(နည်းပညာ)ပြန်လည်မျှဝေပေးခြင်း

မင်္ဂလာပါခင်ဗျာ ... ကျွန်တော်တင်သမျှ Post လေးများသည် ကျွန်တော်လေ့လာဖူးသမျှကို ပြန်လည်မျှဝေပေးခြင်းဖြစ်ပါတယ်။ သူငယ်ချင်းအားလုံးလည်း ကျွန်တော့် site မှကြိုက်နှစ်သက်တဲ့ မည့်သည့် Post ကိုမဆို မြန်မာ IT နည်းပညာဖွံ့ဖြိုးတိုးတက်ရေးအတွက် ပြန်လည်မျှဝေပေးစေလိုပါတယ်ဗျာ။ ...

30 April 2014

Samsung 4.2.2 နှင့် အထက်တွေအတွက် မြန်မာစာမှန်ကန်အောင်ထည့်သွင်းနိုင်တဲ့

April 30, 2014 


ကိုဖြိုးညီညီရေးတဲ့ Tool လေးပါ.. သူရေးထားတဲ့အတိုင်း ပြန်တင်ပေးလိုက်ပါတယ်.
---
ဆမ်ဆောင်း 4.2.2 နဲ့ အထက်တွေအတွက်
မြန်မာစာ သွင်းဖို.ပါ CSC မကိုက်လို.ေ တွေရှေ.နောက်လွဲတာက အစ ပြင်လို.ရပါတယ်
အစ ကတော. GUI နဲ့ တင်ပေးမလို.ပါ ခုတော. လေ.လာချင်သူတွေအတွက် အဆင်ပြေအောင် batch နဲ့ပဲ ရေးထားတာလေး တင်လိုက် တယ်
ဖေါင့်ထည်.ရုံနဲ့ logo လည်နေတာ စက်မတက်တော.ဘူးဆိုတဲံ့ပြသနာ မတက်စေဖို.
၁၀၀% အာမခံပါတယ်..။

