(နည်းပညာ)ပြန်လည်မျှဝေပေးခြင်း

မင်္ဂလာပါခင်ဗျာ ... ကျွန်တော်တင်သမျှ Post လေးများသည် ကျွန်တော်လေ့လာဖူးသမျှကို ပြန်လည်မျှဝေပေးခြင်းဖြစ်ပါတယ်။ သူငယ်ချင်းအားလုံးလည်း ကျွန်တော့် site မှကြိုက်နှစ်သက်တဲ့ မည့်သည့် Post ကိုမဆို မြန်မာ IT နည်းပညာဖွံ့ဖြိုးတိုးတက်ရေးအတွက် ပြန်လည်မျှဝေပေးစေလိုပါတယ်ဗျာ။ ...

28 April 2015

စတိုင်ကြကြစမတ်နာရီ Vector Luna

Vector Luna စမတ်နာရီဟာ Moto360 ထက် အရွယ် နည်းနည်း ငယ်ပါတယ်။ ရည်ရွယ်ချက်ကတော့ အမျိုးသား၊ အမျိုးသမီး ဗားရှင်း နှစ်မျိုး မထုတ်တော့ပဲ တစ်မျိုးတည်းနဲ့ အဆင်ပြေစေအောင် ဖြစ်ပါတယ်။ အခြား စမတ်နာရီ များနဲ့ မတူတဲ့ ထူးခြားချက်ကတော့ Black and White အရောင် မျက်နှာပြင်ကိုသာ အသုံးပြုထားခြင်း ဖြစ်ပါတယ်။



ဒီအတွက် Vector ရဲ့ စီအီးအို မှတ်ချက် ဒီလိုရှိပါတယ်။ “စမတ်နာရီ ဆိုတာ စမတ်ဖုန်းရဲ့ အထောက်အပံ့ အကူ တစ်ခု အဖြစ်ပဲ ကျနော် မြင်ပါတယ်။ ဒါကြောင့်မို့ ဖုန်းတွေလို ကာလာ စုံနေစရာမလိုပါဘူး။ အဖြူအမဲ အရောင်လေး ရှိနေရုံနဲ့ အဆင်ပြေပါတယ်။” နာရီဟာ ရွှေရောင် လည်း ဖြစ်တာကြောင့် sexy ကျတယ်လို့ မှတ်ချက် ပေးကြ ပါတယ်။
အဖြူအမဲ အရောင် ဖန်သားပြင်ကြောင့် အားအပြည့်သွင်းထားရင် ရက် ၃၀ ခံမှာ ဖြစ်ပါတယ်။ သူ့အနေနဲ့ အီးမေးလ်တို့ Message တို့ ဝင်လာရင်လည်း အရောင်စုံထွက်ပြီး Alert မပေးဘူး ဆိုပါတယ်။ အခြားသော စမတ်နာရီများလို ဖက်ရှင် အစုံအလင် ပါရှိပြီး ဖုန်းနဲ့ Sync လုပ်ပြီး setting အမျိုးမျိုး ပေးနိုင်ပါတယ်။
ဈေးကတော့ အမေရိကန်ဒေါ်လာ ၃၄၉ ဒေါ်လာ ဝန်းကျင် ရှိပြီး ကမ္ဘာ အနှံ့ ဈေးကွက်ကို ဖြန့်ချိသွားမှာ ဖြစ်ကြောင်း သိရပါတယ်။
Ref: Pocket-lint

No comments:

Post a Comment

http://i1323.photobucket.com/albums/u591/aungaung13/cooltext666275999_zpsbe12bc0c.gif