတယ်။90% သော Google APIs တွေဟာ iOS မှာလဲအသုံးပြုလို့ရပါတယ်။ ဒါကလဲ Developerတွေအနေနဲ့ အကြိုက်တွေ့စရာပါပဲ။
အချုပ်အားဖြင့်ပြောရရင်ကျွန်တော်တို့ဟာ Google ပေးထားခဲ့တဲ့ Android Open Source ဆိုတဲ့အိမ်မက်ကမ္ဘာကြီးထဲမှာ ပျော်မွေ့ခဲ့ကြပါတယ်။ သူတို့ပြောတဲ့ “ လာ ... ငါတို့အတူတူAndroid နဲ့ ဆန်းသစ်တဲ့ အရာတွေဖန်တီးရအောင်၊ အနာဂတ်အသစ်ဖန်တီးရအောင်.... “ဆိုတဲ့စကားတွေအောက်မှာ ကျွန်တော်တို့ ရွှင်လန်းတက်ကြွနေခဲ့ပါတယ်။ ဒါပေမယ့်အခုတော့ဒါတွေအားလုံးဟာ အတိုင်းအတာတစ်ခုမှာရပ်တန့်သွားပြီဆိုတာ ကျွန်တော်တို့နားလည်ရပါတော့မယ်။ လာမည့်နှစ်တွေအတွင်းမှာ Android ဟာ Abandoned Platformတစ်ခုအဖြစ်သာကျန်ရှိတော့မှာပါ။ ဒါဆို Android က Version အသစ်မထွက်တော့ဘူးပေါ့ဆိုတော့မျိုးတော့မဟုတ်ပါဘူး။ Android ဟာ Version အသစ်တွေဆက်ထွက်နေအုံးမှာပါ။Android ဟာတစ်နေ့မှာ Chrome လိုမျိုး ဘာ Graphic ၊ ဘာ RAM မှကြီးကြီးမားမားရှိစရာမလိုပဲနဲ့ Graphic ကောင်းကောင်း game တွေကို Browser နဲ့ Internetconnection တစ်ခုရှိတာနဲ့ ကစားနိုင်တဲ့ Gaming Platform အဖြစ်ရော၊ ကမ္ဘာ့ပထမဆုံးCloud Base Mobile OS အနေနဲ့ရောဖြစ်လာနိုင်စရာတွေရှိပေမယ့် တစ်ချိန်ကတကယ်လွတ်လပ်ခဲ့တဲ့ တကယ် Open Source ဖြစ်ခဲ့တဲ့ Programming ပညာတွေတတ်ပြီး လမ်းစရှာမရဖြစ်နေတဲ့ Developers တွေကို လမ်းကြောင်းတစ်ခုပေါ်အခမဲ့ တင်ပေးခဲ့တဲ့ Android ( Android Open Source Project , AOSP ) ဆိုတာကတော့ဒဏ္ဍာရီတစ်ခုပမာ ကျန်ခဲ့ပြီဆိုတာ ကျွန်တော်တို့ တကယ်ပဲမသိလိုက်တာပါ။
ဒီအတွက်Google ကိုအပြစ်တင်လို့မဖြစ်ပါဘူး။ သူလဲသူတည်ထောင်ခဲ့တဲ့ သူ့စီးပွားရေးတစ်ခုရည်ရှည် သူ့အတွက်အကျိုးအမြတ်တွေ ဖန်တီးပေးနိုင်မှာက ဒီနည်းလမ်းအပြင်တခြားမရှိပါဘူး။ နောက်ပြီး Google ယူလာပေးခဲ့တဲ့ Service တွေဟာ ကျွန်တော်တို့အတွက်ဘာမှထိခိုက်နစ်နာစေခဲ့တာ မရှိပါဘူး။ ကျွန်တော်တို့ နေ့တိုင်း Gmail , Gtalk ,Google Play Store စတဲ့ Google Apps တွေကိုပဲအသုံးပြုနေကြတာပါ။ သူတို့ဟာကျွန်တော်တို့ဘဝတွေ ကောင်းမွန်လွယ်ကူအောင် လုပ်ပေးနေတာပါပဲ။
Google အနေနဲ့လဲကိုယ်တည်ထောင်ခဲ့တဲ့ အရာတစ်ခုကို ကိုယ်ကိုတိုင် အဆုံးသတ်ရတော့မှာပါ။ ဒါပေမယ့်Google ဟာ ပြောင်းလဲမှု့တွေကို နေ့ခြင်းညခြင်း လုပ်လို့မဖြစ်ပါဘူး။အဲ့အတွက်အချိန်လိုပါတယ်။ အခုဟာ အဲ့လိုနေတဲ့အချိန်ပါ။ တကယ်လို့အပြောင်းအလဲတွေသာဖြစ်လာခဲ့ရင် ကျွန်တော်တို့စဉ်းစားရပါတော့မယ်။ ကျွန်တော်တို့ကGoogle Ecosystem ထဲမှာနေနေတာလား။ ဒါမှမဟုတ် Samsung တို့လို OEMတွေဖန်တီးပေးထားတဲ့ Android Ecosystem ထဲမှာနေနေတာလား သိရပါတော့မယ်။ ဒီအပြောင်းအလဲတွေဖြစ်မလာဘူးလို့မပြောနိုင်ပါဘူး။ ပိုပြီးသိသာထင်ရှားတာကို ပြောရမယ်ဆိုရင် Android ရဲ့ ဖခင် AndyRubin ဟာ Google ရဲ့ X projects တွေထဲကတစ်ခုကို တာဝန်ယူဖို့ ပြောင်းလဲခံခဲ့ရပါတယ်။ဒါ့အပြင် Android founder team ထဲက တော်တော်များများ ကို Google ကတခြား projectတွေအတွက် တာဝန်ပြောင်းခဲ့ပါတယ်။
Kitkat 4.4မှာကျွန်တော်တို့ တွေ့ရမှာက Google Apps update တွေပါပဲ။ ဒါပေမယ့်လဲကျွန်တော်တို့တွေ Android update အမှတ်နဲ့ ပျော်ရွှင်နေကြအုံးမှာပဲမလား။ AOSPကန့်သတ်ခံရမှု့တွေက ကျွန်တော်တို့ User တွေအတွက် ဘာမှ ထိခိုက်မှု့မရှိပါဘူး။အရေးကြီးတာက ကျွန်တော်တို့ အသုံးပြုရအဆင်ပြေနေသေးသ၍ Androidဟာဘယ်တော့မှသေဆုံးသွားမှာမဟုတ်ပါဘူး။
No comments:
Post a Comment
http://i1323.photobucket.com/albums/u591/aungaung13/cooltext666275999_zpsbe12bc0c.gif