(နည်းပညာ)ပြန်လည်မျှဝေပေးခြင်း

မင်္ဂလာပါခင်ဗျာ ... ကျွန်တော်တင်သမျှ Post လေးများသည် ကျွန်တော်လေ့လာဖူးသမျှကို ပြန်လည်မျှဝေပေးခြင်းဖြစ်ပါတယ်။ သူငယ်ချင်းအားလုံးလည်း ကျွန်တော့် site မှကြိုက်နှစ်သက်တဲ့ မည့်သည့် Post ကိုမဆို မြန်မာ IT နည်းပညာဖွံ့ဖြိုးတိုးတက်ရေးအတွက် ပြန်လည်မျှဝေပေးစေလိုပါတယ်ဗျာ။ ...

05 May 2015

သုံးဘက်မြင် မျက်မှန်ခေတ်ကို ပြောင်းလဲစေမယ့် Microsoft HoloLens


Microsoft HoloLens ကို Microsoft ရဲ့ Windows 10 ကို မိတ်ဆက်တုန်းက အတူမိတ်ဆက်ခဲ့တာပါ။ သူက 3D Virtual Reality မျက်မှန်ဖြစ်ပြီး အခြား ကုမ္ဗဏီများက ထွက်ရှိထားတဲ့ မျက်မှန်များထက် အင်မတန် သိသာတဲ့ နည်းပညာ များ ပါဝင်လာစေခဲ့ ပါတယ်။
ဥပမာအားဖြင့် Samsung VR ပဲဖြစ်ဖြစ် Google ရဲ့ Cardboard ပဲ ဖြစ်ဖြစ် Visual အတွက်သာ ထောက်ပံ့ပြီး ကြည့်ရှုသူက ထိန်းချုပ်ကိုင်တွယ်လို့ မရပါဘူး။ Microsoft HoloLens မှာတော့ Collaborative လုပ်လို့ ရမယ့် မိမိ ကိုယ်တိုင် ပါဝင်ပြီး ကိုင်တွယ်လုပ်ကိုင်လို့ရမယ့် နည်းပညာ ပါဝင်ပါတယ်။ ဆိုလိုရင်းက မျက်စိမှာ မြင်နေရင် မြင်နေရုံမက မိမိရဲ့ လက်နဲ့ ထိတွေ့ပြီး ကိုင်တွယ်တာမျိုး၊ ရွှေ့ပြောင်းတာမျိုး၊ ကြီးအောင် ငယ်အောင် လုပ်တာမျိုးတို့ အပြင် ကွန်ပြူတာ ဖန်သားပြင်ပေါ်မှာ လုပ်လို့ရတဲ့ လုပ်ငန်းဆောင်တာ အချို့ကို မျက်စိမှာ မြင်နေတဲ့ Object တွေကို လက်နဲ့ ကိုင်တွယ်ပြီးတော့ ပြုလုပ်လို့ရ ပါတယ်။

 
ဥပမာ ကိုယ်က ကားဒီဇိုင်းကို ကွန်ပြူတာမျက်နှာပြင်ထဲ Photoshop ထဲမှ ဆွဲနေမယ်ဆိုရင် မျက်မှန်တပ်ပြီးတော့ ယင်းပုံကို လက်နဲ့ ဆွဲထုတ်ပြီး အပြင် ဘေးစားပွဲမှာ ချလို့ စကေး အသေးအကြီး လုပ်ကြည့်မယ်။ Photoshop မဟုတ်တော့ပဲ HoloLens ရဲ့ Computing မှ ထောက်ပံ့ပေးတဲ့ Tool များနဲ့ အရောင်းချယ်မယ် အစိတ်အပိုင်းများ ထည့်မယ် အစရှိသဖြင့်တို့လည်း ပြုလုပ်လို့ ရပါတယ်။
သူ့ရဲ့ လုပ်ဆောင်နိုင်မှုကို တဖြည်းဖြည်းတိုးမြင့်သွားမှာ ဖြစ်ပါတယ်။ အရွယ်အစားအနေနဲ့ကတော့ ခေါင်းပေါ်မှာ မူတည်ပြီး အကျဉ်းအကျယ် ပြလုပ်လို့ ရပါတယ်။ ဒီနှစ်ထဲမှာ ထွက်ရှိမှာ ဖြစ်ပါတယ်။ ဈေးနှုန်းကတော့ အမေရိကန်ဒေါ်လာ ၅၀၀ ဝန်းကျင် ရှိမယ်လို့ ခန့်မှန်းထားပါတယ်။ ဈေးနှုန်းကို တရားဝင် မကြေညာရသေးပါဘူး။ ထွက်ရှိရန် နီးလာတဲ့အခါ အသေးစိတ်ကို Update တင်ပေးပါ့မယ်။
.
အသေးစိတ်ကို https://www.microsoft.com/microsoft-hololens ထဲမှာလည်း ကိုယ်တိုင် လေ့လာ နိုင်ပါတယ်။
အောင်ခမ်း (MMAC)

ကြိုဆို

No comments:

Post a Comment

http://i1323.photobucket.com/albums/u591/aungaung13/cooltext666275999_zpsbe12bc0c.gif