ဒါကြောင့်မို့ ကိုယ်တိုင်ကရော် Data ဘယ်လောက် ကုန်သလဲ ဆိုတာ လေ့လာကြည့်ရအောင်။ စာရေသူကတော့ T-Mobile ရဲ့ Calculator ကို အသုံးပြုပါတယ်။ http://www.t-mobile.com/Tools/MBCalculator.aspx
အခြားသော Mobile Operator များလည်း online calculator များ ရှိနေပါ သေးတယ်။ စာရေးသူရဲ့ အသုံးပြုမှုက တစ်လကို 10 GB လောက် ရှိတာကို လေ့လာ တွေ့ရှိခဲ့ရ ပါတယ်။
ကုန်ကျစရိတ် အကြမ်းဖျဉ်းကတော့ အောက်ပါအတိုင်း ဖြစ်ပါတယ်။
စာချည်းသက်သက် အီးမေးလ် တစ်စောင် : 3 KB – 20 KB
ပုံပါသော အီးမေးလ် : 350 KB
Web page တစ်ခု : 150 KB – 1.5 MB
Facebook တွင် ပုံတစ်ပုံဖြင့် Post တင်လျှင် : 500 KB
Hi-res digital photo upload/download: 1 MB
YouTube ဗီဒိယို တစ်မိနစ် – 2 MB – 5 MB
App, Game, သီချင်း ဒေါင်းလုပ်ခ် : 3 MB – 4 MB
Data ကို အသုံးပြုဖို့ Budget က အကန့်အသတ် ရှိနေတယ်ဆိုရင်တော့ ဥာဏ်ရှိရှိ အသုံးပြုဖို့ လိုအပ် ပါလိမ့်မယ်။ အကယ်၍ ရုံးက wifi ပေးထားတယ်။ internet ပေးတယ် ဆိုရင် မိမိရဲ့ Mobile Data ကို ဖွင့်သုံးနေရန် မလိုအပ်ပါဘူး။ သို့ပေမယ့် ကုမ္ဗဏီ အချို့ကတော့ Mobile Data ကို ပိတ်ထားပါတယ်။
အကယ်၍ သီချင်းတွေ၊ ရုပ်ရှင်တွေ ကိုယ့် ကွန်ပြူတာထဲမှာ ရှိနေရင် အွန်လိုင်းကနေ မကြည့်တာ အကောင်းဆုံးပါ။
နောက်တစ်ချက်က browser မှ Cache and cookie ဖျက်ခြင်း ဖြစ်ပါတယ်။ အကယ်၍ YouTube ဗီဒီယို တစ်ပုဒ် အစဆုံး နားထောင်ပြီးရင် ယင်း သီချင်းကိုပဲ နောက်တစ်ခေါက် နားထောင်ဖို့ ရည်ရွယ်ချက် ရှိတယ်ဆိုရင် အဲ့ဒီ စာမျက်နှာကို မပိတ်မိပါစေနဲ့။ reload ပြန်မလုပ်ပါနဲ့။ သူ့က သီချင်းကို တစ်ခါတည်း stream လုပ်ဖို့ download လုပ်ထားပြီးသားဖြစ်တာကြောင့် reload, tab reopen တို့ လုပ်စရာမလိုပဲ အထပ်ထပ် အခါခါ နားထောင်လို့ ရပါတယ်။ အင်တာနက် Data မကုန်ပါဘူး။ အကယ်၍ ပိတ်ပြီး ပြန်ဖွင့်တယ်။ refresh လုပ်လိုက်တယ်ဆိုရင် Data ထပ်ယူပါလိမ့်မယ်။
.
အောင်ခမ်း (MMAS)



No comments:
Post a Comment
http://i1323.photobucket.com/albums/u591/aungaung13/cooltext666275999_zpsbe12bc0c.gif