(နည်းပညာ)ပြန်လည်မျှဝေပေးခြင်း

မင်္ဂလာပါခင်ဗျာ ... ကျွန်တော်တင်သမျှ Post လေးများသည် ကျွန်တော်လေ့လာဖူးသမျှကို ပြန်လည်မျှဝေပေးခြင်းဖြစ်ပါတယ်။ သူငယ်ချင်းအားလုံးလည်း ကျွန်တော့် site မှကြိုက်နှစ်သက်တဲ့ မည့်သည့် Post ကိုမဆို မြန်မာ IT နည်းပညာဖွံ့ဖြိုးတိုးတက်ရေးအတွက် ပြန်လည်မျှဝေပေးစေလိုပါတယ်ဗျာ။ ...

09 December 2014

Android Developer တွေအတွက် “Android Studio IDE” version 1.0 ထွက်ရှိလာ

12/09/2014

Android Developer တွေအတွက် “Android Studio IDE” version 1.0 ထွက်ရှိလာ
Android စတင်ပေါ်ပေါက်လာချိန်ကတည်းက Android Developer တွေဟာ Android application တွေရေးသားရန် Eclipse ကဲ့သို့သော Java IDE တွေကိုအသုံးပြုပြီး Android Application တွေကိုရေးသားကြရပါတယ်။ Google ကိုယ်တိုင်ကလည်း ၂၀၁၂ လောက်ကစပြီး Eclipse မှာ ၄င်းတို့ရဲ့ Android SDK များကိုပေါင်းထည့်ထားတဲ့ ADT Bundle လို့ခေါ်တဲ့ Eclipse version အသစ်ကိုထုတ်ဝေလိုက်ခြင်းဖြင့် Android developer တွေအနေနဲ့ဆော့ဝဲရေးသားရန်သုံးဖို့ Tool အနေနဲ့ Eclipse ကိုတရားဝင် recommend လုပ်ခဲ့ပါတယ်။ အဲဒီနောက်ပိုင်းမှာတော့ Google ကကိုယ်ပိုင် Development Tool အနေနဲ့ Android Studio လို့အမည်ပေးထားတဲ့ IDE ကို Beta ဗားရှင်းအနေနဲ့ထုတ်ဝေခဲ့ပြီး ယခုအခါမှာတော့ တရားဝင် Stable version အဖြစ် စတင်ဖြန့်ချိလိုက်တာပါ။
Android Studio ဟာ Open Source Community Edition ဖြစ်တဲ့ Intellij IDEA ကိုအခြေခံပါတယ်။ Android Studio မှာပါဝင်တဲ့ Feature အချို့ကိုလည်းမိတ်ဆက်ပေးပါရစေ။
-Startup experience
Setup Wizard မှာဆိုရင် ဖန်တီးလက်စ Android Project များကို Android Studio အတွင်းသို့ထည့်သွင်းခြင်း ၊ Android app project အသစ်ဖန်တီးခြင်း ၊ Android App ကိုလက်တွေ့စမ်းသပ်ဖို့ Emulator ဖန်တီးခြင်းစတာတွေပြုလုပ်နိုင်ပါတယ်။




Sample Import & Templates ဆိုတဲ့ Feature လည်းပါဝင်လာပြီး ဒီ Feature ကတော့ နမူနာလေ့လာရန် Android App Project Sample Source များ ၊ Template များကို Android Studio IDE ထဲကနေတိုက်ရိုက်ရယူနိုင်ပါတယ်။
Code Editor အပိုင်းမှာတော့ Android Studio ရဲ့ Code Editor အသွင်အပြင်ဟာ ADT တုန်းကနဲ့ယှဉ်ရင်အပြောင်းအလဲအနည်းငယ်ရှိပါတယ်။

ကိုယ်ရေးသားနေတဲ့ app မှာအခြားဘာသာစကားတွေထည့်သွင်းချင်သူတွေအတွက် Internationalization string editing ဆိုတဲ့ Feature လည်းပါဝင်လာပါတယ်။ မိမိ ရေးသားနေတဲ့ ဆော့ဝဲမှာပါဝင်မယ့် စာသားတိုင်းကို အလွယ်တကူ အခြားဘာသာစကားတွေထည့်သွင်းနိုင်မှာပါ။
Performance Analysis ဆိုတဲ့ Feature လည်းပါဝင်ပြီး ဒီ Feature ကတော့ ကိုယ်ရေးသားနေတဲ့ Android Application ဟာ မိုဘိုင်းဖုန်းပေါ်မှာ memory နေရာဘယ်လောက်ယူနိုင်လဲဆိုတာကိုဖော်ပြပေးနိုင်ပါတယ်။
ကိုယ့်ရဲ့ Application ကို Google Cloud Service နဲ့ချိတ်ဆက်ပေးနိုင်တဲ့ Feature လည်းပါဝင်လာပါတယ်။

Android Studio ကိုအသုံးပြုချင်သူတွေအနေနဲ့ အောက်က link မှာ Android Studio ကို Download ရယူနိုင်ပါတယ်။
Download Here

No comments:

Post a Comment

http://i1323.photobucket.com/albums/u591/aungaung13/cooltext666275999_zpsbe12bc0c.gif