11/04/2014
ကျွန်တော်ပြီးခဲ့တဲ့ရက်က Paypal Acc ပြုလုပ်နည်းကိုတင်ပေးလိုက်ပါတယ်။အခု Paypal မှာ မိမိမှာရှိနေတဲ့ဘဏ်ကဒ်(ကစီကွန်)နဲ့ ဘယ်လိုချိတ်ဆက်မလဲဆိုတာကိုလုပ်ဆောင်ဖို့အတွက် အရင်ဆုံးမိမိမှာရှိနေတဲ့
ကစီကွန်ဘဏ်ကဒ်ကို Wabshopping ကဒ်ဖြစ်အောင်အရင် စမက် ရပါမယ်။ဒါမှလည်းမိမိဘဏ်ကဒ်က
အွန်လိုင်းမှအသုံးပြုနိုင်မှာပါ။ဒီလိုအသုံးပြုခွင့်ရမှာပဲ Paypal နဲ့ချိတ်ဆက်နိုင်မှာဖြစ်ပါတယ်။ဒါကြောင့်
အရင်ဆုံးဘယ်လို Web Shopping ကဒ် ဖြစ်အောင်ပြုလုပ်ရမလဲဆိုအောက်မှာ ပုံတွေနဲ့သေချာရှင်းပြထားပါ
မိမိတို့အနေနဲ့ Movie နဲ့ကြည့်ချင်တယ်ဆိုရင်လည်းအောက်ဆုံးမှာလင့်လေးပေးထားပါတယ်ဝင်ရောက်
ကြည့်နိုင်ပါတယ်။(ရုပ်သံနှင့်သေချာရှင်းပြထားပါတယ်)
ပုံ 1
အရင်ဆုံး ကစီကွန်ဘဏ်ရှေ့က ကစီကွန်အေတီအမ် ပုံရှိတဲ့နေရာကိုသွားရပါမယ်။ဘာကြောင့်လဲဆိုတော့
ရိုးရိုးရပ်ကွက်တွေမှာရှိနေတဲ့ ကစီကွန်အေတီအမ် ပုံးတွေမှာ ဒီလို Webshopping card တွေပြုလုပ်ဖို့
ထည့်ထားတာမျိုးသိပ်မရှိပါဘူး။ဒါကြောင့်ဘဏ်ရှေ့မှာရှိနေတဲ့ အေတီအမ်ပုံးကိုသွားလုပ်ရပါမယ်။
ရောက်ရင်အရင်ဦးဆုံးမိမိမှာရှိနေတဲ့ အေတီအမ် ဘဏ်ကဒ်ကိုထည့်ပြီး Pass 4 လုံးနှိပ်ပြီးဖွင့်လိုက်ပါ။
အောက်ကစာမျက်နှာအတိုင်းပေါ်လာပါမယ်။
ပုံ 2
ဒီလိုပေါ်လာရင် မျှားပြထားတဲ့နေရာကို နှိပ်ပါမယ်။ ပြီးရင် နောက်စာမျက်နှာထပ်ပေါ်လာပါမယ်။
ပုံ 3
ပေါ်လာတဲ့နောက်စာမျက်နှာမှာ မျှားပြထားတဲ့အကွက်ကိုထပ်နှိပ်ပါမယ်....။
ပုံ 4
ဒီလိုထပ်ပေါ်လာရင် အပေါ်ဆုံးမှာရှိနေတဲ့ မျှားပြထားတဲ့ နေရာကိုနှိပ်ပါမယ်။
ပုံ 5
နောက်ထပ်ပေါ်လာရင် အမှတ်စဉ် 1 မှာပြထားတဲ့အတိုင်း Web shopping မှာအသုံးပြုမယ့် မိမိဖုန်း
နံပါတ်ကိုထည့်သွင်းရပါမယ်။ ဖုန်းနံပါတ် 10 လုံးကိုနှိပ်ပြီးထည့်သွင်းပါ။ပြီးရင် အမှတ်စဉ် 2 မှာပြထား
