(နည်းပညာ)ပြန်လည်မျှဝေပေးခြင်း

မင်္ဂလာပါခင်ဗျာ ... ကျွန်တော်တင်သမျှ Post လေးများသည် ကျွန်တော်လေ့လာဖူးသမျှကို ပြန်လည်မျှဝေပေးခြင်းဖြစ်ပါတယ်။ သူငယ်ချင်းအားလုံးလည်း ကျွန်တော့် site မှကြိုက်နှစ်သက်တဲ့ မည့်သည့် Post ကိုမဆို မြန်မာ IT နည်းပညာဖွံ့ဖြိုးတိုးတက်ရေးအတွက် ပြန်လည်မျှဝေပေးစေလိုပါတယ်ဗျာ။ ...

25 December 2014

Android Pattern, Pin, Password, Gesture Lock တွေကို SMS ပို့ပြီး Lock ဖြည်မယ်

12/25/2014

(အားလုံးပဲမင်္ဂလာပါခင်ဗျား)
မိတ်ဆက်ပေးချင်တဲ့ Application လေးကတော့ SMS Bypass လို့ အမည်ပေးထားတဲ့ Lock ဖြည်တဲ့ apk လေးနဲ့မိတ်ဆက်ပေးချင်ပါတယ် …

USB Debugging လဲ On ထားစရာမလိုပါဘူး … Gmail အကောင့်လဲဝင်ထားစရာမလိုပါဘူး … ဒါပေမဲ့ Root လုပ်ထားတဲ့ ဖုန်းဖြစ်ပြီး ဖုန်းမှာ

SMS Bypass Application ကိုသွင်းထားဖို့တော့လိုပါတယ် …

၁။ ပထမဦးဆုံးအနေနဲ့ SMS Bypass ကို ဒေါင်းလုပ်ရယူပြီး Install လုပ်ပါ။ ပြီးလျှင် SMS Bypass ကိုဖွင့်ပါ။

၂။ SMS Bypass Service ကို On ပေးပါ။

၃။ Change preset keyword ကိုတစ်ချက်နှိပ်ပါ။ Old secret code မှာ ပထမဦးဆုံးအကြိမ်စသုံးတဲ့ users အတွက်

ဘာမှဖြည့်စရာမလိုပါဘူး။ ဒါမှမဟုတ် မိမိကြိုက်ရာ ဂဏန်း ၄ လုံးဖြည့်လိုက်ပါ။ New Sercret code နဲ့ Confirm new secret code

မှာတော့ မိမိ အသုံးပြုချင်တဲ့ Code ၄ လုံးကို ထည့်ပေးလိုက်ပါ။ ကျနော်ကတော့ 1234 လို့ပဲထည့်ပေးလိုက်တယ်။ ပြီးရင် Save secret code

ဆိုတာလေးကိုနှိပ်ပေးလိုက်ပါ။

၎။ ဒါဆို SMS Bypass ကိုစတင်အသုံးပြုလို့ရပါပြီ။ မိမိ ယခုလုပ်ဆောင်ချက်များ ကိုပြင်ဆင်ထားတဲ့ဖုန်းကို Lock Screen ဆိုသို့သွားထားပါ။

ထို့နောက် အခြားဖုန်းတလုံးမှ မိမိ SMS Bypass application သွင်းထားတဲ့ဖုန်းသို့ message ပို့ရပါမယ်။ Message ထဲမှာ

ဘာထည့်ရိုက်ပေးရမလဲဆိုတော့ ” 1234 reset ” ဆိုတာလေးပဲထည့်ရိုက်ပြီး Regular sms ဖြင့် Send လိုက်ပါ။

၅။ SMS Bypass Application သွင်းထားသော Lock ရှီသည့်ဖုန်းမှာ Reboot ကြသွားပါလိမ့်မည်။ Reboot ပြန်တက်လာပါက Lock
များရှိတော့မည်မဟုတ်ပါ။ အဆင်ပြေစွာအသုံးပြုနိုင်ကြပါစေ ….

No comments:

Post a Comment

http://i1323.photobucket.com/albums/u591/aungaung13/cooltext666275999_zpsbe12bc0c.gif