(နည်းပညာ)ပြန်လည်မျှဝေပေးခြင်း

မင်္ဂလာပါခင်ဗျာ ... ကျွန်တော်တင်သမျှ Post လေးများသည် ကျွန်တော်လေ့လာဖူးသမျှကို ပြန်လည်မျှဝေပေးခြင်းဖြစ်ပါတယ်။ သူငယ်ချင်းအားလုံးလည်း ကျွန်တော့် site မှကြိုက်နှစ်သက်တဲ့ မည့်သည့် Post ကိုမဆို မြန်မာ IT နည်းပညာဖွံ့ဖြိုးတိုးတက်ရေးအတွက် ပြန်လည်မျှဝေပေးစေလိုပါတယ်ဗျာ။ ...

09 April 2015

Quad HD Diaplay , MediaTek Processor နဲ့ ထွက်ရှိလာတဲ့ HTC M9

ထိုင်ဝမ် အခြေစိုက် စမတ်ဖုန်း Company ကြီးတစ်ခုဖြစ်တဲ့ HTC ဟာ
မျိုးဆက်သစ် M9 ကိုကြော်ငြာမိတ်ဆက်ခဲ့ပါတယ်
အခုလည်း ၄င်းရဲ့ မျိုးဆက်သစ် M9+ ကိုထပ်မံမိတ်ဆက်လိုက်ပါတယ်
M9+မှာတော့ M8 နဲ့ M9 ရဲ့ ငွေ့အသက်တွေခြုံလွှမ်းထားပါတယ်
HTC M8 ကဲ့ သို့ သော Dual Camera နဲ့ M9 ရဲ့ လှပတဲ့ ကိုထည် ကို အချိုး ကျကျပေါင်းစပ်ထားတဲ့
စမတ်ဖုန်း အသစ်တစ်မျိုးလည်း ဖြစ်ပါတယ်

HTC_One_M9-_PerBack_Gold-630x394
M9+ မှာတော့ လက်တွဲနေကျဖြစ်တဲ့ Snapdragon ကို ဖယ်ထားပြီး
MediaTek နဲ့ ပွဲထွက်လာခဲ့ပါတယ်
Full HD အရည်အသွေး ကိုပြသပေးနိုင်မယ့် Quad HD Display နဲ့ အတူ
အသံပိုင်းဆိုင်ရာ ကောင်းမွန်လှတဲ့ HTC Boom Sound နဲ့ တွဲဖက်ပေးထားတာကြောင့်
Resolution နဲ့ Sound ပိုင်းမှာ အပြစ်ပြောစရာ မလိုအောင် ကောင်းမွန်မှာပါ
M9 ထက် သာလွန်တဲ့ အချက်ကတော့ Samsung လို Home Key Fingerprint ပါဝင်လာတာဖြစ်ပါတယ်
အဆိုပါ M9+ ကိုတော့ China မှာသာရောင်းချမှာဖြစ်ပြီး Global ကိုတင်ပို့မယ့်
အချိန်ကို အသေအချာမပြောထားပါဘူး
သာလွန်တဲ့ အရည် အသွေးတွေနဲ့ HTC M9+ ကို စောင့်မျှော်ကြရအောင်ဗျာ
Aung Khaing (MMAS)
http://www.myanmarmobileapp.com/
HTC_One_M9-_PerRight_GunMetalGray-630x497

No comments:

Post a Comment

http://i1323.photobucket.com/albums/u591/aungaung13/cooltext666275999_zpsbe12bc0c.gif