(နည်းပညာ)ပြန်လည်မျှဝေပေးခြင်း

မင်္ဂလာပါခင်ဗျာ ... ကျွန်တော်တင်သမျှ Post လေးများသည် ကျွန်တော်လေ့လာဖူးသမျှကို ပြန်လည်မျှဝေပေးခြင်းဖြစ်ပါတယ်။ သူငယ်ချင်းအားလုံးလည်း ကျွန်တော့် site မှကြိုက်နှစ်သက်တဲ့ မည့်သည့် Post ကိုမဆို မြန်မာ IT နည်းပညာဖွံ့ဖြိုးတိုးတက်ရေးအတွက် ပြန်လည်မျှဝေပေးစေလိုပါတယ်ဗျာ။ ...
Showing posts with label Vsco Cam. Show all posts
Showing posts with label Vsco Cam. Show all posts

23 August 2015

Vsco Cam3.2 APK


မင်္ဂလာပါ Smart Phone အသုံးပြုသူတို့ အများဆုံး အသုံးပြုတဲ့ Feature ကတော့ Camera ဖြစ်ပါလိမ့်မယ်။ ကင်မရာကို အသုံးပြုပြီး ဓါတ်ပုံရိုက်မှတ်တမ်းတင်ကြသလို၊ အချို့ကလည်း အလှဓါတ်ပုံများရိုက်လေ့ရှိကြပါတယ်။ အရင်ကတော့ Camera 360 ဟာ ဓါတ်ပုံတွေကို အကောင်းဆုံး ပြန်ပြင်နိုင်တဲ့ Application အဖြစ် တည်ရှိနေပေမဲ့ အခုနောက်ပိုင်းမှာ အရည်သွေးကောင်း Effect မျိုးစုံ ပါဝင်တဲ့ Application မျိုးစုံကလည်း ပေါ်လာခဲ့ပါပြီ။ ဒီ Application တွေထဲကမှ ဖုန်းနဲ့ ဓါတ်ပုံကို အကောင်းဆုံးပြင်နိုင်တဲ့လူတွေကတော့ VSCO ကို အသုံးပြုလာကြပါတယ်။
VSCO ဆိုတာ Visual Supply Co ကို အတိုကောက်ခေါ်ဆိုတဲ့ နာမည်ဖြစ်ပါတယ်။ သူ့မှာ ပါဝင်တဲ့ Effect တွေကလည်း ဓါတ်ပုံဆရာတွေကြိုက်နှစ်သက်တဲ့ Effect တွေဖြစ်ပြီး အချို့ အရည်အသွေးအရမ်းကောင်းတဲ့ Effect တွေကိုတော့ အခကြေးငွေပေးပြီး ဝယ်ရပါတယ်။ အခုဆိုရင် VSCO Camera Application က update version ထွက်ရှိလာပါပြီ။