အမှန်အတိုင်းပြောရရင် ရုတ်တရက်ကြည့်တဲ့အခါ iPhone ရဲ့ အရောင်ပေါင်းစပ်မှုနဲ့ အလှပြင်ဆင်မှုတို့နဲ့ အနည်းငယ် တူပါတယ်။ ဘေးဘောင်ပတ်လည်က အစ လေ့လာကြည့်နိုင်ပါတယ်။ ဒါပေမယ့် Ascend P စီးရီးရဲ့ ထုံးစံလည်း မပျောက်သွားအောင် လေးထာင့် ဆန်ဆန် စတိုင်လေးတော့ ထိန်းထားပါသေးတယ်။ သူက iPhone 6 ထက် ပိုပါးတယ်။
RAM 3GB စမတ်ဖုန်း ဖြစ်ပြီး ကင်မရာက အနောက် 13 Megapixel, အရှေ့8 Megapixel တို့ ပါဝင်ပါတယ်။ ကင်မရာက 1080p video recording ရရှိပြီး ကင်မရာအတွက် Feature အသစ်များ တိုးပါသေးတယ်။ Processor က 2GHz octa-core 64-bit Kirin 930 ပါ။ အတော်လေးမြန်မယ့် စမတ်ဖုန်း ဖြစ်ပါလိမ့်မယ်။ cooling system ဘယ်လိုအလုပ်ကောင်းကောင်း လုပ်မလဲ ဆိုတာကို စောင့်ကြည့်လေ့လာရမှာပါ။
16 GB Storage ပါဝင်ပြီး SIM Card ၂ ကဒ်ထည့်သုံးရပါတယ်။ နောက်တစ်ကဒ်ထည့်တဲ့နေရာက SIM Card အစား micro SD လည်း ထည့်သုံးလို့ရပါသေးတယ်။ Android 5.0 ကို အသုံးပြုထားပါတယ်။ အရောင်အားဖြင့်၊ ရွှေရောင်၊ အနက်ရောင်၊ တိုက်နေနီယမ် အရောင် အစရှိသဖြင့် အပြင် အခြားအရောင်များလည်း ထွက်ပါအုံးမယ်။
ဖန်သားမျက်နှာပြင်က ၅.၂ လက်မ ရှိပြီး 1920 x 1080 pixel resolution, 424ppi ပေးနိုင်ပါတယ်။ 2,680mAh ဘက်ထရီပါဝင်ပါတ်။ သူ့ကို Standard နဲ့ ပရီမီယံဆိုပြီးတော့ ၂ မျိုးခွဲထုတ်ထားပြီး ဈေးကတော့ ၁သိန်းခွဲကွာပါလိ့မ်မယ်။
ဖုန်းရဲ့ တန်ဖိုးဟာ မြန်မာငွေနဲ့ တွက်ရင် ၅ သိန်းကနေ ၇ သိန်းဝန်းကျင် အထိ ရှိနိုင်ပါတယ်။


No comments:
Post a Comment
http://i1323.photobucket.com/albums/u591/aungaung13/cooltext666275999_zpsbe12bc0c.gif