(နည်းပညာ)ပြန်လည်မျှဝေပေးခြင်း

မင်္ဂလာပါခင်ဗျာ ... ကျွန်တော်တင်သမျှ Post လေးများသည် ကျွန်တော်လေ့လာဖူးသမျှကို ပြန်လည်မျှဝေပေးခြင်းဖြစ်ပါတယ်။ သူငယ်ချင်းအားလုံးလည်း ကျွန်တော့် site မှကြိုက်နှစ်သက်တဲ့ မည့်သည့် Post ကိုမဆို မြန်မာ IT နည်းပညာဖွံ့ဖြိုးတိုးတက်ရေးအတွက် ပြန်လည်မျှဝေပေးစေလိုပါတယ်ဗျာ။ ...

21 April 2015

၂၀၁၅ မေလ ၁၈ ရက်နေ့ မန္တလေးမြို့တွင် ဖွင့်လှစ်မည့်မိုဘိုင်းဖုန်းပြု ပြင်ရေးတန်းခွဲသစ်များ


ယခုခေတ်သည် မိုဘိုင်းဖုန်းအသုံးပြုမှူများအလွန်များပြားလာသည့်အတွက် မိုဘိုင်းဖုန်းပြုပြင်ခြင်းအတတ်ပညာများကိုလေ့လာထားသင့်သည်။ မိုဘိုင်းဖုန်းပြုပြင်ခြင်းအတတ်ပညာသည် လူကြီးလူငယ် ၊ ယောကျာ်းလေး မိန်းကလေး မရွေးလေ့လာသင်ယူနိုင်ပြီး အမှန်တကယ်လေ့လာသင်ယူတတ်မြောက်ထားပါက ယင်းအတတ်ပညာဖြင့် အသက်မွေးဝမ်းကျောင်းပြုလုပ်နိုင်သော အတတ်ပညာရပ်တစ်ခုပင်ဖြစ်သည်။ မိုဘိုင်းဖုန်းပြု ပြင်ခြင်းအတတ်ပညာများကိုလေ့လာသင်ယူလိုသူများအတွက် ၂၀၁၅ မေလ ၁၈ ရက်နေ့တွင် မန္တလေးမြို့တွင် ဈေးနှုန်းသင့်တင့်စွာဖြင့်သင်ကြားနိုင်မည့်မိုဘိုင်းဖုန်းပြုပြင်ရေး (Software + Hardware) တန်းခွဲသစ်များဖွင့်လှစ်မည်ဖြစ်ပါသည်။
မိုဘိုင်းနည်းပညာဖြင့်အသက်မွေးဝမ်းကျောင်းပြုလုပ်လိုသူတိုင်း တက်ရောက်နိုင်ရန် ရည်ရွယ်ထားသောကြောင့် သင်တန်းသားများအား သင့်တင့်မျှတသောဈေးနှုန်းဖြင့်သာ သင်ကြားပေးလျက်ရှိပါသည်။


Mobile Software System Repairing Course- ၁၈၀၀၀၀ ကျပ်
Mobile Hardware Repairing Course – ၂၀၀၀၀၀ ကျပ် သတ်မှတ်ထားပါသည်။
မန္တလေးမြို့တွင် ဖွင့်လှစ်သင်ကြားလျှက်ရှိသည့် MMAS မိုဘိုင်းဖုန်းပြုပြင်ရေးသင်တန်းကျောင်းသို့ မေးမြန်းစုံစမ်းလိုပါက ၀၉ ၉၁၀ ၃၃၁၃၄ ၊ ၀၉ ၇၉၇၂၄၈၄၈၈ တို့သို့ဆက်သွယ်မေးမြန်းနိုင်ပါသည်။
(Software + Hardware နှစ်မျိုးပေါင်းတက်မည်ဆိုပါက သင်တန်းကြေး၏ ၅ ရာခိုင်နှုန်း Discount ရရှိမည်ဖြစ်ပါသည်။ )
သင်တန်းသားဦးရေကန့်သတ်ထားပြီး မေလ ၁၈ ရက်နေ့စတင်ဖွင့်လှစ်မည်ဖြစ်သောကြောင့်တက်ရောက်လိုသူများအနေဖြင့် သင်တန်းကျောင်းနေရာသို့အမြန်ဆုံးလာရောက်စာရင်းပေးသွင်းထားကြရန်လိုပါသည်။