**DOWNLOAD**

ကျေးဇူးပြု၍ ဒီနေရာလေးကိုနှိပ်ပြီးLike လုပ်ပေးပါအုံးနော်

*ဥတ္တံတားသားအောင်နေလင်း(နည်းပညာ)*မှကြိုဆိုပါ၏

မိန်းကလေးတစ်ယောက်ကို တကယ်ချစ်ရင်...(78) ချက်ထဲက ဘယ်နှချက် သင် လုပ်နိုင်သလဲ


၁။ facebook password ကို သူမကို ပြောပြပါ...
၂။ သူမကို မရက်စက်ပါနဲ့...
၃။ စိတ်ထိခိုက်အောင် မလုပ်ပါနဲ့...
၎။ သူမကို အနိုင်မကျင့်ပါနဲ့...
၅။ မညာပါနဲ့...
၆။ မရိုက်ပါနဲ့...
၇။ တစ်ခုခုနဲ့ ကောက်ပေါက်တာမျိုးမလုပ်ပါနဲ့...
၈။ သူမဖုန်းကို မချပစ်ပါနဲ့....
၉။ အသံကျယ်နဲ့  အော်ပြီး သူမကို စကားမပြောပါနဲ့...
၁၀။ သူမ စိတ်မကောင်းဖြစ်အောင် မလုပ်ပါနဲ့...
၁၁။ သူမအတွက် အနှောင့်အယှက်ဖြစ်မဲ့ အရာတွေ သူမနဲ့ အတူ မရှိပါစေနဲ့...
၁၂။ မလုပ်ချင်တဲ့ အရာကို အတင်းမခိုင်းပါနဲ့...
၁၃။ ရည်းစားဟောင်းမိန်းကလေးနဲ့ သူမကို နှိုင်းပြီး မပြောဆိုပါနဲ့...
၁၄။ မလုပ်တတ်တဲ့ အရာကို အပြစ်မပြောပါနဲ့...
၁၅။ သူမကျန်းမာရေးနဲ့ မညီညွတ်တဲ့ အစာတွေကို မကျွေးပါနဲ့...
၁၆။ တခြားတစ်ယောက်က သူမထက် ပိုတော် ပိုကောင်းတယ်လို့ မပြောပါနဲ့...
၁၇။ အေးတဲ့ ရာသီမှာ သူမရဲ့ လက်ကလေးတွေကို နွေးထွေးစွာ ဆုပ်ကိုင်ထားပေးပါ...
၁၈။ လမ်းသွားတဲ့အချိန်မှာ သူမလက်ကို မြဲမြဲကိုင်ထားပါ...မလွှတ်လိုက်ပါနဲ့...
၁၉။ လမ်းကူးတဲ့အခါ... သူမလက်ကို တင်းကြပ်စွာ ကိုင်ထားပေးပါ...
၂၀။ သူမနဲ့ အတူတူ ဈေးဝယ်ထွက်တဲ့အခါ ပင်ပန်းလိုက်တာလို့ မပြောပါနဲ့...
၂၁။ ဈေးဝယ်ထွက်ရင် ပစ္စည်းကူသယ်ပေးပါ...
၂၂။ အထိမ်းအမှတ်နေ့တွေမှာ အမှတ်တရလက်ဆောင်ပေးပါ...
၂၃။ သူမ ဆာလောင်တဲ့အခါ...သူမနဲ့ အတူတူ စားသောက်ပေးပါ...
၂၄။ ရန်ဖြစ်ရင် အရင်ဆုံး တောင်းပန်ပါ....
၂၅။သူမ ကလေးဆန်တဲ့အခါ အဖော်ပြုပေးပါ...
၂၆။ နေမကောင်းတဲ့အခါ သတိတရ ဆေးတိုက်ပါ...
၂၇။ သူမ ဖုန်းဆက်ရင် ဆက်ဆက် ကိုင်ပါ...
၂၈။ နေမကောင်းတဲ့အခါ သူမဘေးမှာ နေပေးပါ...
၂၉။ ၀မ်းနည်းစရာနဲ့ သူမကြုံတဲ့အခါ...နှစ်သိမ့်ပေးပ
၃၀။ သူမ ငိုတဲ့အခါ... နွေးထွေးစွာ ဖက်ထားပါ..
၃၁။ သူမ မွေးနေ့ရောက်တဲ့ အခါ.. ပထမဆုံး သူမကို ပျော်ရွှင်စေသူဖြစ်ပါစေ...
၃၂။ သူမကို ပြောတဲ့ အတိုင်း ကတိတည်ပါ...
၃၃။ ဟန်းဖုန်းကို သူမကို ကြည့်ခွင့်ပေးပါ...
၃၄။ ကိစ္စရှိလို့ သူမခေါ်တဲ့အခါ...သွားနိုင်အောင်ကြိုးစားပါ...
၃၅။ ညဘက် ဖုန်းပိတ်မထားပါနဲ့...
၃၆။နေ့တိုင်း သူမကို ဖုန်းဆက်ပေးပါ....
၃၇။ online ပေါ်ရောက်တဲ့အခါ...သူမ ရှိမရှိ အရင်သတိပြုပါ...
၃၈။ တနေရာကို သူမ တစ်ယောက်ထဲသွားတဲ့အခါ... သူမကို ဖုန်းဆက်ပြီး သတိထားသွားဖို့ ပြောဆိုပါ...
၃၉။ သူမ ကြိုက်ရင် ၀ယ်ပါစေ...
၄၀။ သူမကို သေချာစောင့်ရှောက်ပါ...နေမကောင်းမဖြစ်ပါစေနဲ့...
၄၁။ သူမရဲ့ ဖုန်းနံပါတ်ကို ဖုန်းနံပါတ် စာရင်းထဲမှာ နံပါတ် ၁ ရှိပါစေ....
၄၂။ သူမနဲ့ စိတ်တူကိုယ်တူရှိပါစေ...
၄၃။ သူမ မက်ဆေ့ခ်ျ ပို့ရင် ချက်ခြင်း ပြန်ပါ....
၄၄။ သူငယ်ချင်းတွေရဲ့ ရှေ့မှာ သူမကို မျက်နှာသာပေးပါ...
၄၅။ လမ်းအတူတူသွားတဲ့အခါ သူမရဲ့ ဘယ်ဘက်မှာ နေပေးပါ...
၄၆။ ချစ်သူသက်တမ်းဘယ်လောက် ကြာပါစေ...အချစ်တွေ အမြဲ သစ်လွင် လန်းဆန်းနေပါစေ...
၄၇။ အန္တရာယ်ရှိရင် သူမကို မခိုင်းပါနဲ့...
၄၈။ မိုးရွာရင်... သူမကို ထီးဆောင်းပေးပါ...
၄၉။ သူမရဲ့ အကြိုက်ကို မှတ်ထားပေးပါ...
၅၀။ ပျော်ရွှင်တဲ့အခါ သူမနဲ့ အတူ မျှဝေခံစားပါ...
၅၁။ ၀မ်းနည်းစရာရှိရင် သူမကို အသိပေး တိုင်ပင်ပြောဆိုပါ...
၅၂။ သူငယ်ချင်းအားလုံးကို သူမနဲ့ မိတ်ဆက်ပေးပါ...
၅၃။ သူမကို ရယ်မောပျော်ရွှင်အောင် ထားပါ...
၅၄။ ပြောတဲ့အတိုင်း လုပ်ပါ...
၅၅။ တတ်နိုင်ရင် ဟင်းချက်သင်ပြီး သူမကို ကျွေးပါ....
၅၆။ သူမကို ယုံကြည်ပေးပါ...
၅၇။ အမြင်သဘောထားချင်း မကြာမကြာ ဖလှယ်ပါ...
၅၈။ သူမအိပ်တဲ့အခါ စောင်ခြုံပြီး နွေးထွေးအောင်လုပ်ပေးပါ....
၅၉။ သူမရဲ့ အတိတ်ကို နားလည်ပေးပါ...
၆၀။ သူမအတွက် လုံခြုံမှု ရှိပါစေ...
၆၂။ သူမစိတ်ဆိုးတဲ့အခါ ပျော်ရွှင်အောင် နှစ်သိမ့်ပြောဆိုပါ...
၆၃။ သူမ အလိုရှိတာကို အတတ်နိုင်ဆုံး ကြိုးစားပေးပါ...
၆၄။ ချိန်းတွေ့တဲ့အခါ..သူမထက် စောရောက်ပါစေ...
၆၅။ ချိန်းတွေ့တဲ့နေရာမှာ သူမကို စောင့်ရတာ အရမ်းကြာလို့ ပြန်သွားတာမျိုး မလုပ်ပါနဲ့...
၆၆။ သူမနဲ့ အတူတူ အဖော်ပြု လည်ပတ်ပေးတဲ့အခါ...အချိန်မရှိဘူးလို့မပြောပါနဲ့...သူမသွားချင်တဲ့နေရာကို ရွေးချယ်ပါစေ...
၆၇။ အချိန်တိုင်း သူမကို သတိရ ပါစေ....
၆၈။ တခြားမိန်းကလေးတစ်ယောက်ကို ၃ စက္ကန့်ထက် ပိုမကြည့်ပါနဲ့...မကြည့်တာအကောင်းဆုံးပါပဲ...
၆၉။ အိမ်ပြန်တဲ့အခါ သူမကို အိမ်ဝ အထိလိုက်ပို့ပေးပါ... သူမအိမ်ပေါ်ရောက်မှ ပြန်ပါ...
၇၀။ အိမ်ပြန်ပို့ပေးတဲ့အခါ ကောင်းသောညပါလို့ နှုတ်ဆက်ဖို့ မမေ့ပါနဲ့...
၇၁။ သူမလုပ်တဲ့အရာကို ကူညီလုပ်ပေးပါ... သပ်သပ်ရပ်ရပ် ကူညီလုပ်ဆောင်ပေးပါ...
၇၂။ စားကောင်းတဲ့ အစာကို သူမကို ကျွေးဖို့ သတိရပါ...
၇၃။ မနက်အိပ်ရာထဖို့ သူမကို နှိုးပေးပါ...
၇၄။ မနက်စာ ၀ယ်ကျွေးပါ...
၇၅။ သူမ အိပ်ရာထခဲ့ရင် သွားတိုက် မျက်နှာသစ်ဖို့ အဆင်သင့်ပြင်ထားပေးပါ...
၇၆။ သူမ အိပ်ရာမထချင်ဘူးဆိုရင်...မနက်စာကို ကိုယ်တိုင် ခွံ့ကျွေးပါ...
၇၇။ဘ၀မှာ သူမကို အရေးကြီးဆုံးနေရာမှာထားပါ...
၇၈။ သူမဟာ သင့်ကြောင့် ကံအကောင်းဆုံး မိန်းကလေးဖြစ်ပါစေ...


ကျေးဇူးပြု၍ ဒီနေရာလေးကိုနှိပ်ပြီးLike လုပ်ပေးပါအုံးနော်

*ဥတ္တံတားသားအောင်နေလင်း(နည်းပညာ)*မှကြိုဆိုပါ၏
 

ခေါင်းဆောင် မတင်ထိုက်သူများ

April 30, 2014  

သယ်ရင်းတို့ ခေါင်းဆောင်ကောင်းတယောက်ဖြစ်ဖို
့ဆိုတာ အလွန်ခက်ခဲပါတယ်။ သယ်ရင်းတို့ ခေါင်းဆောင်အရွေးမမှားရအောင် ကျွန်တော်တင်ပြပေးပါရစေ............
“ဂဏန်း၊ ပုတ်သင်၊ ၀ါးပင် ၊ နွားသိုး၊ လိပ်မျိုး၊ ခွေးအ၊ ဤခြောက်ဝ နာယက မတင်ထိုက်။”

၁။ ဂဏန်း = လက်မ ထောင်ခြင်း
၂။ ပုတ်သင် = ပြောသမျှ ခေါင်းငြိမ့်ခြင်း
၃။ ၀ါးပင် = လေသင့်ရာ ယိမ်းတတ်ခြင်း
၎။ နွားသိုး = ရှူးရှူးဒိုင်းဒိုင်း လုပ်တတ်ခြင်း
၅။ လိပ်မျိုး = မိမိဘက်သို့ ယက်တတ်ခြင်း
၆။ ခွေးအ = ကောက်ကျစ်ခြင်း ဤခြောက်ဝ မှတ်ပါ အနာယက။

၁။ ဂဏန်း

ဂဏန်းနဲ့ တူတဲ့ လူစားမျိုးတဲ့။ ဂဏန်းဆိုတဲ့ ကောင်ဟာ အမြဲတမ်း လက်မတစ်ထောင်ထောင်နဲ့ ရှိတတ်ပါတယ်။ ငါမှတတ်တာ၊ မင်းတို့က ဘာမှ သိတာမဟုတ်ဘူး။ ငါ့ဆရာ လာမလုပ်နဲ့ ဆိုတဲ့ လူစားမျိုးပါ။ အောက်လက်ငယ်သားကို ကျွန်လို ဆက်ဆံတတ်တဲ့ သူမျိုးကို ဆရာမတင်ထိုက်ဘူး။

