CarPlay ဆိုတာကတော့ ၂၀၁၄ ခုနှစ်နောက်ပိုင်းထုတ် မော်ဒယ်မြင့်ကားတွေမှာပါဝင်လာတဲ့ Feature ဖြစ်ပါတယ်။ CarPlay ဟာ iPhone ကိုကားမောင်းနေစဉ် ကိုင်တွယ်အသုံးပြုစရာမလိုဘဲ အသုံးပြုနိုင်အောင်လုပ်ပေးထားတဲ့ Feature ဖြစ်ပါတယ်။ iPhone ကိုကားမှာ Built-in ပါဝင်တဲ့ Touch Screen နဲ့ချိတ်ဆက်လိုက်တာနဲ့ ကားရဲ့ Touch-Screen မှာ iPhone ထဲကအသုံးဝင် function တစ်ချို့ကိုအသုံးပြုနိုင်စေမှာပဲဖြစ်ပါတယ်။

ကားမောင်းနေစဉ် CarPlay feature ကိုအသုံးပြုခြင်းအားဖြင့် လမ်းညွှန်မြေပုံ ၊ ဖုန်းခေါ်ဆိုမှု ၊ သီချင်းရွေးခြင်း ၊ သီချင်းနားထောင်ခြင်းနဲ့ SMS ပို့ခြင်း ၊ SMS ဖတ်ခြင်းများကို ဖုန်းကိုကိုင်စရာမလိုဘဲ ကားရဲ့ Touch Screen ကနေတိုက်ရိုက်လုပ်ဆောင်နိုင်မှာပါ။

နောက်ဆုံးပေါ်ကားမဟုတ်ရင်တောင် လက်ရှိစီးနေတဲ့ကားတွေမှာ CarPlay iOS feature အသုံးပြုနိုင်ဖို့အတွက် ကားကက်ဆက်တွေ ၊ ကား DVD Player တွေထုတ်လုပ်နေတဲ့ Pioneer ကဲ့သို့သော ကုမ္ပဏီတွေနဲ့လည်းပူးပေါင်းသွားမယ်လို့သိရပါတယ်။

အခုတော့ iOS Developer “Adam Bell” က အခြား Screen Display တစ်ခုမလိုဘဲ ၊ မိမိရဲ့ iPhone ပေါ်မှာပဲ CarPlay iOS Feature ကိုအသုံးပြုနိုင်အောင်လုပ်ဆောင်ပေးနိုင်မယ့် application တစ်ခုကိုထုတ်ပေးလိုက်ပါပြီ။ ဒီ app ကိုအသုံးပြုဖို့ မိမိဖုန်းဟာ iOS 8 နှင့်အထက် တင်ထားရမှာဖြစ်ပြီး Jailbreak ပြုလုပ်ထားတဲ့ ဖုန်းဖြစ်ရပါမယ်။

Developer “Adam Bell” ဖန်တီးလိုက်တဲ့ CarPlay iOS app ထဲမှာ လောလောဆယ်အနေနဲ့ application ၂ ခုသာပါဝင်ပါသေးတယ်။ ဒါပေမယ့် နောက်ပိုင်းထပ်ထုတ်မယ့် update version တွေကျရင် CarPlay iOS feature တွေအကုန်သုံးလို့ရအောင်လုပ်ဆောင်ပေးသွားမယ်လို့ဆိုပါတယ်။
CarPlay iOS feature ကိုဖုန်းပေါ်မှာပဲအသုံးပြုနိုင်ပြီဖြစ်တဲ့အတွက် ငွေကြေးပိုင်းအရလည်းတော်တော်လေးအဆင်ပြေသွားစေပါတယ်။ CarPlay iOS feature ကို iPhone မှာအသုံးပြုလိုသူတွေအတွက် Cydia ရဲ့ Search ကဏ္ဍကနေတစ်ဆင့် CarPlay လို့ရိုက်ရှာပြီး Install ပြုလုပ်နိုင်ပါတယ်။
အားလုံးပဲအဆင်ပြေကြပါစေ။
သက်နိုင်စိုး (Myanmar Mobile App Store)
No comments:
Post a Comment
http://i1323.photobucket.com/albums/u591/aungaung13/cooltext666275999_zpsbe12bc0c.gif