တဲ့အတိုင်းမျှားအတိုင်းနှိပ်ပါ။
ပုံ 6
ပြီးရင်ထပ်မံပြီးမေးလာပါမယ် မျှားပြထားတဲ့အတိုင်းပဲ ဆက်နှိပ်လိုက်ပါ။
ပုံ 7
ဒါဆိုရင် စာရွက်တစ်ရွက်ထွက်လာပါမယ်။
ပုံ 8
ဒါဆိုရင်တော့ မျှားပြထားတဲ့အတိုင်း ထပ်နှိပ်လိုက်ပါ။
ပုံ9
ထွက်လာတဲ့စာရွက်မှာတော့ မိမိဘဏ်ကဒ်က Web shopping အတွက် Smart ထားပြီးပြီးဖြစ်ကြောင်းကို
ကဒ်နံပါတ်နဲ့ ဖုန်းနံပါတ်တွဲပြီးပြထားတဲ့ စာရွက်ပဲဖြစ်ပါတယ်။
ပုံ 10
ဒါကတော့ခုနက Web shopping အတွက် Smart အတွက်ကျသင့်ငွေ 33.26 ဘတ် ကိုမိမိဘဏ်ကဒ်
ထဲကနေနုတ်သွားပြီဆိုတဲ့အကြောင်း ခုနကထည့်ထားတဲ့ဖုန်းနံပါတ် ထဲကိုပဲစာဝင်လာခြင်းဖြစ်ပါတယ်။
ဒါဆိုရင်တော့သူငယ်ချင်းတို့ရဲ့ ဘဏ်ကဒ်က Web shopping အတွက် Smart လုပ်လို့ပြီးဆုံးသွားပါပြီ။
မိမိမှာရှိနေတဲ့ Paypal အကောင့်နဲ့ မိမိမှာရှိနေတဲ့ ဘဏ်ကဒ်ကို Verified ဖြစ်အောင်ဘယ်လိုလုပ်ဆောင်
ရမလဲဆိုတာ နောက်တင်မယ့်ပိုစ့် မှာဆက်လက်ဖတ်ရှု့ကြပါခင်ဗျာ....
Movie အဖြစ်နဲ့ Yoputube မှာတင်ပေးထားပါတယ်။အသံနဲ့သေချာရှင်းပြထားတာ နားထောင်ချင်တယ်
ဆိုရင်တော့အောက်ကလင့်မှာ ၀င်ရောက်ကြည့်ရှု့နိုင်ပါတယ်ခင်ဗျာ....အားလုံးအဆင်ပြေကြပါစေ...
ကျွန်တော်တင်သမျှပိုစ့်တွေ Facebook ကနေရယူချင်တယ်ဆိုရင် ဒီမှာ Like နှိပ်ပါ။
မန်ဘာဝင်ခဲ့ခြင်းဖြင့် ပိုစ့်အသစ်တင်တိုင်း မိမိ Gmail ထဲကိုတိုက်ရိုက်ရောက်ရှိမည်ဖြစ်ပါသည်။
ထို့ကြောင့်မန်ဘာဝင်ခဲ့ဖို့ဖိတ်ခေါ်ပါတယ်။
Thank You For Downloading And Dont Forget to Clicking Once on a Ad Banner.
အဆင်ပြေတယ်ဆိုရင်တော့ကြော်ငြာများကို ကလစ်ခဲ့ပါခင်ဗျာ။
အဆင်ပြေတယ်ဆိုရင်တော့ကြော်ငြာများကို ကလစ်ခဲ့ပါခင်ဗျာ။
★★နည်းပညာမြို့တော်ဖိုရမ်★★
No comments:
Post a Comment
http://i1323.photobucket.com/albums/u591/aungaung13/cooltext666275999_zpsbe12bc0c.gif