MP3 များကို စာသားထိုးခြင်း Cover ပုံထည့်ခြင်းများ လုပ်ဆောင်နည်း
သတင်းစကား ။ ။ စာရေးတာ အတုံးတွေဖြစ်နေတယ် သိပ်အဆင်မပြေဘူးဆိုရင် ဒီမှာ ကျနော်အသစ်တင်ထားတဲ့ MusiBee ဆော့ဝဲကို သွားရောက်လေ့လာလိုက်ပါ ပိုပြီးလွယ်ကူသလို

မြန်မာဖောင့်လဲ မြင်ရပါတယ် :)
http://freemobilesharing.blogspot.com/2014/04/musicbee-mp3.html
xxxxxxxxxxxxxxxxxxxxxxxxxxxxxxxx
iOS ဖုန်းကတော့ MP3 ကို ဖွင့်နားထောင်လိုက်တာနဲ့ စာတန်းထိုးနဲ့ ပေါ်နေတာကို တွေ့ရပါမယ် ။
Android ဖုန်း MP3 Player မှာလဲ Lyrics ပေါ်ဖို့ကို ဖက်ရှင်ပါဝင်ပြီးသားဖြစ်ပါတယ် Player Settings ထဲမှာ သွားရောက် On ပေးလိုက်ရင် ပေါ်လာမှာဖြစ်ပါတယ် ။
မပါဝင်ဘူးဆိုရင်တော့ Android တိုင်းအတွက် MP3 အတွင်းထဲကို Lyrics ထည့်ထားပြီးသား သီချင်းများကို စာတန်းပေါ်ပေးတဲ့ Rocket Player ကို မားကပ်မှာ သွားရောက်ဒေါင်းယူလိုက်ပါ ။ https://play.google.com/store/apps/details?id=com.jrtstudio.AnotherMusicPlayer
သီချင်းကိုဖွင့်လိုက်ပြီးရင် Settings ထဲကိုဝင်လိုက်ပြီး Show Embedded Lyrics ကို နှိပ်ပေးလိုက်ပါ စာသားပေါ်လာပါလိမ့်မယ် :)
ကူညီပေးရန် ။ ။ မိမိတို့ လုပ်ပြီးသော MP3 ကိုဖြစ်စေ ။ လိုချင်သော MP3 ကိုဖြစ်စေ
Myanmar MP3 Lyrics Group မှာ လာရောက်တင်ပေးကြ တောင်းဆိုကြပေးဖို့ မေတ္တာရပ်ခံပါတယ် ။
Myanmar MP3 Lyrics Group သို့ https://www.facebook.com/groups/694937647219305/

အရမ်းကိုလွယ်ကူပါတယ် ထိုသို့လုပ်ဆောင်ဖို့ရန် မိမိကွန်ပြူတာမှာ MediaMonkey ဆိုတဲ့ ဆော့ဝဲလေးရှိထားဖို့ပဲ လိုအပ်ပါတယ်
MediaMonkey ဆော့ဝဲကို မူရင်းလင့် ဒီမှာသွားရောက်ဒေါင်းယူပါ
ဆော့ဝဲကို အင်စတောလုပ်လို့ပြီးဆိုရင် ဖွင့်လိုက်ပါ ။
ပြီးရင်တော့ အောက်မှာပြထားတဲ့ ပုံအတိုင်းတစ်ဆင့်ခြင်းဝင်သွားလိုက်ပါ
File ဆိုတဲ့စာကိုနှိပ်၍ Open URL or File.... ဆိုတာကိုနှိပ်ပြီး မိမိလုပ်လိုသော MP3 သီချင်းကို သွားရွေးပေးလိုက်ပါ ။
အထဲရောက်ရှိသွားတဲ့ မိမိ MP3 သီချင်းပေါ်ကို RightClick နှိပ်လိုက်ပြီး Properties ဆိုတဲ့စာကို ဝင်လိုက်ပါ ။
ထွက်ကြလာတဲ့ ဘောက်ရဲ့အပေါ်ဘားက Lyrics ထဲကို ဝင်လိုက်ပြီး အကွက်ထဲမှာ သီချင်းစာသားကို ထည့်လိုက်ယုံပါပဲ ။
( စာသားရေးတဲ့အခါမှာ မြန်မာဖောင့်မမြင်ရပါဘူး ဒါ့ကြောင့် Text ဖိုင် တစ်ခုခုမှာရေးပြီးမှ ထိုအကွက်ထဲကို စာသွားချပေးလိုက်ပါ )
Cover ပုံထည့်ချင်သေးတယ်ဆိုရင် Artwork ထဲကိုဝင်ပြီး Add နှိပ်ကာ ပုံထည့်နိုင်ပါတယ် ။

