HTC One M9 ဟာ အပြင်ပိုင်း ဒီဇိုင်းအပြောင်းအလဲ သိပ်မရှိပေမယ့် အတွင်းပိုင်း System တွေမှာတော့ အပြောင်းအလဲတွေ ထူးထူးခြားခြားပါဝင်လာတာကိုတွေ့ရပါတယ်။
ယခင်ပါဝင်နေကျ Fastboot Mode နေရာမှာ Download Mode လို့ခေါ်တဲ့ function တစ်ခုနဲ့အစားထိုးထားပါတယ်။ နာမည်တင်ပြောင်းလဲထားတာမဟုတ်ပါဘူး ။ System info , Show Barcode တို့လို feature တွေကိုလည်း ယင်း Download Mode ထဲမှာပြောင်းလဲထည့်သွင်းထားတာကိုတွေ့ရပါတယ်။ Factory Reset Function ဟာလည်း Download Mode ထဲမှာပါဝင်ပါတယ်။