(နည်းပညာ)ပြန်လည်မျှဝေပေးခြင်း

မင်္ဂလာပါခင်ဗျာ ... ကျွန်တော်တင်သမျှ Post လေးများသည် ကျွန်တော်လေ့လာဖူးသမျှကို ပြန်လည်မျှဝေပေးခြင်းဖြစ်ပါတယ်။ သူငယ်ချင်းအားလုံးလည်း ကျွန်တော့် site မှကြိုက်နှစ်သက်တဲ့ မည့်သည့် Post ကိုမဆို မြန်မာ IT နည်းပညာဖွံ့ဖြိုးတိုးတက်ရေးအတွက် ပြန်လည်မျှဝေပေးစေလိုပါတယ်ဗျာ။ ...

04 May 2015

Facebook Video Calling လုပ်ကြည့်ရအောင်


မင်္ဂလာပါ... ကျွန်တော် သည်တခါရေးဖြစ်တဲ့  အကြောင်းအရာလေးကတော့  ကျွန်တော်တို့ဖုန်းတွေမှာသုံးနေကြတဲ့ Messager Apk ကနေ ပြီးတော့  Video Call ခေါ်ခြင်တဲ့သူများအတွက် ခေါ်ဆိုလို့ရမယ့် နည်းလမ်းလေးတစ်ခုကို ပြန်လည် ရေးသား လိုက်ပါတယ်... ဒါလေးကိုတော့ အရင်ကလည်း ရေးသားထားကြတာတွေ တွေ့ဖူးသလို လူတော်တော် များများလည်း ခုဆို အသုံးပြုနေကြပါတယ်... မသိသေးသော ယူဆာ များအတွက် အထူး ရည်ရွယ်ပြီးရေးသားလိုက်ခြင်းဖြစ်ပါတယ်.... အဆင်ပြေစေဖို့လည်း ပုံလေးတွေနဲ့ သေခြာ ရှင်းပြထားပါတယ်နော်.... ကဲအောက်မှာ လေ့လာရင်း စလိုက်ကြရအောင်...ပထမဆုံး မိမိတို့ ဖုန်းထဲမှာ vpn ကျော်ဖို့အတွက် Flash Vpn Apk ဆိုတာလေးကို ဒေါင်းရမှာဖြစ်ပါတယ်၊၊

ဒေါင်းပြီးလို့ရလာတဲ့  apk လေးကို မိမိတို့ ဖုန်းမှာ  Install လုပ်ပေးလိုက်ပါ..ပြီးတာနဲ့အဲapk လေးကိုဖွင့်ပေးလိုက်ပါ... တက်လာတာနဲ့ အောက်မှာ ပုံလေးတွေတိုင်းကြည့်လုပ်လိုက်ပါ...ဖွင့်ထားတဲ့ apk ကနေ ပုံမှာ မြင်နေရတဲ့အတိုင်း Location ချိန်းရမှာဖြစ်ပါတယ်  အဲမှာ ကလစ်ပြီး  United State ဆိုတာကိုထားပေးလိုက်ပါ..ပြီးတာနဲ့  Start ဆိုတာကိုကလစ်လိုက်ပါ...ခဏစောင့်ပါ တက်လာမဲ့ စာမျက်နှာမှာ  trust ဆိုတာကို အမှန်ခြစ်ပေးပြီး Ok ဆိုတာကလစ်ပေးလိုက်ပါ။

နောက်တဆင့်အနေနဲ့ ကတော့ မိမိတို့ Location ချိတ်ဆက်ပြီးတာနဲ့  Messager ဆီကိုသွားလိုက်ပါကိုယ်ချက်ခြင်တဲ့  ခေါ်ခြင်တဲ့လူကို တချက်ကလစ်ကြည့်လိုက်ပါ  အပေါ် call နေရာမှာ video call လေး ပေါ်ပြီလား..မပေါ်သေးဘူးလားဆိုတာ မြင်ကြရမှာ ဖြစ်ပါတယ်... ပုံမှာ ပါတဲ့အတိုင်း မပေါ်သေးတာကိုတွေ့ရမယ် ဆိုရင်... ကျွန်တော် တို့ Messager ကို ဖုန်းရဲ့  Setting >> App Manager ထဲကိုဝင်ပြီးတော့  Messager  ဆိုတာကို ကလစ်ပါ  Clear  Data လုပ်ပေးဖို့လိုပါမယ်.....သည်လို လုပ်ခြင်းအားဖြင့်  မိမိတို့ Messager  ကိုတော့ တဖန်ပြန်လည်ပြီး  အကောင့် ပြန်ဝင်ရမှာ ဖြစ်ပါတယ်... အိုကေ အကောင့် Sing In ပြီးကြည့်လိုက်ပါ....

Messager  Sing In ၀င်ပြီး တာနဲ့ ချက်ဖို့ တယောက်ယောက်ကိုကလစ်လိုက်ပါ....ဒါဆို အပေါ် မှာ VideoCallဆိုတာလေး ပေါ်နေတာကို တွေ့ရမှာဖြစ်ပါတယ်... အိုကေပါပြီ  မိမိတို့ ခေါ်ခြင်သူကို  videocall ဖြင့်ခေါ်ဆို ဆက်သွယ် နိုင်ပါပြီ...နော်....မိမိတို့ အသုံးမလိုတဲ့အခါ  အပေါ် Noti Bar ကနေဆွဲချပြီး
flash vpn လေးကိုကလစ်ပြီး  Stop ထားလိုက်ပါ....ဒါဆို အဆင်ပြေပါပြီ..


ကြိုဆို

No comments:

Post a Comment

http://i1323.photobucket.com/albums/u591/aungaung13/cooltext666275999_zpsbe12bc0c.gif