(နည်းပညာ)ပြန်လည်မျှဝေပေးခြင်း

မင်္ဂလာပါခင်ဗျာ ... ကျွန်တော်တင်သမျှ Post လေးများသည် ကျွန်တော်လေ့လာဖူးသမျှကို ပြန်လည်မျှဝေပေးခြင်းဖြစ်ပါတယ်။ သူငယ်ချင်းအားလုံးလည်း ကျွန်တော့် site မှကြိုက်နှစ်သက်တဲ့ မည့်သည့် Post ကိုမဆို မြန်မာ IT နည်းပညာဖွံ့ဖြိုးတိုးတက်ရေးအတွက် ပြန်လည်မျှဝေပေးစေလိုပါတယ်ဗျာ။ ...

25 December 2014

Android တွင် YouTube ကို Offline ကြည့်ရှုနိုင်သည့် စွမ်းဆောင်ချက် ပါရှိလာ ♫

12/26/2014

2
(အားလုံးပဲမင်္ဂလာပါခင်ဗျား)
မိုဘိုင်း အသုံးပြုသူများအတွက် YouTube မှ ဗီဒီယိုများကို Offline ကြည့်ရှုနိုင်သော စွမ်းဆောင်ချက်ကို Google က ထည့်သွင်းပေးလိုက်ပါသည်။ သို့သော် India, Indonesia, Phillipines နိုင်ငံများတွင် နေထိုင် သူများသာ အဆိုပါ စွမ်းဆောင်ချက်ကို အသုံးပြုနိုင်မည် ဖြစ်သည်။

အဆိုပါ နိုင်ငံများတွင် YouTube Video များကြည့်သည့်အခါ Offline Icon ကိုမြင်တွေ့ရမည် ဖြစ်ပြီး အိုင်ကွန်ကို နှိပ်လျှင် Video Quality ကို ရွေးချယ်နိုင်မည် ဖြစ်သည်။ ရွေးချယ်ပြီးလျှင် Cache ဖိုင်များကို ဖုန်းတွင် သိမ်းဆည်းပေးထားမည် ဖြစ်ပြီး အင်တာနက် ဆက်သွယ်မှု မရှိဘဲ ၄၈ နာရီအတွင်း ကြည့်ရှုနိုင်ပါ သည်။

Google က အဆိုပါနိုင်ငံသုံးခုကို ရွေးချယ်ခြင်းမှာ မိုဘိုင်း အင်တာနက် နှေးကွေးခြင်းကြောင့် ဖြစ်ပါသည်။ “ အာရှမှာ မိုဘိုင်း အသုံးပြုသူ အလွန်များပြားလာပေမယ့် အမြန်နှုန်းနဲ့ ဈေးနှုန်း အပိုင်းမှာ အားနည်းနေ ပါသေးတယ်။ အဲဒီအတွက် အဆင်ပြေအောင် ပြုလုပ်ပေးတာပါ။ “ ဟု Google က ဘလော့ဆောင်းပါး တစ်ခုတွင် ရေးသားထားပါသည်။

Google က အာရှနိုင်ငံများမှ လူများအတွက် ကုန်ကျစရိတ် သက်သာစွာ ကြည့်ရှုနိုင်သည့် ဗီဒီယိုများကို ပံ့ပိုးပေးရန် နည်းလမ်းများကို ရှာဖွေနေမည်ဟု ပြောပါသည်။

Myanmar DigitalLife Journal

No comments:

Post a Comment

http://i1323.photobucket.com/albums/u591/aungaung13/cooltext666275999_zpsbe12bc0c.gif