(နည်းပညာ)ပြန်လည်မျှဝေပေးခြင်း

မင်္ဂလာပါခင်ဗျာ ... ကျွန်တော်တင်သမျှ Post လေးများသည် ကျွန်တော်လေ့လာဖူးသမျှကို ပြန်လည်မျှဝေပေးခြင်းဖြစ်ပါတယ်။ သူငယ်ချင်းအားလုံးလည်း ကျွန်တော့် site မှကြိုက်နှစ်သက်တဲ့ မည့်သည့် Post ကိုမဆို မြန်မာ IT နည်းပညာဖွံ့ဖြိုးတိုးတက်ရေးအတွက် ပြန်လည်မျှဝေပေးစေလိုပါတယ်ဗျာ။ ...

07 November 2014

Vault-Hide SMS, Pics & Videos v5.0.22.22 Apk

11/07/2014


 ဒီဆော့ဝဲလေးကိုတော့ သိပြီးသား ဘော်ဒါတွေလည်းရှိကြမှာပါ..
မသိသေးတဲ့ ဘော်ဒါတွေကတော့ မိမိဖုန်းထဲမှာ Private လို့ ခေါ်တဲ့
သူများကို မမြင်စေချင်တဲ့ အရမ်းအရေးကြီးတဲ့ ပုံတွေကို Lock ချထားချင်တယ်ဆိုရင်တော့
ဒီဆော့ဝဲလေးကိုသာ ဆောင်ထားစေချင်ပါတယ်ခင်ဗျား...။
ဟိုတစ်နေ့က ကျနော့်ဖုန်းအားသွင်းရင်း ရေချိုးသွားနေတုန်း
ဘော်ဒါတစ်ယောက်က ဖုန်းကို ကိုင်ကြည့်တာနေမယ်..ကျနော်က ဖုန်းကိုတော့ Lock Screen တော့
မချထားဖူး။ ဒါပေမယ့် ဖုန်းထဲရှိတဲ့ သူများကို မမြင်စေချင်တဲ့ Viber, Whatspp စတဲ့
Private တွေအားလုံးကို Lock ချထားတော့ မောင်မင်းသားကြီး စိတ်ပျက်သွားတယ်ထင်တယ်။
ကျနော်ပြန်လာတော့ မင်းဟာကလည်း အကုန်ပိတ်ထားဆိုပဲ ငေးငေး...။
တကယ်လည်းလိုအပ်ပါတယ်၊ ရိုးသားမှုကို ၀န်ခံဖို့က၊ ခက်ခဲနေပါလိမ့်မယ်၊ ဘာလို့လဲဆိုတော့
ကိုယ်စိတ်ကိုနားလည်တဲ့သူ ကိုယ့်ရဲ့အနေအထိုင်ကို သိတဲ့သူ မဟုတ်တဲ့ တစ်စိမ်းရဲ့ စိတ်ထားနဲ့
ကိုယ်ပိုင် Private တွေကို လုံးဝကြည့်ခိုင်းထာမျိုး..ရိုးသားပေးလိုက်တာမျိုးကိုတော့
မဖြစ်သင့်ဖူးလို့ထင်ပါတယ်..။(အနော့်ရဲ့ ခံယူချက်လေးပါ)
 ဖုန်းထဲရှိရှိသမျှ၊ File, Folder, Photo, Apk အစ System Application ပေါင်းများစွာကို
စိတ်ချချနဲ့ Lock ချထားပေးနိုင်မှာပါ။
Size 2.95 MB ရှိပါတယ်၊ 2.3 အထက် ဖုန်းအားလုံးမှာ အဆင်ပြေပါတယ်။




 
DOWNLOAD HERE



No comments:

Post a Comment

http://i1323.photobucket.com/albums/u591/aungaung13/cooltext666275999_zpsbe12bc0c.gif