၂။ ပုတ်သင်

ပုတ်သင်လို လူစားမျိုးတဲ့။ ဒီကောင်ကတော့ ကိုယ်ပိုင်အရည်အချင်းဘာမှ မရှိပါဘူး။ သူများပြောတိုင်း ခေါင်းညိတ်တယ်၊ ဘယ်သူက ပြောပြော “အေးလုပ်လိုက်ဆိုတာချည်းပဲ”။ အဲဒီလိုလူမျိုး ဆရာ တင်မိပြန်ရင်လည်း ငါးပါးမကဘူး။ ဆယ့်ငါးပါး လောက်မှောက်ရော။

၃။ ၀ါးပင်

ဝါးပင်လို လူစားမျိုးတဲ့။ ဒီလူကတော့ ခပ်ညံ့ညံ့လူစားမျိုး၊ ကိုယ်ပိုင်ဆုံးဖြတ်ချက်မရှိဘူး။ကိုယ်ပိုင်ရပ်တည်မှု မရှိဘူး၊ နေရာတကာ ရေလိုက် ငါးလိုက်ဆိုတဲ့ လူစားမျိုး၊ အစွယ်ကောင်းရင် ပါသွားတာချည်းပဲ၊ ကောင်းတာဆိုလည်း အစွယ်ကောင်းရင် လုပ်တယ်။ မကောင်းတာဆိုရင်လည်း မက်လုံးကောင်းရင်လုပ်တယ်။ ပျော့ညံ့တဲ့ လူစားမျိုး၊ ဒီလိုလူစားမျိုးလည်း ဆရာ တစ်ယောက်အနေနဲ့ အားမကိုးထိုက်ပြန်ဘူး။

၎။ နွားသိုး

နွားသိုး နဲ့တူတဲ့ လူမျိုး။ ဒီကောင်ကတော့ ဘာမဆို အမှားအမှန် မဝေခွဲဘူး။ နေရာတကာ ရှုးဒိုင်းဒိုင်းနဲ့ စွတ်လုပ်တတ်တယ်။ နှလုံးရေ နည်းပြီး၊ လက်ရုံးရေ အားကိုးတဲ့ လူစားမျိုးပေါ့။ ဒီလိုလူမျိုး ခေါင်းဆောင်တင်မိရင်လည်း အားလုံးပျက်ဆီးဘို့များပြီ။

၅။ လိပ်

လိပ် နဲ့တူတဲ့ လူစား။ ဒီလူမျိုးကတော့ အတ္တကြီးတဲ့ လူစားပေါ့။ ဘာမဆို သူ့အတွက်ပဲ သူသိတယ်။ “ငါခေါင်းဆောင်၊ ငါပေးမှ မင်းတို့ ရမယ်၊ ငါပြီးမှ ပြီးမယ်”ဆိုတဲ့လူစားမျိုး၊ ကိုယ်ကျိုးစီးပွါးပဲ သိတယ်။ အများအတွက် ထည့်မတွက်တတ်တဲ့လူစားမျိုး။(ပရဟိတ စိတ်မ၀င်စားတဲ့ လူစားမျိုး)



၆။ ခွေးအ

ခွေးအနဲ့ တူတဲ့ လူမျိုး။ ဒီလူစားကတော့ ကောက်ကျစ်တယ်။ ဘယ်နေရာမဆို နည်းမှန်၊ လမ်းမှန်က မသွားတတ်ဘူး။ ဘယ်သူ့ကိုမဆို လှည့်စားလိုက်ရမှ စားဝင် အိပ်ပျော်တဲ့လူမျိုး။ ကိုယ့်လက်အောက်ငယ်သားကို ကိုယ့်လက်ခုတ်ထဲက ရေလို၊ ကိုယ်လိုတဲ့ နေရာမှာပဲ အသုံးချတတ်တယ်။

(သိင်္ဂါလောဝါဒသုတ်ကို ကိုးကားပါသည်)


ကျေးဇူးပြု၍ ဒီနေရာလေးကိုနှိပ်ပြီးLike လုပ်ပေးပါအုံးနော်

*ဥတ္တံတားသားအောင်နေလင်း(နည်းပညာ)*မှကြိုဆိုပါ၏

EQ လား IQ လား

April 30, 2014  

လူတစ်ယောက်၏ အောင်မြင်မှုရရန်အတွက်လိုအပ်ချက်မှာ ဦးနှောက်ဉာဏ်ရည်အဆင့် (IQ) မဟုတ်။ နှလုံးရည်အဆင့်အတန်း (IQ)ဖြစ်ကြောင်း အမေရိကန်နိုင်ငံ ဟားဗတ်တက္ကသိုလ်မှ စိတ်ပညာရှင် နီးယဲလ်ဂိုးလ်မန်းက ဖော်ထုတ်ပြောကြားခဲ့သည်။ သူသည် ဆယ်နှစ်အတွင်း အလုပ်သမား တစ်ထောင်ခန့် ကို သုတေသနပြု လေ့လာတွေ့ရှိမှုအရ (IQ)ကြောင့်အောင်မြင်သူ ၂၅%၊ (EQ)ကြောင့်အောင်မြင်သူ ၇၅% ရှိကြောင်း တွေ့ရှိခဲ့သည်။

ဦးနှောက်ဉာဏ်ရည်အဆင့်ကောင်းသော ဘွဲ့ရပညာတတ်အုပ်ချုပ်ရေးမှူးတစ်ယောက်သည် နှလုံးရည်အဆင့်အတန်း ညံ့ဖျင်းသဖြင့် လုပ်ငန်းခွင်မှာ အောင်မြင်မှုမရ၊ အလုပ်မှ ထွက်ခဲ့ရလေပြီ။ ထိုအလုပ်ကို ဦးနှောက်ဉာဏ်ရည်အဆင့်နိမ့်ပြီး ဘွဲ့မရသော်လည်း နှလုံးရည်အဆင့်အတန်းမြင့်သည့် အုပ်ချုပ်ရေးမှူးက အုပ်ချုပ်လုပ်ကိုင်သည့်အခါ လုပ်ငန်းအောင်မြင်ရုံမက ထိုအုပ်ချုပ်ရေးမှူးသည် လုပ်ငန်းတွင် ရှယ်ယာဝင်တစ်ယောက်ပင် ဖြစ်ခဲ့ရကြောင်း နီးယဲလ်ဂိုးလ်မန်းသုတေသနပြုရာ၌ တွေ့ရှိခဲ့ရသည်။

(EQ)နှလုံးရည်ပြကိန်း (Emotional Quotient)သည် အကျင့်စာရိတ္တနှင် စိတ်နေသဘော သဘာဝ၏ အရည်အသွေးပင်ဖြစ်သည်။

နှလုံးရည်အဆင့်အတန်း (EQ)မြင့်သူသည် -

(၁) ကိုယ့်ကိုကိုယ် အကဲဖြတ်သိနိုင်ခြင်း (Self Evaluation)

(၂) ရုတ်တရက်ပေါ်ပေါက်လာသော စိတ်လှုံ့ဆော်မှုကို ထိန်းချုပ်နိုင်ခြင်း (Impulse Control)

(၃) ကိုယ့်သိက္ခာကိုယ်စောင့်ခြင်း (Self Oiscupline)

