(နည်းပညာ)ပြန်လည်မျှဝေပေးခြင်း

မင်္ဂလာပါခင်ဗျာ ... ကျွန်တော်တင်သမျှ Post လေးများသည် ကျွန်တော်လေ့လာဖူးသမျှကို ပြန်လည်မျှဝေပေးခြင်းဖြစ်ပါတယ်။ သူငယ်ချင်းအားလုံးလည်း ကျွန်တော့် site မှကြိုက်နှစ်သက်တဲ့ မည့်သည့် Post ကိုမဆို မြန်မာ IT နည်းပညာဖွံ့ဖြိုးတိုးတက်ရေးအတွက် ပြန်လည်မျှဝေပေးစေလိုပါတယ်ဗျာ။ ...

07 April 2015

မိမိ Company အတွက် ဝဘ်ဆိုဒ် ဒိုမိန်း ဝယ်မယ်ဆိုရင်

 
 
မိမိ ကုမ္ဗဏီလုပ်ငန်းအတွက် ဝဘ်ဆိုဒ် ဒိုမိန်း ဝယ်ရင် စဉ်းစားရမယ့် အချက်များစွာ ရှိပါတယ်။ ယင်းမတိုင်ခင် သိသင့်တဲ့အခြေခံ အချက်များကတော့ အောက်ပါ အတိုင်း ဖြစ်ပါတယ်။
.com = .commercial ဖြစ်ပြီး စီးပွားရေးလုပ်ငန်းကုမ္မဏီကို ကိုယ်စားပြု ပါတယ်။
.net = network ဖြစ်ပြီး ကွန်ရက်တစ်ခုကို ကိုယ်စားပြုပါတယ်။ အိုင်တီး လုပ်ငန်း ဝန်ဆောင်မှု company များက ပိုလို့ အသုံးပြုပါတယ်။
 
.co = သူက နောက်ပိုင်းမှ ခေတ်စားလာတဲ့ ဒိုမိန်း extension ဖြစ်ပါတယ်။ .com နဲ့ ဆိုလိုရင်း တူပါတယ်။ ဒါပေမယ့် ကိုယ်က innovative ပိုဖြစ်ချင်တယ် ဆိုရင် .co သုံးဖို့ လမ်းညွန်ထားပါတယ်။ 
.org = သူကတော့ organization အဖွဲ့အစည်းများအတွက် ရည်ညွန်းပါတယ်။ များသောအားဖြင့်ကတော့ ကိုယ်ကျိုးမဖက် အဖွဲ့အစည်းတွေက သုံးတဲ့ ဒိုမိန်း extension ဖြစ်ပါတယ်။
.biz = .biz ကလည်း စီးပွားရေး လုပ်ငန်းတစ်ခုကို ကိုယ်စားပြုပါတယ်။ 
.com.mm = အနောက်မှာ ဆက်တွဲပါလာတဲ့ .mm က မြန်မာနိုင်ငံက ထွက်ကြောင်း ကိုယ်စားပြုပါတယ်။ .in  ဆိုရင် အိန္ဒိယ ဖြစ်ပါတယ်။ .mm ကို TLD - top level domain လို့ခေါ်ပါတယ်။ နောက်ထပ်ပြီးတော့ gov.mm. biz.mm ဆိုတာမျိုးတွေ ထပ်တွဲနိုင်ပါသေးတယ်။ gov ဆိုရင်တော့ အစိုးရိ ဆိုဒ် ဖြစ်ကြောင်း သက်သေပြပါတယ်။ 
ဒီတော့ ကုမ္ဗဏီ အတွက် ဒိုမိန်းရွေးတဲ့အခါ ကိုယ့် ကုမ္ဗဏီ လုပ်ငန်းက မြန်မာအတွက်ပဲ ရည်ရွယ်တယ်ဆိုရင် မြန်မာဒိုမိန်း ဖြစ်တဲ့ .com.mm တို့လိုဟာကို ရွေးနိုင်ပါတယ်။ သူ့ကို ရတနာပုံမှာ ဝယ်နိုင်ပါတယ်။ ဒေသတွင်းက ကုမ္ဗဏီများကလည်း ရောင်းပါတယ်။ 
အကယ်၍ ကိုယ့်လုပ်ငန်းက ပြည်တွင်းအတွက်ကော ရည်ရွယ်ပြီး ပြည်ပ ဝင်လာမှုကိုလည်း ဖိတ်ခေါ်ချင်တယ်ဆိုရင် .com ကိုသာ သုံသင့်ပါတယ်။ ဒါပေမယ့် မြန်မာဖြစ်ကြောင်း Taste တစ်ခုပေးချင်တယ်ဆိုရင် အမည်ထဲမှာ ထည့်သုံးနိုင်ပါတယ်။ ဥပမာ အားဖြင့် www.mmtimes.com,  www.imyanmarhouse.com ,www.myanmar-entpreneur.com အစရှိသဖြင့်တို့ လိုမျိုး ထားရှိခြင်း ဖြစ်ပါတယ်။ 
.com, .net, .co တို့ရဲ့ ဈေးကတော့ မြန်မာကျပ်နဲ့ တွက်ရင် တစ်သောင်း ဝန်းကျင်ပါပဲ။ .com.mm ဆိုရင် ရတနာပုံ တယ်လီပို့စ်က ငါးသောင်း ဝန်းကျင်နဲ့ ရောင်းချပါတယ်။ သူက နှစ်စဉ်ကြေး ဖြစ်ပါတယ်။ နှစ်စဉ် ပုံမှန် သွင်းရတာ ဖြစ်ပါတယ်။ ယခု အကြောင်းများမှာ မရှင်းတာ ရှိရင်aungkohtet.htet82@gmail.com ကို အီးမေးလ်ပို့ မေးနိုင်ပါတယ်။
 
Written By Aung Ko Htet , Aung Kham
 
#akh_mmitknowledge
 
Knowledge Bank 

Please Like Our Facebook Here
Thank You !
Aung Ko Htet

No comments:

Post a Comment

http://i1323.photobucket.com/albums/u591/aungaung13/cooltext666275999_zpsbe12bc0c.gif