01/22/2015
(မိတ်ဆွေများအားလုံးပဲမင်္ဂလာပါခင်ဗျား)
Samsung Galaxy S5 ၏ရောင်းအားမှာ ယခင် Samsung ဖုန်းများထက် ရောင်းအား သိသာစွာကျဆင်းခဲ့ပြီးနောက် ပြီးခဲ့သည့် ၂၀၁၄ မေလကတည်းက Samsung သည် Design ပိုင်းဝန်ထမ်းအပြောင်းလဲများပြုလုပ်နေခဲ့ရသည်။ Samsung မှနောက်ထွက်မည့်ဖုန်းများကို ဒီဇိုင်းထုတ်ရန် Apple Designer “Jony Ive” ပါဝင်တည်ထောင်ခဲ့သည့် ဒီဇိုင်းကုမ္ပဏီတွင် Co-CEO အဖြစ်လုပ်ကိုင်ခဲ့သည့် ဒီဇိုင်နာ Lee Don-tae ကိုငှားရမ်းခဲ့ကြောင်းသိရသည်။Lee Don-tae သည် LG, Toyota နှင့် British Airways ကဲ့သို့သောကုမ္ပဏီများနှင့် ဒီဇိုင်းကဏ္ဍများတွင်လက်တွဲလုပ်ဆောင်ခဲ့ဖူးသည်။ ဒီဇိုင်နာအသစ် အပြောင်းအလဲတွင် Samsung အနေဖြင့် ၄င်းတို့ရဲ့နောက်ပိုင်းထွက်ရှိလာမည့်ဖုန်းများတွင် ယခင်ထွက်ရှိခဲ့ဖူးသော ဖုန်းဒီဇိုင်းများနှင့်ကွဲပြားသည့် ဒီဇိုင်းပုံစံအသစ်များဖြင့်ထုတ်လုပ်သွားရန်ရည်ရွယ်ထားသည်။ Lee Don-tae သည် Samsung mobile product များကိုဒီဇိုင်းရေးဆွဲပေးရသော hardware design team ကိုဦးဆောင်သွားမည်ဟုသိရသည်။
Samsung သည် Apple နှင့် Xiaomi ကဲ့သို့သောပြည်ပမိုဘိုင်းကုမ္ပဏီများနှင့်အပြင်းအထန် ဈေးကွက်ပြိုင်ဆိုင်နေရချိန်တွင် ပြည်တွင်း ပြိုင်ဘက်ကုမ္ပဏီဖြစ်သော LG ကိုလည်း ဈေးကွက်ယှဉ်ပြိုင်နေရသည်။ ပြီးခဲ့တဲ့ 2014 ခုနှစ်တွင် Samsung ဖုန်းများ၏ရောင်းအားမှာ ယခင်နှစ်များထက် ၃၇ ရာခိုင်နှုန်းခန့်ကျဆင်းခဲ့ရသည်။
No comments:
Post a Comment
http://i1323.photobucket.com/albums/u591/aungaung13/cooltext666275999_zpsbe12bc0c.gif