(နည်းပညာ)ပြန်လည်မျှဝေပေးခြင်း

မင်္ဂလာပါခင်ဗျာ ... ကျွန်တော်တင်သမျှ Post လေးများသည် ကျွန်တော်လေ့လာဖူးသမျှကို ပြန်လည်မျှဝေပေးခြင်းဖြစ်ပါတယ်။ သူငယ်ချင်းအားလုံးလည်း ကျွန်တော့် site မှကြိုက်နှစ်သက်တဲ့ မည့်သည့် Post ကိုမဆို မြန်မာ IT နည်းပညာဖွံ့ဖြိုးတိုးတက်ရေးအတွက် ပြန်လည်မျှဝေပေးစေလိုပါတယ်ဗျာ။ ...

25 December 2014

kitkat version 4.4.2 root ဖောက်နည်း နှင့် မြန်မာစာထည့်နည်း

12/26/2014

(အားလုံးပဲမင်္ဂလာပါခင်ဗျား)
အခုသူငယ်ချင်းတွေအတွက် မတင်တာလဲကြာပြီဆိုတော့ အခုကျွန်တော်တင်ပေးမှာကတော့ Asus zenfone 5 kitkat version 4.4.2 ကို root လုပ်နည်းလေးဖြစ်ပါတယ် 
လိုအပ်တဲ့ software တွေကိုအောက်မှာ download ကိုနှိပ်ပြီးဒေါင်းယူလိုက်ပါ File Size ကတော့ 74 MB ရှိပါတယ် 
ဒေါင်းထားတဲ့ဖိုင်ကို Desktop ပေါ်မှာအရင်ဖြေလိုက်ပါ ဖုန်းနဲ့ကွန်ပျူတာကိုချိတ်လိုက်ပါအောက်ပုံအတိုင်း driver ကို ရှာနေပါလိမ့်မယ် တွေ့သွားရင်တော့ အောက်ကပုံအတိုင်းတွေ့ပါလိမ့်မယ်
 ပြီးရင်အခုနကဖိုင်ထဲကနောက်တစ်ဖိုင်ဖြစ်တဲ့ RootZenFone5 root ဖိုင်ထဲကိုဝင်ပြီး အောက်မှာပြထားတဲ့ပုံထိရောက်အောင် ဝင်ပြီး files ပေါ်မှာ shift ခလုတ်ကိုဖိထားပြီး Mouse ကို right click နှိပ်လိုက်ပါ အောက်ကပုံအတိုင်းပေါ်လာရင် open command window နှိပ်လိုက်ပါ
 ပုံအတိုင်း cmd ပွင့်လာပါက device ဆိုတဲ့စာလုံးကိုရိုက်ပြီး enter ခေါက်လိုက်ပါ
ဖုန်းထဲမှာအောက်ကပုံအတိုင်းပေါ်လာရင် Always allow from this computer ကိုအမှတ်ချက်ပေးပြီး OK နှိပ်လိုက်ပါ
 6.အခုနကဖွင့်ထားတဲ့ဖိုင်အောက်က အောက်မှာအနီရောင်နဲ့ဝိုင်းပြထားတဲ့ဖိုင် (Root-Zenfone5-ww) ကိုနှစ်ချက်နှိပ်ပြီး ဖွင့်လိုက်ပါ
 အောက်မှာပြထားတဲ့ပုံအတိုင်း တစ်ဖြည်းဖြည်းချင်းကျလာလိမ့်မယ် ခဏစောင့်လိုက်ပါ
 နောက်ထပ်အောက်ကအနီရောင်ဝိုင်းထားတဲ့ အတိုင်းတက်လာပါက ဖုန်းကို root လုပ်လို့ပြီးသွားပါပြီ
 root လုပ်လို့အာင်မြင်သွားရင်တော့ဖုန်းထဲမှာ အောက်ကပုံမှာ အနီရောင်လေးဝိုင်းထားတဲ့ (SuperSu) Icon လေးရောက်နေတာကိုတွေ့ရပါလိမ့်မယ် ဒါဆိုရင်တော့ ဖုန်း Root ဖောက်လို့အောင်မြင်ပါပြီ
အားလုံးအရှင်ပြေပါစေ့

No comments:

Post a Comment

http://i1323.photobucket.com/albums/u591/aungaung13/cooltext666275999_zpsbe12bc0c.gif