သင်တန်းတွင် လိုအပ်သော သင်ရိုးညွှန်းတမ်း ၊ သင်ထောက်ကူပစ္စည်းအစုံအလင် ၊ လက်တွေ့စမ်းသပ်ရန် မိုဘိုင်းဖုန်းများစွာဖြင့် စုံလင်စွာထားရှိပေးရုံသာမက Mobile Software/Hardware Repairing Course နှစ်ခုလုံးအား မိုဘိုင်းဆားဗစ်နယ်ပယ်တွင် ပညာအတွေ့အကြုံပြည့်ဝသော နာမည်ကြီးမိုဘိုင်းဆားဗစ်ပညာရှင်များကသင်ကြားပေးနေပါသည်။
Mobile Software System Repairing Service ပိုင်းအနေဖြင့် လူသုံးအများဆုံး Mobile OS ၂ ခုဖြစ်သော Android OS နှင့် iOS ကိုအခြေခံမှစ၍အသေးစိတ်အထူးပြုသင်ကြားပေးနေလျက်ရှိပါသည်။ Mobile Software System Repairing Course တွင် ဖုန်းတစ်လုံး၏ System ပိုင်းများအကြောင်းကိုအသေးစိတ်သင်ကြားပေးပြီး ၊ ဖုန်းတစ်လုံး၏ System ပိုင်းဆိုင်ရာများအားပြု ပြင်လုပ်ဆောင်နည်းများကို စာတွေ့လက်တွေ့သင်ကြားပေးမည်ဖြစ်ပါသည်။
Mobile Software System Repairing Service ပိုင်း မှ Android OS ပိုင်းအနေဖြင့်
– သင်တန်းတွင် Huawei ၊ Coolpad ၊ Vivo ၊ Oppo ၊ HTC ၊ Sony ၊ Samsung စသော လူသုံးများ Android ဟန်းဆက်အစုံအလင်ဖြင့် Mobile Software Service Course မှသင်တန်းသားများအားလေ့ကျင့်သင်ကြားပေးနေပါသည်။
-Android OS သုံးဖုန်းတစ်လုံး၏အခြေခံကျသောလုပ်ဆောင်ချက် Software System ပိုင်းဆိုင်ရာ သဘောတရားများကိုအသေးစိတ်ရှင်းပြပေးခြင်း
-အခြေခံများအဖြစ် ဖုန်းဆိုင်များတွင် အမြဲလုပ်နေကြရသော အခြေခံလုပ်ငန်းစဉ်များဖြစ်သည့်Android ဖုန်းများသို့ ဆော့ဝဲ ၊ ဂိမ်း ၊ ဓာတ်ပုံ ၊ သီချင်းစသည်တို့ကို ကွန်ပျူတာမှ PC Suite များကိုအသုံးပြု၍လွယ်ကူမြန်ဆန်စွာ Data ထည့်သွင်းနည်းများကို ရှင်းလင်းသင်ကြားပေးခြင်း
– Android ဖုန်း/Tablet များအား ကွန်ပျူတာနှင့်ချိတ်ဆက်၍ Command ပေးရာတွင်မရှိမဖြစ်အသုံးပြုရသည့် ADB Command /Fastboot Command အသေးစိတ်နားလည်စေရန်သင်ကြားပြသပေးခြင်း ၊ သေချာစွာအသုံးပြုတတ်စေရန် သင်ကြားပြသပေးခြင်း
– Android ဖုန်း/Tablet အမျိုးမျိုးအား Stock Firmware/Custom Firmware Upgrade/Downgrade လုပ်နည်းများကို
သက်ဆိုင်ရာ ဖုန်းများဖြင့်လက်တွေ့အသေးစိတ်သင်ကြားပြသပေးခြင်း ။
-Flash Tool များအသုံးပြု၍ ဖုန်းတွင်း System များကို Backup ပြုလုပ်ခြင်း ၊ Flash ခြင်း ။
