(နည်းပညာ)ပြန်လည်မျှဝေပေးခြင်း

မင်္ဂလာပါခင်ဗျာ ... ကျွန်တော်တင်သမျှ Post လေးများသည် ကျွန်တော်လေ့လာဖူးသမျှကို ပြန်လည်မျှဝေပေးခြင်းဖြစ်ပါတယ်။ သူငယ်ချင်းအားလုံးလည်း ကျွန်တော့် site မှကြိုက်နှစ်သက်တဲ့ မည့်သည့် Post ကိုမဆို မြန်မာ IT နည်းပညာဖွံ့ဖြိုးတိုးတက်ရေးအတွက် ပြန်လည်မျှဝေပေးစေလိုပါတယ်ဗျာ။ ...

09 December 2014

မိမိ PC ကို အခြားသူများ ဝင်ရောက် အသုံးပြုမှုအား စစ်ဆေးခြင်း

20/09/2014

မိမိအသုံးပြုနေတဲ့ ကွန်ပျူတာကို အခြားသူ တစ်ဦးတစ်ယောက် အသုံးပြုသွားလားဆိုတာကို  ကြည့်ရှုဖို့နဲ့ ကွန်ပျူတာရဲ့ Startup နဲ့ Shutdown Log တွေကို သိရှိ နိုင်ဖို့အတွက် အလွယ်တကူနဲ့ ရှာဖွေ ကြည့်ရှုနိုင်မှာ ဖြစ်ပါတယ်။ ကွန်ပျူတာ Boot တက်ချိန်တွေနဲ့ မည်သည့်အချိန်မှာ Shutdown ပြုလုပ်မှုများကို Log  ဖိုင်တွေနဲ့ စနစ်တကျ မှတ်သားထားတာ ဖြစ်တဲ့ အတွက် အလွယ်တကူနဲ့ ပြန်လည်ရှာဖွေ ကြည့်ရှုနိုင်မှာ ဖြစ်ပါတယ်။ PC Startup နဲ့ Shutdown Log များကို ကြည့်ရှုဖို့ အတွက် Win + R ကိုတွဲနှိပ်ပြီး Run Box ကို ခေါ်ရမှာ ဖြစ်ပါတယ်။ Run Box ရောက်ပြီဆိုရင် eventvwr.msc ဆိုတဲ့ Command ကို ရိုက်ထည့်လိုက်ပါ။ ဒါဆိုရင် Event Viewer ဆိုတဲ့ Box တစ်ခုကျလာမှာ ဖြစ်ပါတယ်။ Windows Startup နဲ့ Shutdown Log  တွေကို ကြည့်ရှုဖို့ အတွက်ဆိုရင် ဘယ်ဘက် Panel ထဲက Windows Logs ဆိုတာကို ရွေးချယ်ပြီး System မှာ ကြည့်ရှုနိုင်မှာ ဖြစ်ပါတယ်။
 
ဒါ့အပြင် Event Viewer Local ကနေ ကြည့်မယ်ဆိုရင် Error ဖြစ်ခဲ့တဲ့ App တွေ၊ System ပိုင်း Error ဖြစ်ခဲ့တာတွေကို အသေးစိတ် ကြည့်ရှုနိုင်မှာ ဖြစ်ပါတယ်။ Error, Critical, Warning, Information, Audit Success အစ ရှိတာတွေကို  အသေးစိတ် သိရှိနိုင်ဖို့အတွက် အချိန်တွေ၊ ရက်တွေနဲ့ Log ဖိုင်တွေကို မှတ်သားထားပေးပါတယ်။ Windows Logs ရဲ့ System ပိုင်းမှာ Information တွေနဲ့ Error ဖြစ်ခဲ့တာတွေကို လည်း ကြည့်ရှုမှတ်သားနိုင်မှာ ဖြစ်ပါတယ်။
Event Viewer ရဲ့  Windows Logs ရဲ့ System ပိုင်းမှာ ကွန်ပျူတာ စဖွင့်ခဲ့တဲ့ အချိန်ကို နေ့ရက်၊ အချိန် အတိအကျနဲ့ Information မှာဖော်ပြပေးမှာဖြစ်ပြီး၊ ကွန်ပျူတာသုံးနေစဉ် အချိန်တစ်လျှောက်မှာ ဖြစ်နေတဲ့ Error တွေ Malware တွေ့ရှိ တာတွေကိုလည်း တောက်လျှောက် မှတ်တမ်းတင်ပြီး အချိန်အလိုက် ဖြစ်ပျက်နေတာတွေကို မှတ်တမ်းတင်ထားမှာ ဖြစ် ပါတယ်။
Internet Journal

No comments:

Post a Comment

http://i1323.photobucket.com/albums/u591/aungaung13/cooltext666275999_zpsbe12bc0c.gif