(နည်းပညာ)ပြန်လည်မျှဝေပေးခြင်း

မင်္ဂလာပါခင်ဗျာ ... ကျွန်တော်တင်သမျှ Post လေးများသည် ကျွန်တော်လေ့လာဖူးသမျှကို ပြန်လည်မျှဝေပေးခြင်းဖြစ်ပါတယ်။ သူငယ်ချင်းအားလုံးလည်း ကျွန်တော့် site မှကြိုက်နှစ်သက်တဲ့ မည့်သည့် Post ကိုမဆို မြန်မာ IT နည်းပညာဖွံ့ဖြိုးတိုးတက်ရေးအတွက် ပြန်လည်မျှဝေပေးစေလိုပါတယ်ဗျာ။ ...

28 April 2015

ZTE ကထုတ်မယ့်ဖန်သားထိုးဖောက်မြင် စမတ်ဖုန်း


ဖန်သားပြင်ကို ထိုးဖောက်မြင်ရစေမယ့် စမတ်ဖုန်းကို ထုတ်လုပ်ဖို့ ကြိုးစားနေသူတွေထဲမှာ Samsung, LG တို့အပြင် ZTE လည်း ပါဝင်ပါတယ်။ ZTE ကုမ္ဗဏီဟာ ဈေးကွက်မှာ ZTE Star 2, Blade 6, SPRO 2 တို့ကို ထုတ်လုပ်ပြီး ဈေးကွက်မှာ နာမည်ရလာပြီးနောက် သူတို့ ပြုလပ်နေတဲ့ ပရောဂျက် အသစ်ကို တရားဝင် ကြေညာလိုက်ပါတယ်။ ယင်းကတော့ ထိုးဖောက်မြင်ရတဲ့ စမတ်ဖုန်းပဲ ဖြစ်ပါတယ်။
ယင်းအတွက် ဗီဒီယိုကို ပြပွဲ တစ်ခုမှာ ပြသခဲ့ပြီး ပါဝင်မယ့် Function တွေဟာ


အင်မတန် ခေတ်ရှေ့ပြေးနေတာကို တွေ့ရပါတယ်။ ဒါကတော့ အနာဂတ် ဖုန်း ဖန်တီးသူတိုင်း ပြုလုပ်နေကြ အကွက်တွေပါ။ လူသားကနေ လူသား အချင်းချင်း ထိတွေ့ ပြောဆို ဆက်ဆံရတဲ့
ခံစားချက်မျိုးကို ပေးစွမ်းနိုင်အောင် ဖုန်းတွေဟာ ကြားခံ တစ်ခု အနေနဲ့ မဟုတ်ပဲ ကွယ်ပျောက်နေတဲ့ အလွှာတစ်ခု ဖြစ်စေရမယ် ဆိုတာ ZTE က ပြောဆိုတဲ့ အချက် ဖြစ်ပါတယ်။ သူပြောသလို ဖြစ်လာဖို့ ဆိုတာ ဘယ်နှစ်နှစ် စောင့်ရမယ်လို့တော့ မပြောပြပါဘူး။ ပညာရှင်များရဲ့ ခန့်မှန်းချက် အရတော့ အနည်းဆုံး ၁၀ နှစ်ကြာမယ့် စီမံကိန်း တစ်ခု အဖြစ် မှတ်ချက် ပြုထားပါတယ်။
အခြား တစ်ဖက်မှာလည်း အဲ့ဒီလို ထိုးဖောက်မြင်ရတဲ့ စမတ်ဖုန်းတွေ ခေတ်စာမယ့် ခေတ်ကာလဟာ နောင် အနှစ် သုံးဆယ်မှသာ ဖြစ်ကြောင်းလည်း ပြောဆိုထား ပါသေးတယ်။

 

No comments:

Post a Comment

http://i1323.photobucket.com/albums/u591/aungaung13/cooltext666275999_zpsbe12bc0c.gif