(၄) တစ်ဖက်သားအပေါ် စာနာထောက်ထားငဲ့ညာနိုင်စွမ်းရှိခြင်း (Compassion)

(၅) တစ်ဖက်သား၏ကောင်းသောလုပ်ရပ်ကို ထုတ်ဖော်ချီးကျူးနိုင်စွမ်းရှိခြင်း (Praise)

(၆) မှန်ကန်ကောင်းမွန်စွာ တွေးခေါ်စဉ်းစားနိုင်ခြင်း (Positive Thinking) ……………………… စသည့် အချက်အလက်များနှင့်ပြည့်စုံသူဖြစ်သည်။ ထိုသူသည် (EQ)ကို မိဘနှစ်ပါးထံမှ အမွေဆက်ခံရရှိနိုင်သည်။ နှလုံးရည်အဆင့်မြင့်သော မိဘများမှ ပေါက်ဖွားလာသူသည် အလိုအလျောက် နှလုံးရည်မြင့်သူဖြစ်လာပြီး နှလုံးရည်အဆင့်နိမ့်သောမိဘမှ ပေါက်ဖွားလာသူမှာ နှလုံးရည်အဆင့်နိမ့်သူသာ ဖြစ်နေတတ်သည်။

သည်နေရာနှင် မိကောင်းဖခင်သားသမီးဆိုသည့်စကားရပ်၏ လေးနက်မှုကို သိမြင်နိုင်လိမ့်မည် ထင်ပါသည်။ မိဘကောင်းလျှင် သားသမီးကောင်းမည်၊ မိဘဆိုးလျှင် သားသမီးလည်းဆိုးမည်ဆိုသည့် အဓိပ္ပါယ်သဘောပင်ဖြစ်သည်။

နှလုံးရည်အဆင့်ကို မိဘထံမှရသဖြင့် ဆိုးသောမိဘမှ ပေါက်ဖွားလာသောသူသည် သားစဉ်မြေးဆက်ဆိုးပြီး အောင်မြင်မှုမရ၊ ဘ၀ခရီးလမ်းတစ်လျှောက်လုံး နလံမထူနိုင်ဖြစ်နေလျှင် သဘာဝကြီးကို တရားပါ့မလားဟု မေးစရာပေါ်လာနိုင်ပါသည်။

ထိုမေးခွန်းအတွက် အဖြေရှိပါသည်။ အဖြေက နှလုံးရည်အဆင့်အတန်းမြင့်မားလာစေရန် ပြုပြင်ယူ၍ရသည်ဆိုခြင်းပင်ဖြစ်၏

နှလုံးရည်အဆင့်ကို မိဘထံမှရသလို ဦးနှောက်ဉာဏ်ရည်အဆင့်မှာလည်း မိဘများထံမှ ထက်ဝက်ရကြောင်းတင်ပြလိုပါသေးသည်။ စိတ်ပညာရှင် ပါမောက္ခကြီး၏ သုတေသနပြုချက်အရ ဦးနှောက်ဉာဏ်ရည်အဆင့် ၅၀% မှာ မိဘများထံမှရရှိသည်။ ထိုသို့ရရှိခြင်းသည် အတိုးအလျော့မရှိ။ ပြောင်းလဲခြင်းမရှိပေ။ ကျန်သော ၅၀%ကို ပတ်ဝန်းကျင်နှင့် မိမိအား ထိန်းကျောင်းပြုပြင်ပေးသူ (ဆရာ၊ ဆရာမ)များထံမှရသည်။ ဦးနှောက်ဉာဏ်ရည်အဆင့်နိမ်သောပတ်ဝန်းကျင်တွင် နေထိုင်ကြီးပြင်းခဲ့သူ၊ ဉာဏ်ရည်အဆင့်နိမ့်သော ထိန်းကျောင်းပြုပြင်ပေးသူတို့လက်တွင် ကြီးပြင်းခဲ့သူသည် ကျန် ၅၀%မှာ အဆင့်နိမ့်တတ်သည်။ ကျွန်တော့်ဆိုလိုရင်းမှာ ပထမ ၅၀% (မိဘများထံမှရ)သည် ပြောင်းလဲမှု မရှိနိုင်သော်လည်း ကျန် ဒုတိယ ၅၀%သည် ပတ်ဝန်းကျင်နှင့်ပြုပြင်ထိန်းကျောင်းပေးသူများအပေါ် လိုက်ပြီး ဉာဏ်ရည်အနိမ့်အမြင့် ပြောင်းလဲမှုရှိတတ်ကြောင်းပင်ဖြစ်သည်။

ဦးနှောက်ဉာဏ်ရည်အဆင့် နှလုံးရည်အဆင့်တို့တွင် နှလုံးရည်အဆင့်က အဓိကကျကြောင်း ကျွန်တော် တင်ပြခဲ့ပြီးဖြစ်သည်။ ကျွန်တော် ပြောဆိုခြင်းအပေါ် ဉာဏ်ရည်အဆင့်ရှိရန်မလိုဟု မယူဆ စေလိုပါ။ လူတစ်ယောက်သည် ဉာဏ်ရည်အဆင့်ကောင်းပြီး၊ နှလုံးရည်အဆင့်အတန်းပါကောင်းလျှင် ထိပ်ဆုံးရောက်ဖို့ သေချာပါသည်။ ဉာဏ်ရည်အဆင့်နိမ့်ပြီး နှလုံးရည်အဆင့်ကောင်းလျှင်လည်း ထိပ်ဆုံးသို့ ရောက်နိုင်ပါသည်။ ဦးနှောက်ဉာဏ်ရည်အဆင့်သာကောင်းပြီး နှလုံးရည်မကောင်းလျှင် အဆင့်အတန်းတစ်ခုကို ရရှိနိုင်သော်လည်း ထိပ်ဆုံးသို့ မရောက်နိုင်၊ ရွှေလက်ပိုင်ရှင်မဖြစ်နိုင်ပါ။

နှလုံးရည်ကောင်းသော ရွှေလက်ပိုင်ရှင်ဖြစ်ရန် မိဘနှစ်ပါးက မပေးခဲ့လျှင် မိမိဘာသာ မိမိတည်ဆောက်ယူရပါမည်။ ထိုသို့တည်ဆောက်ရန် လိုအပ်သည့်အချက်များကို တင်ပြပါမည်။

နှလုံးရည်အဆင့်ပြောင်းလဲရန်အတွက် …………….

(၁) အခြေအနေကို မှန်မှန်ကန်ကန်အကဲဖြတ်ပါ။

(၂) မှန်ကန်စွာသိခြင်းဖြင့် ဘ၀င်မြင့်ခြင်း၊ သိမ်ငယ်ခြင်းတို့ကို ရှောင်ရှားရမည်။ မိမိစိတ်ကို အစွန်းတစ်ဘက်သို့ မရောက်ပါစေနှင့်။

(၃) စိတ်ခံစားချက်ကို ထိန်းချုပ်ပါ။ ၀မ်းနည်းလွယ်၊ ဒေါသဖြစ်လွယ် မရှိပါစေနှင့်။

(၄) ပြဿနာတစ်ရပ်ကို ဖြေရှင်းရာတွင် ငြိမ်းချမ်းစိတ်မွေးပါ။ စိတ်ကိုတည်ငြိမ်အောင်ထားပါ။

(၅) ကိုယ်ချင်းစာတရားရှိပါ။ အများ၏ ချစ်ခင်မှုရရှိစေရန် အပေးအယူမျှတစွာ နေတတ်အောင် ကြိုးစားလေ့ကျင့်ပါ။

