ပြီးခဲ့တဲ့ April Fool နေ့မှာတုန်းက ThinkGeek.com ကနေပြီးတော့ Fool လုပ်ခဲ့ပါသေးတယ်။ ယင်းကတော့ ပုံမှာ မြင်တွေ့နေရတဲ့ ၃၆၀ ဒီဂရီ Selfie rig ဆိုတာပဲ ဖြစ်ပါတယ်။ သူ့ကို အသုံးပြုမယ် ဆိုရင် ခါးမှာ ခါးပတ် ပတ်ပြီ ပုခုံးမှာ ထောက်တင်ထားဖို့ လိုအပ် ပါတယ်။ သူ့ကို ပတ်ထားပြီးပြီ ဆိုရင် ၃၆၀ ဒီဂရိတ် လည့်ပတ်ရိုက်နိုင်ပြီး ပတ်တပ်လည်မှာလည်း ကင်မရာ ပါရှိမှာ ဖြစပါတယ်။
သူ့ကို အပြင်တွေသွားတဲ့အခါပဲ ဖြစ်ဖြစ် ရုံးခန်းမှာ အစည်းအဝေး လုပ်တဲ့အခါပဲ ဖြစ်ဖြစ် မိမိရဲ့ ပုံရိပ်ကို ထောင့်အမျိုးမျိုး ကနေ ရရှိစေမှာ ဖြစ်ကြောင်း ဆိုပါတယ်။ သူ့အတွက် iOS, Android App များကို ဖုန်းမှာ Install လုပ်ထားရန် လိုပြီး ပုံရိုက်ပြီးတာနဲ့ ဆိုရှယ် ဝဘ်ဆိုဒ်တွေပေါ်မှာ တင်လို့ရအောင် feature ပေးထားကြောင်း ဆိုပါတယ်။
သတင်းအပြည့်အစုံရေးပြီး Fool ထားတဲ့ အကြောင်းအရာကို http://www.thinkgeek.com/product/iljo/ ထဲမှာ ဖတ်ရှု နိုင်ပါတယ်။ တော်ကြာ အစစ်ထင်မှာစိုးလို့ ဒီဟာက April Fool တစ်ခုဖြစ်ကြောင်း ထပ်လောင်း ပြောကြားလိုက်ရ ပါတယ်။
.
အောင်ခမ်း (MMAS)

No comments:
Post a Comment
http://i1323.photobucket.com/albums/u591/aungaung13/cooltext666275999_zpsbe12bc0c.gif