(နည်းပညာ)ပြန်လည်မျှဝေပေးခြင်း

မင်္ဂလာပါခင်ဗျာ ... ကျွန်တော်တင်သမျှ Post လေးများသည် ကျွန်တော်လေ့လာဖူးသမျှကို ပြန်လည်မျှဝေပေးခြင်းဖြစ်ပါတယ်။ သူငယ်ချင်းအားလုံးလည်း ကျွန်တော့် site မှကြိုက်နှစ်သက်တဲ့ မည့်သည့် Post ကိုမဆို မြန်မာ IT နည်းပညာဖွံ့ဖြိုးတိုးတက်ရေးအတွက် ပြန်လည်မျှဝေပေးစေလိုပါတယ်ဗျာ။ ...

05 April 2015

Samsung Galaxy S6 နဲ့ S6 Edge တို့ကိုနိုင်ငံအလိုက်ဖြန့်ချိမယ့်နေ့ရက်များ နဲ့ မြန်မာပြည်ဈေးကွက်ကို ပိုမိုအာရုံစိုက်လာတဲ့ Samsung

Samsung က ၄င်းတို့ရဲ့ နောက်ဆုံးထုတ် ဖုန်းမော်ဒယ်အသစ် ၂ မျိုးဖြစ်တဲ့ Samsung Galaxy S6 နဲ့ S6 Edge တို့ကို အာရှတိုက် နိုင်ငံများမှာ စတင်ရောင်းချမယ့်အစီအစဉ်များနဲ့ပတ်သက်ပြီး စင်ကာပူမှာ မိတ်ဆက်ပြောကြားခဲ့ပါတယ်။ ဒီပွဲမှာပြောကြားချက်အရ Samsung Galaxy S6  နဲ့ S6 Edge တို့ကိုနိုင်ငံအလိုက်ဖြန့်ချိမယ့် ရက်တွေကတော့
April 10 – Australia, Myanmar, Singapore, Taiwan.
April 11 – Vietnam, New Zealand
April 12 – Cambodia
April 13 – Indonesia
April 17 – Malaysia
April 18 – Philippines
April 20 – Thailand
April 24 – Laos

 
နောက်မှထပ်သိရတာက တရုတ်ပြည်မကြီးကိုလည်း ဧပြီလ ၁၀ ရက်နေ့နဲ့ ဟောင်ကောင်ကို ဧပြီလ ၂၀ ရက်နေ့တို့မှာစတင်ရောင်းချမယ်လို့သိရပါတယ်။ ထူးခြားတာကတော့ အခါတိုင်း တရုတ်နဲ့ဟောင်ကောင်မှာ အရင်ရောင်းနေကျဖြစ်ပြီး မြန်မာက Samsung ဖုန်းအသစ်တွေစရောင်းရာမှာ နောက်ကျ နေကြဖြစ်ပါတယ်။ အခု S6 နဲ့ S6 Edge မှာတော့ မြန်မာက အရင်ဆုံးရောင်းချမယ့် နိုင်ငံတွေထဲမှာပါဝင်နေတဲ့အတွက် Samsung က အရင်ကထက် မြန်မာပြည်ဈေးကွက်ကို ပိုမိုအားစိုက်လာပြီလို့ ယူဆရပါတယ်။ ဒီတစ်ချက်တင်ထူးခြားတာမဟုတ်ဘဲ ဖုန်းရဲ့ မြန်မာစာစနစ်မှာ ဇော်ဂျီမြန်မာစာစနစ်နဲ့သုံးစွဲသူတွေအဆင်ပြေဖို့ရော ၊ နောက်ပိုင်းမှာ မသုံးမဖြစ်လိုအပ်လာမယ့် မြန်မာယူနီကုဒ်စနစ်ကိုရော ၊ ၂ မျိုးစလုံးကိုအဆင်ပြေအောင် မြန်မာစာစနစ်ကိုလည်း ၂ မျိုးစလုံးထည့်ပေးထားတာတွေ့ရပါတယ်။

မြန်မာပြည်ဈေးကွက်မှာရောင်းချနေတဲ့ ဘယ်ဖုန်းအမျိုးအစားမှမလုပ်ဖူးသေးတဲ့ပုံစံမျိုးပါ။ GALAXY S6 ကို (၇၄၉,၀၀၀) ကျပ်ဖြင့်လည်းကောင်း၊ GALAXY S6 Edge ကို (၈၆၉,၀၀၀) ကျပ်ဖြင့်လည်းကောင်းရောင်းချပေးမယ်လို့သိရပြီး  မြန်မာပြည်မှာတော့ ဧပြီလ ၁၀ ရက်နေ့မှာစတင်ရောင်းချပေးမှာဖြစ်လို့ Samsung Galaxy S6 နဲ့ S6 Edge အကြောင်းကိုတော့ ထွက်တဲ့အချိန်မှဆက်ရေးပါဦးမယ်။

No comments:

Post a Comment

http://i1323.photobucket.com/albums/u591/aungaung13/cooltext666275999_zpsbe12bc0c.gif