(၆) စည်းကမ်းသတ်မှတ်ပါ။ အလုပ်အကိုင် အကြံအစည်တစ်ခုကို ချက်ချင်းထလုပ်ပါ။ အချိန်ရွေှ့ဆိုင်းခြင်းမပြုဘဲ သတ်မှတ်ချိန်တွင် ပြီးစီးအောင်လုပ်ပါ။

(၇) အပြုစိတ်ထားပါ။ အကောင်းဘက်က တွေးခေါ်စဉ်းစား အကောင်းမြင်စိတ်ထားပါ။

(၈) တစ်ဖက်သားကို အဓိပ္ပါယ်ရှိစွာ ချီးကျူးပါ။

(၉) သိက္ခာရှိခြင်း၏အဓိပ္ပါယ်ကိုသိပါ။ သိက္ခာရှိစွာနေထိုင်တတ်အောင် ကြိုးစားပါ။

ဖော်ပြပါအချက်များအနက် သင့်တွင် ဘာတွေရှိပြီး ဘာတွေချို့ယွင်းနေသည်ကို ဝေဖန် အကဲဖြတ်ပါ။ ချွတ်ယွင်းချက်များပြည့်စုံလာအောင်ကြိုးစားပါ။ သင်သည် နှလုံးရည်အဆင့်ရှိသူ တစ်ယောက်ဘ၀သို့ ရောက်လာပါလိမ့်မည်။ သင်သည် ရွှေလက်ပိုင်ရှင်ဘ၀သို့ ရောက်လာနိုင်သလို သင်၏ သားစဉ်မြေးဆက်တို့လည်း ရွှေလက်ပိုင်ရှင်ဘ၀သို့ ရောက်အောင် အမွေပေးနိုင်ပါလိမ့်မည်။

မိဘထံမှအမွေရသော နှလုံးရည်အဆင့်ကို မြင့်မားကြံ့ခိုင်လာစေရန် ကြိုးစားအားထုတ်ပြီး ပြုပြင် ပြောင်းလဲ၍ရသလို မိမိ၏အပြုအမူအနေအထိုင်ကြောင့် အမွေရထားသော နှလုံးရည်အဆင့် ပျက်စီးသွားနိုင်သည်ကိုလည်း သတိပြုစေချင်သည်။

လူတစ်ယောက်ကို ကောင်းအောင်ပြုပြင်နိုင်သူသည် ထိုသူကိုယ်တိုင်ဖြစ်သလို ဆိုးအောင် တွန်းပို့နိုင်သူမှာလည်းထိုသူပင်ဖြစ်သည်။

သင်သည် ဦးနှောက်ဉာဏ်ရည်အဆင့်နိမ့်သော်လည်း နှလုံးရည်အဆင့်မြင့်သူဖြစ်ခဲ့လျှင် သင့်ထံမှ အမွေမရနိုင်သော ဉာဏ်ရည်အဆင့်သို့ သားသမီးများ ရရှိနိုင်စေရန်ကောင်းသော ပတ်ဝန်းကျင်၌နေပါစေ။ ကောင်းသော ပြုပြင်ထိန်းသိမ်းသူနှင့် တွေ့ပါစေ။

လူတစ်ယောက်အတွက် ဉာဏ်ရည်အဆင့်ရှိပြီး နှလုံးရည်အဆင့်ပါရှိလျှင် အကောင်းဆုံးဟု ကျွန်တော် ဆိုချင်ပါသည်။

"ကောင်းထက်"၏ ရွှေခင်းလမ်းကိုလျှောက်မလား၊ ငွေခင်းလမ်းကိုလျှောက်မလား စာအုပ်မှ >>>>>


ကျေးဇူးပြု၍ ဒီနေရာလေးကိုနှိပ်ပြီးLike လုပ်ပေးပါအုံးနော်

*ဥတ္တံတားသားအောင်နေလင်း(နည်းပညာ)*မှကြိုဆိုပါ၏

ပျော်ရွှင်ခြင်း ၁ဝခု

April 30, 2014  



ငွေကြေးနဲ့ ပျော်ရွှင်ခြင်းကို အတိုင်းအတာတစ်ခုအထိ ဝယ်ယူလို့ရနိုင်သလို ရာထူး၊ နေရာတွေကိုလည်း ဝယ်ယူလို့ရနိုင်ပါတယ်။ ဒါပေမဲ့ စားဝတ်နေရေးဆိုတာကို ဖြေရှင်းနိုင်ပြီးနောက် သင့်မှာရှိတဲ့ပိုလျှံတဲ့ ငွေတစ်ပြားတစ်ချပ်တိုင်းရဲ့ အရေးပါမှုဟာ သေးသထက်သေးငယ်သွားပါတယ်။

လိုအင်ဆန္ဒ

လိုအင်ဆန္ဒက ပျော်ရွှင်ခြင်းရဲ့ရန်သူဖြစ်တယ်။ ရောင့်ရဲတင့်တိမ်နိုင်သူမှ ပျော်ရွှင်တယ်။ ဆန်းစစ်ချက်အရ တခြားလူနဲ့ အနိမ့်အမြင့် မနှိုင်းယှဉ်ဘဲရတဲ့ ပျော်ရွှင်မှုဟာ ဝင်ငွေကောင်းလို့ရတဲ့ ပျော်ရွှင်မှုထက် ငါးဆလို့ဆိုပါတယ်။

အသိဉာဏ်

အသိဉာဏ်ရဲ့ပံ့ပိုးမှုဟာလည်း ပျော်ရွှင်ခြင်းနဲ့ သက်ဆိုင်ပါတယ်။ ဆန်းစစ်ချက်အရ ပိုထက်မြက်တဲ့လူဟာ အလိုဆန္ဒပိုများကြောင်း တွေ့ရတယ်။ ပိုမြင့်တဲ့ အောင်မြင်မှုကိုမရလေ ဆန္ဒမပြည့်ဝလေ မပျော်ရွှင်လေဖြစ်တယ်။ နောက်ပြီး အသိဉာဏ်မြင့်တိုင်း လူလူချင်း ပေါင်းသင်းဆက်ဆံရေးကို အဆင်ပြေချောမွတ်အောင် လုပ်နိုင်စွမ်းရှိတယ်လို့ မဆိုသာပါဘူး။

မျိုးရိုးဗီဇ

ပျော်ရွှင်ခြင်းရဲ့အတိုင်းအတာတစ်ခုဟာ မွေးရာပါကလာတာဖြစ်တယ်။ ပျော်ရွှင်ခြင်းကို သိနားလည်၊ ခံစားနိုင်တဲ့ ၉ဝ%အတိုင်းအတာက မျိုးရိုးဗီဇကြောင့်ဖြစ်တယ်။ တစ်ပြိုင်တည်းမှာပဲ မိဘတွေရဲ့ မှန်ကန်တဲ့ အတွေးအမြင်၊ ဆုံးဖြတ်ချက်နဲ့ ကောင်းမွန်တဲ့ ဆုံးမသွန်သင်မှုတွေနဲ့လည်း တိုက်ရိုက်သက်ဆိုင်ပါတယ်။

