(နည်းပညာ)ပြန်လည်မျှဝေပေးခြင်း

မင်္ဂလာပါခင်ဗျာ ... ကျွန်တော်တင်သမျှ Post လေးများသည် ကျွန်တော်လေ့လာဖူးသမျှကို ပြန်လည်မျှဝေပေးခြင်းဖြစ်ပါတယ်။ သူငယ်ချင်းအားလုံးလည်း ကျွန်တော့် site မှကြိုက်နှစ်သက်တဲ့ မည့်သည့် Post ကိုမဆို မြန်မာ IT နည်းပညာဖွံ့ဖြိုးတိုးတက်ရေးအတွက် ပြန်လည်မျှဝေပေးစေလိုပါတယ်ဗျာ။ ...

08 April 2015

စက္ကန့် ၃၀ အတွင်း အားဖြည့်နိုင်မယ့် ဘက်ထရီများ ပေါ်လာတော့မည်

fastcharging
စက္ကန့် ၃၀ အတွင်း အားဖြည့်နိုင်မယ့် ဘက်ထရီများ ပေါ်လာတော့မည်

Samsung ကနေ ပြီးတော့ Samsung Galaxy S6 နဲ့ Edge ကို ကမ္ဘာ့ အမြန်ဆုံး အားသွင်းနိုင်တဲ့ စမတ်ဖုန်းဆိုပြီးတော့ ထုတ်ပြန်ပြောဆိုခဲ့ ပါတယ်။ သူက ၁၀ မိနစ်အတွင်း Wireless charging နဲ့ အားသွင်းနိုင်လို့ ဖြစ်ပါတယ်။ ယခုတော့ စက္ကန့် ၃၀ အတွင်း အား အပြည့်သွင်းနိုင်မယ့် နည်းပညာများ ပေါ်လာပါတော့မယ်။ ယင်းနည်းပညာများကတော့ အောက်ပါ အတိုင်း ဖြစ်ပါတယ်။
Aluminium graphite – အလူမီနီယမ် ဂရက်ဖိုက်ဟာ တစ်မိနစ်အတွင်း အားအပြည့်သွင်းနိုင်စေမယ့် ဓာတ်သတ္တု ဖြစ်ပါတယ်။


Skin Power – မယုံမရှိပါနဲ့ လူတို့ရဲ့ အရည်အပြားဟာလည်း အား source ဖြစ်လာပါလိမ့်မယ်။ လူရဲ့ အရည်အပြား နဲ့ စက်တို့ကြား ပွတ်တဲ့အခါ ထွက်လာတဲ့ အပူချိန်ရှိပြီး ယင်း အပူကို လျှပ်စစ် အဖြစ် ပြောင်းတဲ့ နည်းလမ်း ဖြစ်ပါတယ်။ ဒီတော့ ဒါကို အမြဲ ပွတ်နေဖို့လဲ မဟုတ်ပါဘူး။ လက်မှာ ပတ်ထားရုံ၊ ကိုင်ထားရုံနဲ့ အားရစေမယ့် နည်းပညာ ဖြစ်ပါတယ်။ သူကတော့
uBeam – uBeam ကတော့ အသက် ၂၅ နှစ်အရွယ် ကျောင်းသူ တစ်ဦးက တီထွင်ထားတဲ့ နည်းပညာ ဖြစ်ပြီး အဝေးကနေ ကြိုးမဲ့ သွင်းနိုင်တဲ့ နည်းပညာ ဖြစ်ပါတယ်။
StoreDot chargar – အပေါ်က ပြောခဲ့တဲ့ ဟာတွေ ဘယ်တော့လာမယ့်လို့ စိုးရိမ်နေရင်တော့ ဒီတစ်ခုတော့ ယုံလိုက်ပါ။ သူက ၂၀၁၇ ခုနှစ်မှာ တစ်ခုကို ဒေါ်လာ ၃၀ လောက်နဲ့သာ ရောင်းချမယ့် ချာဂျာ ဖြစ်ပါတယ်။ သူ့မှာ ပါဝင်တဲ့ ဆီမီးကွန်ဒတ်တာရဲ့ ထူးခြားမှုကြောင့် ဖြစ်ပါတယ်။ သူ့ကို ပရိုတိန်းလို့ တင်စားခေါ်ပါတယ်။ ကာယဗလမောင် အားကစားသမားတွေ ကြီးထွားမှု မြန်အောင် ပရိုတိမ်းစားသုံးရသလို ဖုန်းအား ကို စက္ကန့် ၃၀ အတွင်း သွင်းလို့ရအောင် ဆိုတဲ့ ရည်ရွယ်ချက်နဲ့ ထုတ်ထားခြင်း ဖြစ်ပါတယ်။
Transparent solar charger – မမြင်နိုင်တဲ့ နေရောင်ခံပြားပါတဲ့ အားသွင်း စမတ်ဖုန်းဆိုတာလည်း ပေါ်လာအုံးမှာ ဖြစ်ပါတယ်။ ဖုန်းရဲ့ နောက်ကာဗာက နေရောင်ခြည်နဲ့ အလင်းရောင်ကို ယူပြီး အားအဖြစ် ပြောင်းလဲပေးပါတယ်။
Sound powered – အသံမှာလည်း စွမ်းအင်ရှိတယ်ဆိုတာကို ကျွန်တော်တို့က စာမှာပဲ သင်ရချိန် အနောက်တိုင်းမှာ တကယ်ကို စွမ်းအင်ထုတ်နေပါပြီ။ တီထွင်ဆန်းသစ်မှု အသစ်အနေနဲ့ အပြင်က ကြားရတဲ့ ဆူညံသံများကြောင့် ဖုန်းကို အလိုအလျောက် အားပြည့်စေမယ့် ပရောဂျက် ဖြစ်ပါတယ်။ ယခုနှစ်အတွင်း အောင်မြင်မယ့် အဖြေတစ်ခုရဖို့ မျော်လင့်ထားကြ ပါတယ်။
Nano batteries
ယခု မျက်စိမှာ မြင်နေရတဲ့ ဘက်ရီများထက် အစပေါင်း တစ်သောင်းမက ငယ်ပြီး လူတို့ရဲ့ ဆံပင်လုံးပတ်လောက်တော့သာ ကျန်တော့မယ့် ဘက်ထရီမျိုး ဖြစ်ပါတယ်။ University of Maryland မှ ပညာရှင်များ ပြုလုပ်တဲ့ သုတေသန ဖြစ်ပြီး အောင်မြင်မှု ရရှိဖို့ စောင့်ဆိုင်းလျက် ရှိပါတယ်။
.
Ref: Pocket-Lint

No comments:

Post a Comment

http://i1323.photobucket.com/albums/u591/aungaung13/cooltext666275999_zpsbe12bc0c.gif