– Firmware Upgrade/Downgrade လုပ်သည့်အခါ၊ Root လုပ်သည့်အခါ ဖြစ်တတ်သည့်
error များကို ဖြေရှင်းနည်းများကို အသေးစိတ် လက်တွေ့သင်ကြားပြသပေးခြင်း။
-Android ဖုန်းတစ်လုံး၏ System ပိုင်းကိုမည်သို့တည်ဆောက်ထားပုံ ၊ Android Partition များအကြောင်းကိုအသေးစိတ်ရှင်းလင်းသင်ပြပေးခြင်း
-Android ဖုန်းများသို့ Stock Recovery / Custom Recovery Flash ခြင်းနည်းလမ်းများကိုအသေးစိတ်သင်ကြားပေးခြင်း
– Android Bootloader နှင့် Network Lock/Unlock များအကြောင်း ၊ Bootloader/Network Lock/Unlock လုပ်နည်းများအကြောင်းကိုသက်ဆိုင်ရာဖုန်းများဖြင့်လက်တွေ့သင်ကြားပြသပေးခြင်း
– Volcano , SPT , Octupus , GPG Dragon စသော Box များကိုအသုံးပြုနည်းများကိုသင်ပြပေးခြင်း
– ဖုန်း Softbrick/hardbrick error များအား ဖြေရှင်းနည်းများကို အသေးစိတ်သင်ကြားပြသပေးခြင်း နှင့်
အခြား ဖုန်းတွင်း Software error ပိုင်းဖြစ်လေ့ဖြစ်ထရှိသည်များကို မည်သို့ဖြေရှင်းရမည်ကို လက်တွေ့သင်ပြပေးခြင်း ။
Mobile Software System Repairing Service ပိုင်း မှ iOS ပိုင်းအနေဖြင့်
-iPhone များအကြောင်း ၊ iOS System အကြောင်းကိုအသေးစိတ်ရှင်းလင်းသင်ပြပေးခြင်း
-Apple ID ပြုလုပ်နည်း App Store, iTunes Store အသုံးပြုနည်း
-PC Suite များအသုံးပြီး Official and Cracked iOS App & Game သွင်းနည်း
-Data တွေကို Backup ယူနည်း Restore လုပ်နည်း Erase လုပ်နည်းများကို အသေးစိတ်ရှင်းပြပေးခြင်း
-iPhone/Pad/Pod touch များကို Firmware တင်နည်း (Upgrade and Downgrade)
-iTunes Errors ရှင်းနည်းများကို အသေးစိတ်ရှင်းပြပေးခြင်း
-iOS သုံး iPhone/Pad/Pod touch များကို Jailbreak လုပ်နည်းများကို အသေးစိတ်ရှင်းလင်းသင်ပြပေးခြင်း
-iPhone/Pad/Pod touch များကိုမြန်မာဖောင့် နှင့်မြန်မာကီးဘုတ်သွင်းနည်းများကို ရှင်းလင်းသင်ပြပေးခြင်း
-Jailbreak ပြုလုပ်ထားသော ဖုန်းများအတွက် Cydia အသုံးပြုပုံနှင့် Cydia Source(Repo) ထည့်နည်း များ Cydia Tweak (Deb) ဖိုင်တွေရဲ့ သဘောတရားကို ရှင်းလင်းသင်ပြပေးခြင်း
