(နည်းပညာ)ပြန်လည်မျှဝေပေးခြင်း

မင်္ဂလာပါခင်ဗျာ ... ကျွန်တော်တင်သမျှ Post လေးများသည် ကျွန်တော်လေ့လာဖူးသမျှကို ပြန်လည်မျှဝေပေးခြင်းဖြစ်ပါတယ်။ သူငယ်ချင်းအားလုံးလည်း ကျွန်တော့် site မှကြိုက်နှစ်သက်တဲ့ မည့်သည့် Post ကိုမဆို မြန်မာ IT နည်းပညာဖွံ့ဖြိုးတိုးတက်ရေးအတွက် ပြန်လည်မျှဝေပေးစေလိုပါတယ်ဗျာ။ ...

09 November 2014

Real Car Speed: Need for Racer 3.7 APK

11/09/2014

Android Phone & Tablet သမားတွေအတွက် ကားဂိမ်းတွေထဲမှာ အမြန်ဆုံး အကောင်းဆုံး အသက်ရှုမှားလောက်အောင် နံပါတ်ဝမ်း ဖြစ်ဖို့အရေး ပြိုင်ဘက်တွေနဲ့ အပြိုင်အဆိုင် ကဲရတဲ့ အားလုံးတို့ရဲ့ အကောင်းဆုံး ကားဂိမ်းပါ။
Drive the fastest cars on the planet in ultimate racing game which will test your skills and determination to be the best racing driver on the world လို့ Official ဆိုက်မှာ ကြွားလုံးထုတ်ထားတယ်ဗျာ။ နားလည်သူတွေအတွက်တော့ သိပ်ကောင်းလိမ့်မယ်လို့ထင်ပါတယ်။
(အနော်တော့ ဖတ်တတ်ဝူး :D--) သူ့ရဲ့ကြွားလုံးတွေထဲမှာ ကျွန်တော့်အကြိုက်ဆုံး စကားတစ်လုံးက Determination (စိတ်ဓါတ်ကြံခိုင်မှု) ပါ။

ကိုယ်က ကမ္ဘာပေါ်မှာ အကောင်းဆုံးကားမောင်းသမားတစ်ယောက်ဖြစ်လာဖို့က
ကိုယ့်မှာ ကျွမ်းကျင်မှုရှိရမယ်။ ပြီးတော့ စိတ်ဓါတ်ကြံခိုင်မှုရှိရမှာပါ။ အမြန်ဆုံးကားပေါ်တက်ပြီး အတော်ဆုံးလူတစ်ယောက်ဖြစ်လာဖို့က လွယ်လွယ်နဲ့ အရှုံးမပေးတတ်တာ။

လဲလျှင်... ပြန်ထ... ဘ၀ဆိုတာ... အရှုံးပေးဖို့ ဖြစ်လာတာမဟုတ်ဘူး...စသည်ဖြင့် ဒသနဖွင့်ဆိုတတ်တဲ့ သူတွေရဲ့ ရင်ထဲက ခံယူချက် ယုံကြည်တဲ့အတိုင်းလည်း လုပ်ဆောင်တတ်တတ်တဲ့ အကျင့်စာရိတ္တ တစ်ခုကို ကျနော်ကတော့ ဒီနေရာမှာ Determination လို့ ခံယူချင်ပါတယ်။ (ကိုယ့်အထင်ပြောထာ : : :)

ကဲဗျာ အဓိပါယ်ဖွင့်ဆိုချက် ခံယူချက်မတူညီကြပေမယ့် ချန်ပီယံ ပန်းတိုင်ကတော့
တစ်ခုတည်းသော အရာမို့ ကမ္ဘာ့အတော်ဆုံးကားမောင်းသမားကြီးတစ်ယောက်ဖြစ်လာဖို့
 Real Car Speed: Need for Racer ဆိုတဲ့ စပါယ်ရှယ်ဝမ်း ကားဂိမ်းကို စိတ်ဓာတ်ကြံခိုင်မှုအပြည့်နဲ့ စွန့်စားခန်းလေး ဖွင့်ချင်တယ်ဆိုရင်တော့ အောက်ကလင့်မှာ ဒေါင်းယူနိုင်ပါပြီ။
Sixe 36.0 MB ရှိပါတယ်။ Android 2.3.3 အထက် ဖုန်းအားလုံးမှာ ကစားနိုင်ပါတယ်။

 
 

Download Here



No comments:

Post a Comment

http://i1323.photobucket.com/albums/u591/aungaung13/cooltext666275999_zpsbe12bc0c.gif