(နည်းပညာ)ပြန်လည်မျှဝေပေးခြင်း

မင်္ဂလာပါခင်ဗျာ ... ကျွန်တော်တင်သမျှ Post လေးများသည် ကျွန်တော်လေ့လာဖူးသမျှကို ပြန်လည်မျှဝေပေးခြင်းဖြစ်ပါတယ်။ သူငယ်ချင်းအားလုံးလည်း ကျွန်တော့် site မှကြိုက်နှစ်သက်တဲ့ မည့်သည့် Post ကိုမဆို မြန်မာ IT နည်းပညာဖွံ့ဖြိုးတိုးတက်ရေးအတွက် ပြန်လည်မျှဝေပေးစေလိုပါတယ်ဗျာ။ ...

30 April 2015

iphone 6 plus Google Nexus 6 ယှဉ်ကြည့်ရအောင်နော်

လက်ရှိ ဈေးကွက်မှာ Android ဖုန်းထဲမှာ အကောင်းဆုံး ဆိုရင် Google Nexus 6 လို့ Android သမားတို့ ကျွေးကြော်ထားပြီး i သမားများကတော့ iPhone 6 Plus ဟာ အကောင်းဆုံး စမတ်ဖုန်း တစ်လုံးအဖြစ် မှတ်ယူထားကြ ပါတယ်။ ကဲ ဒီတော့ သူတို့ နှစ်လုံးကို ယှဉ်ကြည့်ရအောင်..
မျက်နှာပြင်
iPhone 6 Plus က ၅.၅ လက်မ မျက်နှာပြင် ကျယ်ပြီး 1080p အရည်အသွေး မျက်နှာပြင် ဖြစ်ပါတယ်။ Full HD resolution 401 ppi ဖြစ်ပါတယ်။ Google Nexus က ၅.၉ လက်မ အရွယ်ဖြစ်တာကြောင့် ပိုကြီးပါတယ်။ သူက


QHD AMOLED ဖြစ်ပြီး 493 ppi ရှိပါတယ်။ screen resolution ပိုင်းမှ ထူးထူးခြားခြားကြီး ကွာမသွားပေမယ့် One Hand operation လုပ်မယ်ဆိုရင် iPhone 6 Plus က ရပြီး Google Nexus 6 ဆိုရင်တော့ two hand နဲ့မှ အဆင်ပြေ ပါလိမ့်မယ်။
ကင်မရာ
iPhone က 8 Megapixel, Google Nexus 6 က 13 Megapixel ရှိပါတယ်။ ကင်မရာ တစ်ခုရဲ့ အရည်အသွေးကို Pixel တစ်ခုတည်းနဲ့ မတိုင်းတာပါဘူး။ censor size နဲ့ လည်း တိုင်းပါတယ်။ mcmx.in ရဲ့ ပြသချက်အရ low light မှာ iPhone 6 Plus က အနည်းငယ်သာပြီး အလင်းများတဲ့ enviornment မှာတော့ Google Nexus 6 က ပိုသာပါတယ်။ ဒါကလည်း ပုံသေ မဟုတ်ပါဘူး။ ရိုက်ကူးတဲ့ သူရဲ့ အလင်းအမှောင်ချိန်ဆမှုကြောင့်မို့ ယခု ပြောဆိုချက်ဟာလည်း ကွဲပြားသွားပါလိမ့်မယ်။
OS
Apple ကတော့ ထုံးစံအတိုင်း iOS နဲ့ ထွက်ပြီး iPhone သုံးနေကျသူအတွက် အရမ်းကြီး ထူခြားပြောင်းလဲမှုမျိုး မြင်ရမှာ မဟုတ်ပါဘူး။ Apple ရဲ့ ထုံးစံကလည်း Simple is the best ဖြစ်တာကြောင့် သုံးရလွယ်တဲ့ UI ပဲ မြင်ရမှာပါ။ Google Nexus 6 ဟာဆိုရင် လိုလီပေါ့ 5.0 ကို ပထမဆုံး သုံးတဲ့ စမတ်ဖုန်း ဖြစ်ပါတယ်။ Lollipop က အရင်က ထွက်တဲ့ Android များနဲ့ အတော်ကို ကွာသွားပါတယ်။ animiation ဆန်ဆန် အရွှေ့အပြောင်း အရသာ၊ multi-tasking အပြင် သူ့ရဲ့ လုပ်ဆောင်ချက် အတော်များများ ကို ပြောင်းလဲလိုက်တာကြောင့်အတော်ကြီး ပေါ့ပါးနေတာကို ခံစားမိမှာပါ။
Specification
iPhone အနေနဲ့ RAM 1GB, 1.4GHz Apple A8 (Dual-Core Processor), 2915 mAh battery တို့ကို အသုံးပြု ပါတယ်။ 16GB, 64GB, 128GB ဗားရှင်း သုံးမျိုး ထွက်ပါတယ်။ Google Nexus အနေနဲ့ RAM 3GB, Adreno 420 GPU, 3220 mAh batter, 2.7GHz Snapdragon 805, Quad Core Processor တို့နဲ့ ထွက်ရှိပါတယ်။ 32GB, 64 GB ဗားရှင်း နှစ်မျိုးထွက်ပါတယ်။
ဈေးနှုန်း
iPhone 6 Plus 64GB က ၁၀ သိန်း ဝန်းကျင် ရှိပြီး Google Nexus 6 32GB ကတော့ ၆သိန်း၇သောင်း ရှိပါတယ်။ Nexus 64 GB က ၈ သိန်း ဝန်းကျင်လောက် ရှိပါလိမ့်မယ်။ ဈေး အရ ကြည့်လိုက်ရင်တော့ Nexus 6 က ၂ သိန်း နီးပါးလောက် သက်သာ ပါတယ်။
ဒီတော့ ဘယ်ဖုန်းကို ကြိုက်တယ်၊ ဘယ်ဟာ ပိုကောင်းတယ်လို့ မြင်တယ် ဆိုတာ comment ပေးခဲ့ပါအုံး..................

ကြိုဆို

No comments:

Post a Comment

http://i1323.photobucket.com/albums/u591/aungaung13/cooltext666275999_zpsbe12bc0c.gif