-Cydia Errors ရှင်းနည်း နှင့် iOS မှာဖြစ်လေ့ဖြစ်ထရှိသော Error များရှင်းနည်းတို့ကို အသေးစိတ်ရှင်းလင်းသင်ပြပေးလျက်ရှိပါသည်။
ယခု Mobile Software Repairing Course တွင် သင်တန်းသားများအား စာတွေ့လက်တွေ့သင်ကြားမှုများအား သက်ဆိုင်ရာဆရာများအပြင် လက်ထောက် Guide ဆရာများဖြင့်ပါ ၀ိုင်းဝန်းကြပ်မတ်သင်ကြားပေးလျက်ရှိပါသည်။ အပတ်စဉ်တိုင်းလည်း သင်တန်းရှိ ဖုန်းအမျိုးအစားစုံဖြင့်လေ့ကျင့်ရန်လက်တွေ့ချိန်များထည့်သွင်းပေးထားပါသည်။ သင်တန်းဆင်းပြီးချိန်တွင် လက်တွေ့နယ်ပယ်တွင် အသက်မွေးဝမ်းကျောင်းပြုလုပ်ကိုင်နိင်ရန် သက်ဆိုင်ရာမိုဘိုင်းဖုန်းအလိုက် သက်ဆိုင်ရာ မိုဘိုင်း Firmware များ ၊ မိုဘိုင်းဖုန်းတစ်လုံးအား ဆော့ဝဲဆားဗစ်ပြုလုပ်ရာတွင်လိုအပ်မည့် Toolkit များ ၊ အခြားဆက်စပ် Data များကို ပေးသွားမည်ဖြစ်ပါသည်။ သင်တန်းပြီးဆုံးပြီး နောက်ပိုင်းတွင်လည်း ဆော့ဝဲအသစ် ၊ Data အသစ်များအားအချိန်မရွေးလာရောက်ရယူနိုင်မည်ဖြစ်ပါသည်။
Mobile Hardware Repairing System Service ပိုင်းအနေဖြင့် မိုဘိုင်းဖုန်း /Tablet အမျိုးမျိုးအား ဖြုတ်နည်း တပ်နည်း ၊ ဖြစ်လေ့ဖြစ်ထရှိသော error များအား ပြုပြင်နည်း ၊ ဖုန်းအတွင်းဆားကစ်ပတ်လမ်းလိုက်နည်း ၊ CPU ဖြုတ်နည်းတပ်နည်းများအား လက်တွေ့သင်ကြားကြရမည်ဖြစ်သည်။
-Hardware ပိုင်းဆိုင်ရာ အခြေခံ လက်တွေ့ပြုပြင်ခြင်းများ။
-Mobile Software/Hardware ပိုင်းဆိုင်ရာ အခြေခံ ပြစ်ချက်ရှာဖွေနည်းများနှင့် ပြုပြင်နည်းများ။
– မိုဘိုင်းဖုန်းတစ်လုံး၏ ဆားကစ်ပတ်လမ်းကြောင်းများတည်ဆောက်ပုံကို Block – Diagram , Schematic Diagram , Layout Diagram များဖြင့် အခြေခံကျကျလေ့လာစေခြင်း။
-ဖုန်းတစ်လုံးပြုပြင်ရာတွင် အသုံးပြုရမည့် လိုအပ်သည့် ပစ္စည်းကိရိယာများအကြောင်း ၊ အသုံးချနည်းများကိုသင်ကြားပေးခြင်း။
-ဖုန်းတစ်လုံးရဲ့ IC နှင့်အခြားအခြေခံပစ္စည်းများကို Error ပြစ်ချက် ရှာဖွေခြင်း ၊ ဖြုတ်တပ်လဲလှယ်ခြင်း-မိုဘိုင်းဖုန်းဆားကစ်ပတ်လမ်းလိုက်နည်းကို အသေးစိတ်သင်ကြားပေးခြင်း
-မိုဘိုင်းဖုန်းများအား အရှေ့မှန်ခွာခြင်း ၊ မှန်လဲလှယ်ခြင်းများကို အသေးစိတ်သင်ကြားပြသပေးခြင်း
