(နည်းပညာ)ပြန်လည်မျှဝေပေးခြင်း

မင်္ဂလာပါခင်ဗျာ ... ကျွန်တော်တင်သမျှ Post လေးများသည် ကျွန်တော်လေ့လာဖူးသမျှကို ပြန်လည်မျှဝေပေးခြင်းဖြစ်ပါတယ်။ သူငယ်ချင်းအားလုံးလည်း ကျွန်တော့် site မှကြိုက်နှစ်သက်တဲ့ မည့်သည့် Post ကိုမဆို မြန်မာ IT နည်းပညာဖွံ့ဖြိုးတိုးတက်ရေးအတွက် ပြန်လည်မျှဝေပေးစေလိုပါတယ်ဗျာ။ ...

09 January 2015

Ashampoo Movie Studio Pro 1.0.17.1 + Full Patch

01/09/2015

Ashampoo Movie Studio Pro | minnoru

(မိတ်ဆွေများအားလုံးပဲမင်္ဂလာပါခင်ဗျား)

Ashampoo Movie Studio Pro ကတော့ Movies များကို အကောင်းဆုံးအရည်အသွေးများနဲ့ မိမိလိုအပ် သလိုမျိုး Editing လုပ်ပေးနိုင်တဲ့ Software တစ်ခုဖြစ်ပါတယ်ဗျာ။ Editing ဆိုတဲ့အသုံးအနှုန်းတစ်ခုက အများကြီးကျယ်ပြန့်ပါတယ်။ ဒီကောင်လေးကလည်း Editing နဲ့ပတ်သက်သမျှလုပ်ဆောင်ချက်ပေါင်းများ စွာကို လုပ်ဆောင်ပေးနိုင်မှာဖြစ်ပါတယ်။ Movies များကို မိမိလိုချင်တဲ့ Format ရရှိအောင် Convert လုပ် နိုင်ခြင်း ၊ မိမိလိုချင်တဲ့ ဇတ်ဝင်ခန်းတွေကိုပဲသီးသန့်ရရှိအောင် တီးဖြတ်နိုင်ခြင်း ၊ တီးဖြတ်ထားပြီးသား ဇတ်ဝင်ခန်းများကို ပေါင်းစပ်ပေးနိုင်ခြင်း ၊ Video များကို နောက်ခံအသံဖျောက်ပြီး သီချင်းနောက်ခံအသံကို ထည့်သွင်းပေးနိုင်ခြင်း ၊ ဓါတ်ပုံများကို Effect များထည့်ပြီး နောက်ခံသီချင်းဖြင့် Slide Show ပြုလုပ်နိုင်ခြင်း ၊ Video နှင့် Photo Slide Shwo များပေါ်တွင် နောက်ခံစာသားများထည့်သွင်းပေးနိုင်ခြင်းစသည်တို့အပြင် အခြားသော Editing ပေါင်းများစွာကို လုပ်ဆောင်ပေးနိုင်မှာဖြစ်ပါတယ်ဗျာ။ အမြဲတမ်းအသုံးပြုနိုင်ဖို့ အတွက် Patch File ကိုပါတင်ပေးလိုက်ပါတယ်ဗျာ။ အောက်မှာ Trial Version နဲ့ Patch File နှစ်ခုကိုခွဲပြီး တင်ပေးထားပါတယ်ဗျာ။ Patch File အသုံးပြုပုံကလည်းလွယ်ပါတယ်။ Trial Version ကို Install လုပ်ပြီး Patch File ကို Copy ကူးလိုက်ပါ။ ပြီးသွားရင်တော့ C/Program File/Ashampoo Movie Studio Pro ထဲမှာသွားပြီး Paste လုပ်ပေးလိုက်ပါ။ ပြီးရင် Patch ကို Double Click နှိပ်ပြီး Run ပေးလိုက်ပါ။ Patch ကို နှိပ်ပြီး ခဏစောင့်လိုက်တာနဲ့ Full Version အဖြစ်အသုံးပြုနိုင်ပါပြီဗျာ။ Patch File ကိုအသုံးပြုမယ်ဆို ရင်တော့ Antivirus ကိုပိတ်ထားပေးဖို့လိုပါတယ်ဗျာ။ Window XP , 7 , Vista , 8 , 8.1 (32bit/64bit) အားလုံးမှာအသုံးပြုနိုင်ပါတယ်ဗျာ။


Ashampoo Movie Studio Pro | minnoru


No comments:

Post a Comment

http://i1323.photobucket.com/albums/u591/aungaung13/cooltext666275999_zpsbe12bc0c.gif