(နည်းပညာ)ပြန်လည်မျှဝေပေးခြင်း

မင်္ဂလာပါခင်ဗျာ ... ကျွန်တော်တင်သမျှ Post လေးများသည် ကျွန်တော်လေ့လာဖူးသမျှကို ပြန်လည်မျှဝေပေးခြင်းဖြစ်ပါတယ်။ သူငယ်ချင်းအားလုံးလည်း ကျွန်တော့် site မှကြိုက်နှစ်သက်တဲ့ မည့်သည့် Post ကိုမဆို မြန်မာ IT နည်းပညာဖွံ့ဖြိုးတိုးတက်ရေးအတွက် ပြန်လည်မျှဝေပေးစေလိုပါတယ်ဗျာ။ ...

05 May 2015

Sony Z4 ကမ္ဘာ့ဈေးကွက် မရောက်သော်လည်း အစားထိုးမယ့် စမတ်ဖုန်း အသစ်

မင်္ဂလာပါSony Xperia Z4 ဟာ ကမ္ဘာ့ဈေးကွက်ကို ရောက်ရှိမှာ မဟုတ်ကြောင်း သတင်းထွက်လာပါတယ်။ သူက ဂျပန်နိုင်ငံအတွင်းမှာပဲ ဖြန့်ချိ ရောင်းချမယ့် စမတ်ဖုန်း ဖြစ်ကြောင်း ဆိုပါတယ်။ ကမ္ဘာ့ဈေးကွက်မှာလည်း Xperia Z3 ကို အစားထိုးမယ့် စမတ်ဖုန်းကလည်း မဖြစ်မနေ လိုအပ်တယ်ဆိုတော့ Sony အနေနဲ့ အခြား ဖုန်း တစ်မျိုးကို ဖြန့်ချိမှာ ဖြစ်ကြောင်း ဆိုပါတယ်။ ယင်း ဖုန်းရဲ့ အမည်ကိုတော့ Sony Xperia Z3+ လို့ အမည်ပေးထားပါတယ်။



Sony Xperia Z4 နဲ့ Z3+ ရဲ့ Specification များက သိပ်ကွာခြားမှု မရှိပါဘူး။ အဓိကကတော့ ဂျပန်ရဲ့ Network connectivity နဲ့ အကောင်းဆုံး ဖြစ်အောင် Z4 ကို လုပ်ထားခြင်း ဖြစ်တာကြောင့် ကမ္ဘာ့ဈေးကွက်ကို မရည်ရွယ်တော့တာ ဖြစ်ပါတယ်။ ကမ္ဘာ့ဈေးကွက် ဖြန့်မယ့် Z3+ က ပုံမှာ မြင်တွေ့နေရတဲ့ဖုန်းပဲ ဖြစ်ပါတယ်။ Z4 နဲ့ ဒီဇိုင်း သိပ်ကွာခြားမှု မရှိပါဘူး။
RAM 3GB, ကင်မရာ 20 Mgapixel ရှိပါတယ်။ Sony ဟာ ကမ္ဘာ့ ကင်မရာ အကောင်းဆုံး ဖုန်းများ ထုတ်တဲ့ စာရင်းထဲမှာ ပါဝင်ပါတယ်။ သူ့ရဲ့ ကင်မရာဟာ လူကြိုက်များ ပါတယ်။ ဘက်ထရီက 2930 mAh ပမာဏ ပါဝင်ပါတယ်။ မျက်နှာပြင်ကတော့ ၅.၂ လက်မ အရွယ် ရှိပြီး Resolution က 1920 x 1080 pixel ရှိပါတယ်။ Qualcomm Snapdragon 810 chipset ကို အသုံးပြုပြီး 32GB Storage ကနေ စတင်ရောင်းချမယ့် စမတ်ဖုန်း ဖြစ်ပါတယ်။
ဈေးနှုန်းကို မကြေညာသေးပါဘူး။ မေလကုန်ပိုင်းလောက်မှာ ထွက်ရှိနိုင်ချေ ရှိကြောင်း သိရ ပါတယ်။





 ကြိုဆို

No comments:

Post a Comment

http://i1323.photobucket.com/albums/u591/aungaung13/cooltext666275999_zpsbe12bc0c.gif