အလှအပ

လှပတဲ့လူတွေ ပိုပျော်ရွှင်တယ်ဆိုတဲ့စကားက လူအများအတွက် သတင်းဆိုးဖြစ်နိုင်တယ်။ ဒါပေမဲ့ သင်လှတယ်လို့ သင့်ကိုယ်သင်ယုံကြည်ဖို့ပဲ လိုအပ်ပါတယ်။ မိန်းကလေးတွေလည်း ကိုယ့်ကိုယ်ကို အရမ်းဝတယ်လို့ အမြဲမထင်ဖို့နဲ့ ယောက်ျားလေးတွေကလည်း ကိုယ့်ကိုယ်ကို မခန့်ဘူး၊ မတောင့်တင်းဘူးလို့ အမြဲမထင်ဖို့ပဲလိုပါတယ်။

သူငယ်ချင်း

သူငယ်ချင်းဆိုတာ ပျော်ရွှင်ခြင်းရဲ့ ရေသောက်မြစ်ဖြစ်တယ်။ ပညာရှင်တွေရဲ့ ဆန်းစစ်ချက်မှာ ဝင်ငွေနဲ့ ရာထူးအနိမ့်အမြင့် မတူတဲ့လူတွေမှာ တူညီတဲ့ပျော်ရွှင်မှုတွေ ရနေတာဟာ သူငယ်ချင်းတွေကြောင့်လို့ ဆိုပါတယ်။

အိမ်ထောင်ရေး

အိမ်ထောင်ကျသူဟာ အိမ်ထောင်မကျသူတွေထက် ပိုပျော်ရွှင်တာတွေ့ရတယ်။ ကမ္ဘာ့သိပ္ပံပညာရှင်တွေရဲ့ သဘောတူဆွေးနွေးချက်မှာ အပျော်ရွှင်ဆုံး စိတ်ခံစားချက်ဟာ အိမ်ထောင်ကျပြီး နောက်တစ်နှစ်အထိ ရှိနိုင်ကြောင်း တွေ့ရတယ်။

ကိုးကွယ်ယုံကြည်မှု

ဒါဟာလည်း ပျော်ရွှင်ခြင်းနဲ့ တနည်းနည်း သက်ဆိုင်နေခဲ့ပါတယ်။ ယုံကြည်ကိုးကွယ်မှုက ကံမကောင်းခြင်း၊ ဘေးဆိုးကဒ်ဆိုးတွေကို မောင်းထုတ်နိုင်တဲ့ လူလူချင်း တစ်ယောက်ကိုတစ်ယောက် ကူညီအားပေးနိုင်တဲ့ အကျိုးကိုဖြစ်စေပါတယ်။

ချစ်ခြင်းမေတ္တာ

ချစ်ခြင်းမေတ္တာဟာလည်း ပျော်ရွှင်ခြင်းကိုဖြစ်စေကြောင်း လူအနည်းစုလောက်သာ သိခဲ့ကြတယ်။ ကောင်းမှုလုပ်တဲ့သူ၊ ချစ်ခြင်းမေတ္တာဖြန့်ဝေသူတွေဟာ ပိုပျော်ရွှင်တာကိုတွေ့ရတယ်။ ဒါပေမဲ့ ဒီလိုပျော်ရွှင်ခြင်းက ကိုယ်ကျိုးမငဲ့တဲ့၊ စေတနာရှိတဲ့ ပေးဆပ်ခြင်းနဲ့ပဲ သက်ဆိုင်ပါလိမ့်မယ်။

အသက်အရွယ်

အသက်အရွယ်ကြီးသူတွေဟာ ပိုပျော်ရွှင်ကြတယ်။ အသက်အရွယ် ကြီးရင့်အိုမင်းလာသည့်နည်းတူ အသက်ကြီးသူတွေဟာ ပျော်ရွှင်နိုင်မယ့်အရာတွေကိုပဲ ဖမ်းဆုပ်တတ်ဖို့ ပိုနားလည်လာခဲ့ကြတယ်။ ပြဿနာဖြစ်စေတဲ့၊ စိတ်ညစ်စေတဲ့အရာကို အလွယ်တကူ လက်လွတ်တတ်ဖို့ သူတို့နားလည်ခဲ့ကြတယ်။


ကျေးဇူးပြု၍ ဒီနေရာလေးကိုနှိပ်ပြီးLike လုပ်ပေးပါအုံးနော်

*ဥတ္တံတားသားအောင်နေလင်း(နည်းပညာ)*မှကြိုဆိုပါ၏

အိမ်ထောင်ဖက်ရွေးတဲ့အခါမှာ ဘာတွေကို သိထားသင့်သလဲ

April 30, 2014  

တစ်မိသားစု နှင့် တစ်မိသားစု အချိန်တန် အရွယ်ရောက်လေသော် တစ်ဦးနှင့်တစ်ဦး အကြောင်းဆက် ပေါင်းဖက်ကြရသည်မှာ ဓမ္မတာ
ဖြစ်ပေသည်။ ဤ၌ ဘ၀တစ်သက်တာ ပျော်ရွှင်ချမ်းမြေ့ဖွယ် အိမ်ထောင်တစ်ခု ဖြစ်နိုင်ဖို့ရာအတွက်...
၁။ အိမ်ထောင်ဘက်သည် ရောဂါဘယ ကင်းရှင်း၍ ကျန်းမာရေးကောင်းဖို့လိုသည်။
၂။ ဘွဲ့ရခေတ်ပညာတတ်ကြီး မဟုတ်လင့်ကစား သင့်တင့်သော ပညာအရည်အချင်းရှိဖို့ လိုပါသည်။
၃။ နှစ်ဦးနှစ်ဖက် သင့်တင့်သော စီးပွားရေးရှိဖို့ လိုပါသည်။ တူနှစ်ကိုယ် တဲအိုပျက်၌ ထမင်းရည်လျက်ရစေတာ့ဟူသည် သီချင်းထဲမှာပဲ
ရှိပါသည်။
၎။ ပတ်ဝန်းကျင်နှင့် သဟဇာတဖြစ်အောင် ပေါင်းသင်းတတ်ဖို့၊ လူဝင်ဆံ့ဖို့လည်း လိုအပ်ပါသည်။ လူကောင်းသူကောင်းနှင့် ပေါင်းဖော်
တတ်သူဖြစ်ဖို့ လိုပါသည်။
၅။ စိတ်ကောင်း၊ နှလုံးကောင်း၊ သဘောထားကောင်းသူဖြစ်ဖို့ လိုသကဲ့သို့ အကျင့်စာဂ စာရိတ္တကောင်းမွန်သူဖြစ်ရန်လည်း အရေးကြီး
ပါ၏။
ဤ၌ အိမ်ထောင်ဖက်ရွေးချယ်ခြင်းနှင့်
ပတ်သက်၍ “ပါသုံးပါ၊ ချာသုံးချာ၊ ကွာသုံးကွာ” ဟူသော ရှေးရိုးစဉ်လာ စကားလေးမှာလည်း
မှတ်သားလိုက်နာဖွယ် ကောင်းလှပါသည်။

“ပါသုံးပါ” ဟူသည်
၁။ အကြွေးတွေ ပါလာသူ
၂။ ရောဂါဘယ ပါလာသူ
၃။ အပိုစားမည့်သူ ပါလာသူ

“ချာသုံးချာ” ဟူသည်
၁။ ပညာအရည်းအချင်း နုံချာသူ
၂။ အကျင့်စာရိတ္တ နုံချာသူ
၃။ အလုပ်အကိုင် နုံချာသူ

