(နည်းပညာ)ပြန်လည်မျှဝေပေးခြင်း

မင်္ဂလာပါခင်ဗျာ ... ကျွန်တော်တင်သမျှ Post လေးများသည် ကျွန်တော်လေ့လာဖူးသမျှကို ပြန်လည်မျှဝေပေးခြင်းဖြစ်ပါတယ်။ သူငယ်ချင်းအားလုံးလည်း ကျွန်တော့် site မှကြိုက်နှစ်သက်တဲ့ မည့်သည့် Post ကိုမဆို မြန်မာ IT နည်းပညာဖွံ့ဖြိုးတိုးတက်ရေးအတွက် ပြန်လည်မျှဝေပေးစေလိုပါတယ်ဗျာ။ ...

25 December 2014

Facebook Etiquette ဖေ့စ်ဘွတ် ကျင့်ဝတ် (လူတိုင်း ဖတ်ရန်)

12/25/2014

(အားလုံးပဲမင်္ဂလာပါခင်ဗျား)

၁။ တကိုယ်ရေ (ပုဂ္ဂိုလ်ရေး) တွေကို ‘မက်ဆေ့ခ်ျ’ ကနေသာတင်ပါ။ ‘ဝေါလ်’ ပေါ်မှာမတင်ပါနဲ့။
၂။ ‘ကွန်မင့်’ တွေဟာ မေးခွန်းဖြစ်နေမှသာ ပြန်ဖြေပါ။
၃။ ‘ပို့စ်’ တိုင်းမှာ ‘ကွန်မင့်’ လိုက်ပေးနေတာ မလုပ်သင့်ပါ။
၎။ ထပ်ချည်းတလဲ ‘ရှယ်’ မလုပ်သင့်ပါ။
၅။ ကိုယ်တင်လိုက်တာရဲ့ အတိမ်အနက်နဲ့ ဘယ်အထိရောက်သွားသလဲကို သိထားပါ။
၆။ တင်လိုက်တာတွေ အများစုဟာ ‘ပို့စ်’ လို့ မခေါ်ထိုက်ပါ၊ ‘ပုဂ္ဂိုလ်ရေးသတင်း’ သာ ဖြစ်တယ်။ ထူးခြားတဲ့ သတင်း စကားမျိုးကို ဖုန်းကနေဖြစ်စေ SMS မသုံးပါနဲ့။ ကောင်းတာဖြစ်စေ၊ ဆိုးတာဖြစ်စေ မယဉ်ကျေးရာကျတယ်။

၇။ ကိုယ့် ‘ပို့စ် ကွန်မင့်’ တွေရဲ့ ‘တုန်း’ (အနိမ့်အမြင့်) ကို သတိထားရွေးချယ်ပါ။ ရိုင်းပျတာ၊ ဆဲရေးတိုင်းထွာတာ၊ နားလည်မှုလွဲတတ်တာကို ဆင်ခြင်ပါ။ ပြုံးရယ်စရာတခုကနေ ဖတ်တဲ့သူတိုင်းကို ပြုံးရွှင်စေနိုင်တယ်မဟုတ်ပါလား။
၈။ တစိမ်းတွေကို မိတ်ဆွေဖွဲ့ကြည့်ပါ။ ကိုယ့်ရဲ့ ‘ဖရင်း’ အရေအတွက်ဟာ ‘စတေးတပ်စ်’ ကိုယ့်အဆင့်အတန်းလို့ ယူဆသူတွေရှိတယ်။ ဒါပေမဲ့ အဲလိုဟာကို ကြွားချင်လို့နဲ့တော့ မိတ်ဆွေမများများအောင်လုပ်တာကတော့ မသင့်ပါ။
၉။ Unglam shots (unglamorous pictures) ခေါ်တဲ့ မလျှော်တဲ့ပုံတွေ ဥပမာ အရက်သောက်နေတဲ့ပုံ၊ အိပ်ယာ ထကာစပုံတွေကို ခပ်ပေါ့ပေါ့သဘောထားပြီးတင်ရင် အများသူငါက မနှစ်ခြိုက်တတ်ပါ။
၁ဝ။ ‘ဖေ့စ်ဘွတ်’ ဆိုတာ အသွားနှစ်ဖက်ပါတဲ့ဓါးလိုပဲ။ ‘ဖရင်း’ အချင်းချင်းကြား ပိုပြီးရင်းနှီးမှုရစေနိုင်သလို၊ သင်ရဲ့အကြောင်း မလိုအပ်တာတွေကိုပါ သိသွားစေနိုင်တယ်။
၁၁။ Chain Status Updates ခေါ်တဲ့ “ဒီသတင်းကို လူဘယ်နှစ်ဦးထံ ‘ရှယ်’ လုပ်ပါ။ မလုပ်ရင် သင်ဘာဖြစ်သွားမယ်” ဆိုတာမျိုး ‘ဖေ့စ်ဘွတ်’ မှာ မလုပ်သင့်ပါ။ ကောင်းစေချင်တဲ့ စေတနာနဲ့သာသုံးပါ။
၁၂။ လွတ်လပ်တဲ့ ‘အင်တာနက်’ မှာ လူတိုင်းလွတ်လပ်ခွင့်ရှိပါတယ်။ ကိုယ်မကြိုက်တာနဲ့ သူတပါးကို ‘ဒစ်လိုက်ခ်’ လုပ်တာ မသင့်လှပါ။ ဒါကြောင့် ‘ဖရင်း’ အသစ်တွေကို ‘အဒ်’ လုပ်ရင် သတိထားပါ။ ထည့်ပြီးမှ ဖြုတ်နေရတာ မကောင်းလှပါ။ လုပ်သင့်ရင်လဲ ရဲရဲသာလုပ်လိုက်ပါ။
အဆုံးမှာတော့ ‘ဖေ့စ်ဘွတ်’ မှာ ဒီ Etiquette rules ယဉ်ကျေးမှုကျင့်ဝတ်တွေကို လိုက်နာမယ်၊ မလိုက်နာချင်ဘူးဆိုတာ ကျွန်တော်တို့သဘောသာ ဖြစ်ပါတယ်။ ရယ်မောစရာနဲ့ စိတ်သောကရောက်စရာအကြားမှာ ‘ဘဲလင့်စ်’ မျှခြေကိုတော့ ရှာသင့်တယ်။ ထိန်းချုပ်မှုများလွန်းရင်လဲ ‘ခရီယေတစ်ဗတီ’ ခေါ်တဲ့ ဆန်းသစ်တီထွင်မှုမှာ အားနည်းစေမယ်။ ချက်ချင်း သဘောဖြစ်တယ်ဆိုတဲ့ မြန်ဆန်မှုကိုပါ နှေးစေနိုင်တယ်။ အများသူငါတွေနဲ့ကိုယ် ဆက်စပ်နေတာကို မပြတ်သိထားပါ။ ‘ပရိုက်ဗေစီ’ ကိုယ်ပိုင်သီးသန့်ရှိမှုကိုတော့ အထိပါးမခံပါနဲ့။ မှန်ကန်တဲ့ မျှခြေကို ရှာတတ်ပါစေ။ ‘ဖေ့စ်ဘွတ်’ သုံးရတာ ပျော်စရာဖြစ်ပါစေ။ အကျိုးရှိတာဖြစ်ပါစေ။

ဒေါက်တာတင့်ဆွေ

No comments:

Post a Comment

http://i1323.photobucket.com/albums/u591/aungaung13/cooltext666275999_zpsbe12bc0c.gif