မျက်နှာပြင် အရည်အသွေး ကောင်းကြောင်း ပြောထား
မျက်နှာပြင် အရည်အသွေးက အင်မတန် ကောင်းပါတယ်တဲ့။1440 x 2560 pixels (~538 ppi pixel density) ဆိုတာ အတော်ကောင်းပါတယ်။ အရွယ်ကလည်း ၅.၅ လက်မ ဖြစ်တာကြောင့် Phablet မကျ ဖုန်းမကျ ကြားထဲက စမတ်ဖုန်းလေး တစ်ခုအဖြစ် ဥပမာ ပေးထား ပါတယ်။
ဒီဇိုင်းပိုင်းလည်း အမှတ်ကောင်း ရထား
ဒီဇိုင်းက နောက်ကျောမှာ ခုံးခုံးလေး လုပ်ထားတာကို အမှတ်ကောင်း ပေးထားပါတယ်။ နောက်ထပ် ထူခြားချက်ကတော့ သူ့အတွက် သားရေကာဗာ ဖုန်းအိတ် များ ထွက်ရှိခြင်း ဖြစ်ပါတယ်။ ဒါကြောင့်မို့ Business သမားတွေအတွက် အကြိုက်တွေ့စေမယ့် အထှာမျိုး ဖြစ်ပါတယ်။


ကင်မရာ ဟာ အလယ်အလတ်
ကင်မရာက 16 MP, 5312 x 2988 pixels, phase detection/laser autofocus, optical image stabilization, dual-LED (dual tone) flash အစရှိတဲ့ အရည်အသွေးများ ရှိပြီး ရှေ့ကင်မရာဟာလည်း 8 Megapixel ရှိပါတယ်။ ကင်မရာမှာ အကောင်းဆုံးဖြစ်ပါတယ်လို့တော့ မဆိုထားပါဘူး။ အကြောင်းကတော့ သူ့မှာ နှိုင်းယှဉ်စရာအနေနဲ့ Focal length သူ့ထပ်ပိုများတဲ့ iPhone 6 နဲ့ အခြားဖုန်းများ ရှိနေသေးလို့ ဖြစ်ပါတယ်။ အမှန်တော့ ကင်မရာ တစ်ခုကောင်းမကောင်းဆိုတာ ကြည့်စရာ အချက်တွေ များသလို အသုံးပြုသူရဲ့ အရည်အချင်းနဲ့လည်း ဆိုင်ပါလိမ့်မယ်။ စာရေးသူ အမြင်အနေနဲ့ ဆိုရင်တော့ ဖုန်းကင်မရာကောင်းမကောင်းဟာ ဒီနောက်ပိုင်းထွက် ထိပ်တန်း ဖုန်းတွေမှာဆိုရင် အသုံးပြုသူရဲ့ အကြိုက်ပေါ်မှာသာ မူတည် ပါတော့တယ်။
ဘက်ထရီဟာ မကောင်း
ဘက်ထရီဟာ 3000 mAh သာရှိပြီး တကယ်တန်း အသုံးပြုတဲ့အခါမှာကျတော့လည်း ပါဝါဟာ ထင်ထားတာထက် performance နည်းတာကို နိုင်ငံတကာ Review လုပ်သူတို့က တွေ့ရှိထားပါတယ်။ ဒီတော့ ဘက်ထရီ အားကောင်းကောင်း စမတ်ဖုန်း သုံးချင်သူများအတွက် အကြိုက်တွေ့ဖို့ မလွယ်ပါဘူး။ တကယ်တန်းကျတော့ ဖုန်းကို အရမ်းသုံးတဲ့သူအတွက် စိတ်အလိုကျစေမယ့် ဘက်ထရီဟာ ရှားပါလိမ့်မယ်။ စာရေးသူနဲ့ မိတ်ဆွေဆိုရင် iPhone 6, 64GB ကိုင်ပြီး ဘက်ထရီ အကုန်မြန်တာနဲ့ ပက်သက်လို့ ခဏခဏ ပြောပါတယ်။ သူကလည်း Power user မို့ပါ။

အခြား Spec များ
RAM 3GB, Quod Core ဖုန်း, Andriod Lilipop ကို အသုံးပြုမယ် အစရှိသဖြင့်တို့ဟာ အများ သိပြီးသား ဖြစ်မယ့် အချက်များ ဖြစ်ပါတယ်။ LG ဟာ Android 5.0 UI ပေါ်မှာ သူတို့ရဲ့ ကိုယ်ပိုင် UX ကို အနည်းငယ် ခပ်ပါးပါးလေး ထပ်ဖုံးပေးထား ပါတယ်။ 36GB memory ရှိပါတယ်။
အနှစ်ချုပ်
အနှစ်ချုပ်အားဖြင့် နိုင်ငံတကာ Review များကို လေ့လာကြည့်မိသလောက် ပြောရရင် ဒီဇိုင်းပိုင်း ကောင်းမွန်မှု၊ မျက်နှာပြည် အရည်အသွေး ကောင်းမှု၊ အရွယ် အနေတော်ကျမှု၊ ကင်မရာ အစရှိသဖြင့်တို့က အကောင်းပြောစရာ ဖြစ်ပြီး Touch ID မပါဝင်တာနဲ့ ဘက်ထရီ လိုအပ်ချက် ရှိနေတာတို့လောက်သာ အားနည်းချက် အဖြစ် ဖော်ပြ ထားပါတယ်။ မြန်မာနိုင်ငံမှာလည်း ပေါက်ဈေး ၆သိန်းခွဲ ၇ သိန်း ဝန်းကျင် ရှိနိုင်မယ့် စမတ်ဖုန်း ဖြစ်ပြီး Samsung, iPhone 6 တို့နဲ့ ယှဉ်ပြိုင်စရာ ဖုန်းတစ်မျိုး ရှိနေမှာ ဖြစ်ပါတယ်။

No comments:
Post a Comment
http://i1323.photobucket.com/albums/u591/aungaung13/cooltext666275999_zpsbe12bc0c.gif