“ကွာသုံးကွာ” ဟူသည်
၁။ တိုင်းနိုင်ငံနှင့် လူမျိုးမတူ ကွာခြားသူ
၂။ အယူဝါဒမတူ ကွာခြားသူ
၃။ စိတ်သဘောမတူ ကွာခြားသူ
တို့ ဖြစ်ကြသည်။
ရှေးလူကြီး သူမများ၏ ပြောပြချက်အရ ယင်းအချက်ကိုးချက်နှင့် မကိုက်ညီသော အိမ်ထောင်ရေးသည် စိတ်ဆင်းရဲ၊ ကိုယ်ဆင်းရဲဖြစ်
တတ်ကြပြီး ကိုက်ညီသော အိမ်ထောင်ရေးများသည် များသောအားဖြင့် အဆင်ပြေ၍ စိတ်ချမ်းသာ ကိုယ်ချမ်းသာ ရှိကြလေသည်ဟု ဆိုသည်။
  ပြုပြင်တင်ဆက်သည်

ကျေးဇူးပြု၍ ဒီနေရာလေးကိုနှိပ်ပြီးLike လုပ်ပေးပါအုံးနော်

*ဥတ္တံတားသားအောင်နေလင်း(နည်းပညာ)*မှကြိုဆိုပါ၏

မယ်မြ ( မြန်မာတိုင်းဖတ်သင့်သည့် ၀တ္ထုတို တစ်ပုဒ်ဖြစ်ပါကြောင်း) - ၂

April 30, 2014  

“ဟာ မင်းမသိဘူး။ ငါ့ကုလားကလေ၊ ခိုဒါစူးရစေရဲ့၊ သိပ်လည်တာ၊ ငါပြောမယ်၊ ဒီမှာကြည့်၊ သူအရင်က နွားသတ်သမားဆီမှာ နေရတယ်။ မကြာ ဘူးမောင်ရေ၊ သူကိုယ်တိုင် မင်းတို့ နိဗ္မာန်ဘက်က နွားသတ်ရုံကို သူလေလံ ဆွဲနိုင်တာပဲ။ အခု နွားသတ်ရုံ လေလံပိုင်မောင်ရဲ့၊ နှယ်နှယ်မမှတ်နဲ့”
“ဟင်-နို့နင်ကိုယ်တိုင်လဲနွားသတ်သလား”
“ဟာ-နင်ရူးသလားဟဲ့၊ငါ ကိုယ်တိုင်သတ်မှ နွားသေရမှာလားဟဲ့၊ ဘာလဲ မင်းက၊ မင်းတို့ ဗုဒ္ဓဘာသာတရားနဲ့ ပါဏာတိပါတာတွေ ဘာတွေပြောခြင်လို့ လားဟေ့၊ မင်းနဲ့ငါနဲ့ ကျောင်းနေဘက်ပါကွယ်။ မင်းသင်ရသလောက် ငါသင် ရတာပါပဲ၊ မဖိန်းပါနဲ့။ တို့ကျမ်းစာက စားချင်ရင် သတ်ရတယ်။ ဒါတွေဟာ ကမ္ဘာ့ဟင်းသီးဟင်းရွက်တွေ၊ ပြီးတော့ ကျန်းမာရေးဘက်က ကြည့်ဦး၊ နာ-သေတဲ့အသားစားရင်ရောဂါဖြစ်တတ်တယ်။လတ်လတ်ဆတ်ဆတ်ကို
သတ်စား မှသန့်ရှင်းတယ်၊ ကျန်းမာတယ်၊ နားလည်ရဲ့လား။ အဲဒါတွေမင်းတို့ အင်္ဂလိပ်စာ တွေ သင်ရတာမပါဘူးလား”
“ဟာ-မယ်မြ၊ နင့်ဟာတွေ လွဲကုန်ပြီ၊ ဒီမှာ”
ထိုအခါ မယ်မြက အသံထွက်အောင်ရယ်၍ “ဟေ့-မင်းကငါ့ကို တရား ဟောမလို့လား၊ မရဘူးဆရာ၊ ငါကမင့်ကိုဟောမှာ၊ အဘိဓမ္မာတွေ ဘာတွေ တပ်မနေဘူး၊ မင့်ကို သတ်တရားနဲ့ ရှင်းရှင်းဟောပြမယ်။ မင်းတို့မြန်မာ ဗုဒ္ဓဘာသာတွေက သတ်တော့မသတ်ရဘူး၊ သူတပါး သတ်ပေးတော့ မြိန်မြိန်ကြီး စားသလား၊ အလှူအတန်းရှိရင် နွားသတ်ကုလားကိုလာပြီး လက်တို့တတ် သလား။ ပြီးတော့ ပူပူနွေးနွေး စားချင်တယ်ဆိုပြီး ဈေးရောက်အောင်မှ မစောင့်နိုင်ဘဲ နွားသတ်ရုံအထိ လာစောင့်ပြီး လဒတွေလို ဆွဲကြလုကြတယ်။ ဘာဗုဒ္ဒဘာသာလဲကွယ့် ပြောစမ်းပါဦး။ပြီးတော့ မင်းတို့မြန်မာတွေ အခုတလော ၀ံသာနုစကား အင်မတန်ပြောကြတယ်။ ဟေ့ မှတ်ထား၊ ဘာလူမျိုးဖြစ်ဖြစ်၊ တရား နဲ့ပြည့်စုံရင်၊ ၀တ္တရားမလစ်ဟင်းရင်၊ အဲဒါ လူ့အဖိုးတန်လို့ မှတ်ထား၊ ဟော- အခုငါ့ယောက်ကျားအဒူလမြစ်ဟာ ရွှေနဲ့ငွေနဲ့ အခန့်စားမောင်ရေ့၊ ပိုက်ဆံရှိရင် ဂုဏ်ရှိတာဘဲ၊ အဖိုးတန်တာဘဲ၊ ငါနဲ့မရခင်ကထဲက အင်မတန်ဖော်ရွေတယ်။ တို့မိဘများက ငွေလိုရင် သူကတောင် လာပို့တယ်၊ဘယ်လောက်တော်သလဲ”
“ဟဲ့-အဲဒါက ဒါနပြုတာမဟုတ်ဘူးဟဲ့၊ နင့်ကို ပိုးပေးတာ၊အခု အဲဒီ ပိုက်ဆံတွေကို နှိမ်ပြီးနင့်ကိုယူတာမဟုတ်လား”
“ဒါကနောက်မှဖြစ်တာ၊ငါ့ကိုမရခင်ကလည်း ပေးတယ်၊ရပြီးတဲ့ နောက်လဲ ပေးတာပဲ၊ အဖြစ်ကို ပြောရဦးမယ်၊ ငါကုလားနဲ့ရတော့တစ်မျိုးလုံး တစ်ရပ်လုံးက ငါ့ကို လက်ညှိုးဝိုင်းထိုးကြတယ်၊ တော်တော်ကြာလို့ငတ်ကြတော့ ကုလားဆီ ငါ့ဆီကို ဒူးတုပ်လာကြရတယ်၊ မင်းတို့မြန်မာများ ဘယ်လောက်ဖျင်းချာသလဲ ဆိုတာကိုကြည့်၊ ငါ့မှာ ရွှေနဲ့ငွေနဲ့ဆိုတော့ ငါ့ကိုအရပ်က အခုမမမြတဲ့၊တချို့က ဘီဘီမြတဲ့၊ အဲဒါသာကြည့်တော့၊ပိုက်ဆံဟာ အရေးကြီးဆုံးပဲ။ တို့ရွာမှာအခု ကုလားခေတ်ထနေတယ်၊ငါ့ကိုအားကျပြီး ကုလားတွေကို လိုက်မြူနေကြတယ်။ တို့သူငယ်ချင်း အေးစိန်လေ လွှတိုက်တဲ့ကောင်နဲ့ရတယ်။ သန်းညွန့်က ဘုန်းကြီးလူထွက်နဲ့ရတယ်။ အခုသူတို့က မြန်မာလင်တွေကွာပြီး ကုလားကို ယူမလို့ စိတ်ကူးနေကြတယ်။ ခေတ်မောင်ရေ့ခေတ်၊ မင်းကော အိမ်ထောင် ကျပြီလား။မကျသေးရင်ကုလားလို ၀တ်လာခဲ့၊ မင့်ကိုအရင်ကစခန်းကြီးနေတဲ့ ဟိုကောင်မကြီးရှိတယ်မဟုတ်လား၊ အခုရစေ့မယ်လာခဲ့။ ငါအာမခံမယ်”
