Batman vs Superman: Dawn of Justice ကို စောင့်မျော်နေကြတာ
ကျွန်တော်တစ်ယောက်တည်း မဟုတ်ဘူးလို့ ယုံကြည်ပါတယ်။ လင်းနို့လူသားနဲ့
စူပါမန်းတို့ တိုက်တဲ့အခါ ဘယ်သူ နိုင်မလဲဆိုတာ ငယ်ငယ်တုန်းက ဘော်ဒါတွေနဲ့
ငြင်းခဲ့ဖူးသူများလည်း ရှိမှာပေါ့။ ယင်းအတွက် အဖြေကို လာမယ့် ရုပ်ရှင်မှာ
ကြည့်နိုင်ပါတယ်။
Superman မင်းသားက အရင်တစ်ကားကနေ မပြောင်းပေမယ့် လင်းနို့လူသားကတော့ ဘန်းအဖလက်ခ် ဖြစ်သွားပါတယ်။ ဇာတ်လမ်းမှာ စူပါမန်းက ဗီလိန် နေရာမှာ နေရပါလိမ့်မယ်။ ကမ္ဘာမှာ
ဘယ်လူသားမှ စူပါပါဝါ မရသင့်ဘူးဆိုပြီးတော့ မြို့က စူပါမန်းကို
ဆန့်ကျင့်ပါတယ်။ ယင်း ဆန့်ကျင်မှုကြောင့် လင်းနို့လူသားဟာ ထုံးစံအတိုင်း
မြို့ကို ကယ်တင်ဖို့ စူပါမန်းနဲ့ ဖိုက်ပါတော့တယ်။
Trailer မှာ နားထောင်ကြည့်ပါ။ လင်းနို့လူသားက စူပါမန်းကို မေးပါတယ်။ Do
you bleed? မင်းသွေးထွက်တတ်လားတဲ့။ You will ဆိုပြီးတော့ စကားအဆုံးမှာပဲ
Trailer ပြီးသွားပါတယ်။ ဖိုက်တင် ခပ်များများ ပါတဲ့ Trailer များလည်း
ထွက်ရှိလာအုံးမှာ ဖြစ်ပါတယ်။ ၂၀၁၆ မှ ရုံတင်မယ့် ဇာတ်ကား ဖြစ်ပါတယ်။
No comments:
Post a Comment
http://i1323.photobucket.com/albums/u591/aungaung13/cooltext666275999_zpsbe12bc0c.gif