Opera Mini Browser ရဲ့ နောက်ဆုံး ဗားရှင်းက Android အတွက် အရင်ထွက်ရှိလာပါပြီ။ အချို့တွေက ဖုန်းဝယ်တဲ့အခါ တစ်ခါတည်း ပါလာတဲ့ Browser များကို သုံးရတာ Prefer ဖြစ်ပြီး အချို့ကတော့ Mozilla, Opera Mini, Chrome အစရှိသဖြင့် တို့က ပြန် Download ဆွဲပြီးတော့ အသုံးပြု ပါတယ်။
နဂိုရှိမှ နဂိုင်းထွက် ဆိုသလို ဘယ် Browser ပဲ ဖုန်းမှာ သုံးသုံး အင်တာနက်လိုင်း နှေးရင်တော့
ထူးခြားကွာဟမှု သိပ်ရှိမှာ မဟုတ်ပါဘူး။ ဒါပေမယ့် ယင်းထဲမှာ ယခု နောက်ဆုံးထွက်ရှိထားတဲ့ Opera Mini Browser ကတော့ ထူးခြားမှု တစ်ခု ပါလာပါတယ်။ ယင်းကတော့ Mobile Data Usage Counter ဖြစ်ပါတယ်။ မိမိ အနေနဲ့ Web Page တစ်ခုကို ဖွင့်ပြီး သုံးလိုက်တိုင်း Mobile Data ဘယ်လောက် သုံးကုန်သွားပြီဆိုတာ အောက်မှာ ပါတဲ့ icon လေးကို နှိပ်လိုက်ရုံနဲ့ မြင်ရပါတယ်။ ဒါကြောင့်မို့ မိမိ အနေနဲ့ Browser အသုံးပြုပြီးတော့ ဝဘ်ဆိုဒ်တွေ ကြည့်တဲ့အခါ အင်တာနက် MB, KB ဘယ်လောက် ကုန်တယ် ဆိုတာကို လွယ်တကူ သိနိုင်မှာ ဖြစ်ပါတယ်။
DOWNLOAD FREE
<<<<< ဟေ့ဒီမှာဘော်ဒါ >>>>>



No comments:
Post a Comment
http://i1323.photobucket.com/albums/u591/aungaung13/cooltext666275999_zpsbe12bc0c.gif