ပြီးရင်တော့ ( OK ) နှိပ်လိုက်ပါ ။
ထို MP3 ၏အတွင်းထဲတွင် စာတန်းထိုးပါဝင်ပြီးသား ဖြစ်သွားပါပြီ ။ ထိုစာတန်းထိုးပြီးသား MP3 သီချင်းကို ဖုန်းတို့ ကွန်ပြူတာတို့တွင် ဖွင့်တာနှင့် စာတန်းထိုးဖော်ပြနေတာကို တွေ့ရမှာဖြစ်ပါတယ် ။

ကွန်ပြူတာမှာ စာတန်းထိုးမပေါ်ဘူးဆိုသူများ
ပုံတွင်ပြထားသည့်အတိုင်း Windows Media Player ပေါ်တွင် RightClick နှိပ်၍
Lyrics ဆိုတဲ့ထဲကို ဝင်လိုက်ပြီ On ထားပေးလိုက်ပါ ပြီးရင် MP3 ကို
ပြန်ဖွင့်ကြည့်လိုက်ပါ စာတန်းထိုး ပေါ်နေတာကိုတွေ့ရပါမယ် :)
iOS ဖုန်းကတော့ MP3 ကို ဖွင့်နားထောင်လိုက်တာနဲ့ စာတန်းထိုးနဲ့ ပေါ်နေတာကို တွေ့ရပါမယ် ။
Android ဖုန်း MP3 Player မှာလဲ Lyrics ပေါ်ဖို့ကို ဖက်ရှင်ပါဝင်ပြီးသားဖြစ်ပါတယ် Player Settings ထဲမှာ သွားရောက် On ပေးလိုက်ရင် ပေါ်လာမှာဖြစ်ပါတယ် ။
မပါဝင်ဘူးဆိုရင်တော့ Android တိုင်းအတွက် MP3 အတွင်းထဲကို Lyrics ထည့်ထားပြီးသား သီချင်းများကို စာတန်းပေါ်ပေးတဲ့ Rocket Player ကို မားကပ်မှာ သွားရောက်ဒေါင်းယူလိုက်ပါ ။ https://play.google.com/store/apps/details?id=com.jrtstudio.AnotherMusicPlayer
သီချင်းကိုဖွင့်လိုက်ပြီးရင် Settings ထဲကိုဝင်လိုက်ပြီး Show Embedded Lyrics ကို နှိပ်ပေးလိုက်ပါ စာသားပေါ်လာပါလိမ့်မယ် :)
Credit to http://freemobilesharing.blogspot.com
Thiha Htike(THT)
thihahtike.it@gmail.com
0973151297
ဆရာတစ်ယောက်မဟုတ်ပါနော် နည်းပညာလောကထဲစ၀င်လာကတည်းက ကျွန်တော် ဒီလိုမျိုး အစီအစဉ်လေးလုပ်ခဲ့တာပါ .. အားလုံးကကျွန်တော့်ဆရာတွေပါ အခုဒီပို့စ်ကိုကြည့်နေသူလည်းကျွန်တော့်ဆရာပါ :D
ကျွန်တော့်ထံသို့ မေးလ်ဖြင့်ဖြစ်စေ၊ဖုန်းဆက်ပြီးဖြစ်စေ Mobile နည်းပညာများ မေးမြန်းနိုင်ပါကြောင်း သိသလောက်ကို ဖြေပေးပါ့မယ်ခင်ဗျာ....
မှတ်ချက်။ ။ ကျွန်တော့်ကို Message နဲ့ပို့ပြီးမမေးဖို့ အထူးပြောလိုပါတယ် .ဖုန်းဆက်ပြီးသော်လည်းကောင်း မေးလ်ဖြင့်သော်လည်းကောင်းတိုက်ရိုက်မေးမြန်းနိုင်ပါတယ်ခင်ဗျာ (only voice call & Email )အမှန်တစ်ကယ်ပြောရရင် ပြန်ပို့ဖို့ပိုက်ပိုက်မရှိလို့ပါခင်ဗျာ :P
Welcome From My Blog

No comments:
Post a Comment
http://i1323.photobucket.com/albums/u591/aungaung13/cooltext666275999_zpsbe12bc0c.gif