-ရှော့ကျပြီးပါဝါမနိုးသောဖုန်းများအားပြုပြင်ခြင်းကို လက်တွေ့ပြသသင်ကြားပေးခြင်း-မိုဘိုင်းဖုန်း IC တွေရဲ့ အလုပ်လုပ်ပုံနဲ့ပြစ်ချက်ရှာနည်းပြုပြင်နည်း များကိုအသေးစိတ်ရှင်းလင်းသင်ပြပေးခြင်း
-စနစ်တကျဖြုတ်နည်းတပ်နည်းများ – LCD , Display တို့၏ အခြေံအလုပ်လုပ်ပုံများနှင့် ဖြုတ်နည်းတပ်နည်းများကို
လက်တွေ့အသေးစိတ်သင်ကြားပေးခြင်း
-EMMC ဖြုတ်တပ်လဲလှယ်ခြင်းကို အသေးစိတ်သင်ကြားပြသပေးခြင်း
သင်ခန်းစာများကိုလည်းတိုးတက်ပြောင်းလဲနေသော မိုဘိုင်းနည်းပညာများအလိုက် Update ပြုလုပ်သင်ကြားပေးလျက်ရှိပါသည်။
MMAS မှ Software/Hardware သင်ခန်းစာများအားလုံးသည် Hardware/Software နည်းပညာများကိုချိတ်ဆက်သင်ကြားပေးနေခြင်းဖြစ်တာကြောင့်
MMAS ရဲ့ Mobile Software System Repairing Course နှင့် Mobile Hardware System Repairing Course သည်ဆက်စပ်မှုများစွာရှိပါသည်။
မိုဘိုင်းနည်းပညာသင်ကြားတတ်မြောက်ရေးကိုသာအဓိကထားတာကြောင့် မိုဘိုင်းနည်းပညာကိုစိတ်ပါသူတိုင်းတက်ရောက်နိုင်ရန် ၊
မိုဘိုင်းနည်းပညာဖြင့် အသက်မွေးဝမ်းကျောင်းပြုလိုသူတိုင်းတက်ရောက်နိင်ရန် သင်တန်းကြေးအနေဖြင့်
Mobile Software System Repairing Course- ၁၈၀၀၀၀ ကျပ်
Mobile Hardware Repairing Course – ၂၀၀၀၀၀ ကျပ် သာ သတ်မှတ်ထားပါသည်။
(Software + Hardware နှစ်မျိုးပေါင်းတက်မည်ဆိုပါက သင်တန်းကြေး၏ ၅ ရာခိုင်နှုန်း Discount ရရှိမည်ဖြစ်ပါသည်။ )
သင်တန်းသားဦးရေကန့်သတ်ထားပြီး မေလ ၁၈ ရက်နေ့စတင်ဖွင့်လှစ်မည်ဖြစ်သောကြောင့်တက်ရောက်လိုသူများအနေဖြင့် သင်တန်းကျောင်းနေရာသို့အမြန်ဆုံးလာရောက်စာရင်းပေးသွင်းထားကြရန်လိုပါသည်။
မန္တလေးမြို့တွင် ဖွင့်လှစ်သင်ကြားလျှက်ရှိသည့် MMAS မိုဘိုင်းဖုန်းပြုပြင်ရေးသင်တန်းကျောင်းသို့ မေးမြန်းစုံစမ်းလိုပါက ၀၉ ၉၁၀ ၃၃၁၃၄ ၊ ၀၉ ၉၇၉ ၇၂၄၈၄၈၈ တို့သို့ဆက်သွယ်မေးမြန်းနိုင်ပါသည်။
MMAS Mobile Software/Hardware Training Course
Mandalay Center : ၇၃ လမ်း ၊ ဗန်းမော်တိုက်လမ်းကြား ၊ ဗန်းမော်ကျောင်းတိုက်အနီး ၊ မန္တလေးမြို့
                                                     

No comments:

Post a Comment

http://i1323.photobucket.com/albums/u591/aungaung13/cooltext666275999_zpsbe12bc0c.gif