
Samsung မှ ထွက်ရှိလာတဲ့ နောက်ဆုံးပေါ် New GALAXY ဖြစ်တဲ့ S6 နဲ့ S6 Edeg တွင်ထည့်သွင်းပေးထားတဲ့ CPU ဟာဆင့်မြင့်ကွန်ပျူတာတစ်လုံး ကဲ့သို့စွမ်းဆောင်နိုင်စွမ်းရှိတဲ့ 64 bits Octa Core CPU 2.1GHz ကိုထည့်သွင်းပေးထားတဲ့အတွက် အကောင်းမွန်ဆုံးသော အရည်အသွေးနဲ့စွမ်းဆောင်ရည်တွေကို ပိုင်ဆိုင်နိုင်မှာဖြစ်ပါတယ် ။

GALAXY S6 Edge မှာထည့်သွင်းထားတဲ့ Smart Manager Function လေးဟာ သင့်ဖုန်းရဲ့ Battery၊ Memory နဲ့ သင့်ဖုန်းရဲ့ လုံခြုံရေးဆိုင်ရာ ထိန်းချုပ်မှုတွေ ကို တစ်နေရာတည်းမှာ အဆင်ပြေပြေနဲ့ စုစည်းအသုံးပြုနိုင်အောင် ဆောင်ရွက်ထားတဲ့ လုပ်ဆောင်ချက်တစ်ခုပဲဖြစ်ပါတယ်။

Samsung GALAXY S6 Edge မှာပါဝင်တဲ့ကင်မရာသည် အလင်းတံခါးချိန်ညှိမှု (Aparture) 1.9 ကို Front and Back ထောက်ပံ့ပေးထားသည့်အတွက်၊ အလင်းရောင်နည်းပါးချိန်များတွင် အရည်အသွေးမြင့်မားစွာဖြင့် ပုံရိပ်များဖမ်းယူနိုင်သည့် အကောင်းဆုံးသော ဖုန်းတစ်လုံးအဖြစ် သတ်မှတ်ထားခြင်းခံရပါသည်။

Samsung GALAXY S6 Edge ဟာ ထူးခြားတဲ့ဒီဇိုင်းအသွင်အပြင်တစ်ခုဖြစ်တဲ့ Metal နဲ့ Glass ကိုအချိုးညီ ပေါင်းစပ်ဖွဲ့စည်းတည်ဆောက်ထားခြင်းကြောင့် မိတ်ဆွေတို့ကို ထူခြားတဲ့အတွေ့အကြုံ ခံစားမှုအသစ်တွေကို ပေးစွမ်းနိုင်ပါတယ်။

GALAXY S6 မှာပါဝင်တဲ့ S Voice Function ဟာ သင့်ဖုန်းထဲက လုပ်ဆောင်ချက်တွေ ဖြစ်တဲ့ Apps တွေကို ဖွင့်ပြီးအသုံးပြုဖို့ နဲ့ Google မှာ Search လုပ်တာတွေ အပြင်၊ တခြားသောလုပ်ဆောင်ချက်တွေကို စက္ကန့်ပိုင်းအတွင်း ဆောင်ရွက်ပေးနိုင်ဖို့အတွက် သင့်ကိုအကောင်းဆုံးကူညီပေးမှာဖြစ်ပါတယ်

GALAXY S6 တွင်နောက်ဆုံးပေါ် Samsung SmartTV များဖြင့်ချိတ်ဆက်ပြီး Screen Share ပြုလုပ်နိုင်သည့် လုပ်ဆောင်ချက်များ ထည့်သွင်းပေးထားသည့်အတွက် ဖုန်းထဲတွင် မှတ်သားထားသော မှတ်စုများ၊ Reminders များနှင့် ဓါတ်ပုံများကို Smart TV များတွင် ပြန်လည်ကြည့်ရှုနိုင်ပါသည်။

No comments:
Post a Comment
http://i1323.photobucket.com/albums/u591/aungaung13/cooltext666275999_zpsbe12bc0c.gif