(နည်းပညာ)ပြန်လည်မျှဝေပေးခြင်း

မင်္ဂလာပါခင်ဗျာ ... ကျွန်တော်တင်သမျှ Post လေးများသည် ကျွန်တော်လေ့လာဖူးသမျှကို ပြန်လည်မျှဝေပေးခြင်းဖြစ်ပါတယ်။ သူငယ်ချင်းအားလုံးလည်း ကျွန်တော့် site မှကြိုက်နှစ်သက်တဲ့ မည့်သည့် Post ကိုမဆို မြန်မာ IT နည်းပညာဖွံ့ဖြိုးတိုးတက်ရေးအတွက် ပြန်လည်မျှဝေပေးစေလိုပါတယ်ဗျာ။ ...

25 September 2014

IOS 8 မှာ Wifi နှေးသူများ အသုံးပြုနေရင်း Wifi ပျောက်သွားသူများ အတွက် ဖြေရှင်းရန် နည်းလမ်း

25/9/2014

မိတ်ဆွေတို့တော့ မသိဘူး......ကျွန်တော်I Device ကို IOS 8 ကိုတင်ပြီး အသုံးပြုတဲ့ အခါ Wifi က အသုံးပြုနေရင်းနဲ့ ပျောက်ပျောက်သွားတာ ဖြစ်နေတယ်.... 
လိုင်းမကောင်းဘူးထင်ရအောင်လည်း Download/upload အနည်းဆုံး 10 Mbရှိပါတယ်.. ဒါကြောင့် ဒီနေ့ ဒီနည်းလေးကို ပြုလုပ်ကြည့်တဲ့ အခါမှာ အဆင်ပြေတာ တွေ့ရတဲ့ အတွက် မိတ်ဆွေတို့ အတွက် ပြန်လည်မျှဝေပေးတာပါ.... 
IOS 8 တင်ထားတဲ့ Device အားလုံးမှာဖြစ်နေတယ်လို့ ကျွန်တော် မဆိုလိုသလို ဖြစ်နေတဲ့သူများအတွက် အဆင်ပြေတဲ့ နည်းလမ်း ပြန်လည်မျှဝေခြင်းဘဲဖြစ်ပါတယ်.....ကျွန်တော် I Developer တယောက်လည်း မဟုတ်ပါဘူး ခင်ဗျာ......အောက်ပါအတိုင်း ပြုလုပ်ကြည့်ပါ...

1.Reset Netwook Settings:

 

Settings > General > Reset > Reset Network Settings အတိုင်းသွားပြီး Netwook ကို Reset လုပ်ပါမယ်။

အောက်ကပုံအတိုင်းပါ... 


2.Disable a System Services:

Settings > Privacy > Location Services >system Services ကိုသွားပြီး Wifi Networking ကို Disable ပေးလိုက်ပါ.....
ပြီးရင် မိမိ Devices မှာ Apple Logo ပေါ်လာပြီး Netwook ကို Restore ပြန်လုပ်နေပါလိမ့်မယ်။။။ မိမိ စက်ပြန်ပွင့်လာပြီဆိုတာနဲ့ Wifi ကိုပြန်လည်ချိတ်ဆက်ပြီး အသုံးပြုနိုင်ပါပြီ.....


No comments:

Post a Comment

http://i1323.photobucket.com/albums/u591/aungaung13/cooltext666275999_zpsbe12bc0c.gif