မယ်မြ၊ နင်ရူးပြီ၊ ဒီကုလားတွေကြောင့် တို့မြန်မာတွေရဲ့ အကျိုးယုတ်ရ တယ်။ ဒီမှာကြည့်၊ ငါပြောမယ်”
“ဟေ့၊ တော်၊မင်းတို့ကကျေးဇူးရှင်ကို ကျေးစွပ်မလို့လား၊ ကြည့်စမ်း၊ ချစ်တီးတွေဟာ ရပ်ဝေးကလာပြီး ငွေအားကြေးအားနဲ့ မင်းတို့ မြန်မာတွေကို ထောက်ပံ့တယ်။ သူတို့ရှိလို့ မင်းတို့လယ်လုပ်ဖို့ အရင်းရတယ်။ စပါးလှောင်ဖို့ ကုန်ကူးဖို့ဆိုလို့အရင်းအနှီးရတ
ယ် မဟုတ်လား၊ ဒီကျေးဇူးတွေ မင်းတို့မသိဘူး လား”
“သြော်- သူတို့တွေဟာ ကျေးဇူးးတွေလား ၊နို့-နေပါဦး။ အခုတို့နယ်က လယ်တွေ၊ ခြံတွေ၊ အိမ်တွေ အခုဘယ်သူ့လက်ထဲရောက်ကုန်ပြီလဲ”
“ချစ်တီးလက်ထဲ ရောက်ကုန်ပြီ၊ ဘာဖြစ်သေးလဲ။ ရောက်မှာပေါ့၊ အရောက်တောင်နည်းသေးတယ်၊ မင်းကကုလားကို အပြစ်တင်ခြင်လို့လား၊ မင်းဟာ အင်္ဂလိပ်စာတွေ ဘာတွေလဲ တတ်တယ်၊ ရန်ကုန်မြို့ကြီးမှာလဲ နေရတယ်၊ မင်းကိုတော်လိမ့်မလား အောက်မေ့မိတယ်၊ မင်းလည်းခပ်ချာချာ ပါကလား၊ ဟေ့-မင်းမြန်မာတွေ ဖျင်းလို့၊ ညံ့လို့၊ အဟုတ်မဟုတ်လို့၊ ကောက်ချင်လိမ်ချင်လို့၊ အမြော်အမြင်မရှိလို့၊ ချွေတာခြင်းမရှိလို့၊ ကိုယ့်ရှိတာ ထက်ကြွားချင်လို့ သိရဲ့လား၊လူမှာဖြင့် စားစရာ ဆန်မရှိဘူး၊ ခေါက်ဆွဲဆိုင်၊ ပလာတာဆိုင်၊ လက်ဖက်ရည်ဆိုင်၊ ထန်းရေဆိုင်၊ အရက်ဆိုင်၊ ဖဲဝိုင်း၊ ရုပ်ရှင်၊ မြင်းပွဲ၊ ဘာကျန်သေးလဲ။ ကိုယ့်အပြစ်နဲ့ကိုယ်ဖြစ်တာ၊ ဘာပြုလို့သူများ အပေါ် မှာ မတရားချချင်ကြသလဲ၊ အကုန်တောင် နည်းသေးတယ်၊ ငါသိပါတယ်ကွယ်၊ အခု တို့နယ်ကလယ်တွေ မြေတွေကုလားလက်ထဲကို တစ်ကျပ်မှာ ငါးမူး ခြောက်မူးလောက် ရောက်ကုန်ပြီ။ ကျန်တာလဲ မကြာဘူး ရောက်မှာပဲ။ ကြည့်-မင့်မြန်မာတွေ၊ ရှေ့ကို သာပြီးကျပ်အုံးမယ်။ အခု ကုလားတွေ သနားလို့ လယ်ငှားလုပ်စေတယ်။ အဲ့ဒါကိုကျေးဇူးမတင်ဘူး။ လ်ာငှားခပေးခါနီးကျရင် စပါးကိုကဲ့ထားတယ်။ ခိုးရောင်းတယ်။ ကုလာက စိတ်နဲ့မာန်နဲ့တောင်းရင် မင့် မြန်မညတွေကဆဲတယ်။ ရိုက်ရိုက်လွှတ်တယ်။ အဲ့ဒါကောင်းသလား။ ဒီလို မရိုးဖြောင့်တဲ့သူတွေ ကောင်းစားမယ်လို့ ရှင်ဂေါတမက ဟောသလား။ ရှေ့ကို ဘာဖြစ်မလဲ သိရဲကလား။ အခုမြန်မာတွေ ဒီလိုညစ်လို့ဆိုးလို့ ချစ်တီးတွေက သူတို့ကို နောင်ဆိုလယ်ငှားမှာမဟုတ်ဘူး။ အခုငါမလာခင်ကတင်ပဲ ကုလားတွေ ကို ရွေးပြီးငှားနေတယ်သိရဲ့လား။ ရှေ့ကိုကြံထားပုံကိုလဲ ငါပြောပြမယ်ဦး။ မကြာခင်ပဲ ကုလားပြည်က ကုလားအများအပြားခေါ်ပြီး ရွာတည်ပေးလိမ့်မယ်။ ဘယ်ကလောက် ဥာဏ်ကြီးသလဲ မင်းကြည့်တော့။ ပြီးတော့ ။
အဒူလမြစ်တို့ လူစုကြံပုံက ကုလားတွေရနိုင်သမျှ မြန်မာပြည်မှာခေါ်ထား။ ရသမျှ မြန်မာတွေကိုယူ။ လင်ခန်းမယားခန်းမြောက်အောင်ဆိုပြီး ဇာတ်သွင်း၊ မွေးလာတဲ့ ကပြားလေး တွေကို ကုလားဇာတ်သွင်း၊ နောက်အကြာလှဆုံး အနှစ် ၅၀-ပဲ။ မြန်မာပြည်ဘာဖြစ်မလဲ။ မင်းတွေးကြည့်တော့။ ငါကိုယ်တိုင်လဲ ခုကုလားဇာတ်သွင်းပြီးပြီ။ အခုစစ်တကောင်း မှာ အတော်ကြာနေပြီးရင် ဟိုအနောက်မကာမြို့ကို အရောက်သွားမယ်။ ပြန်လာ တော့ ကြည့်၊ ငါ့အရပ်ကစပြီး ငါ့မြန်မာတွေကို ချွတ်ပြမယ်”
“မယ်မြ နင့်ဟာလွန်ကုန်ပြီ၊ ငါ-နင့်အဖြစ်မြင်ရတာ အင်မတန်သနား တယ်။ ငါပြောပါရစေဦးဟဲ့”
“ ဘာ-မင်းကငါ့ကို သနားတယ် ဟုတ်တယ်ဟုတ်လှသေး။ ငါကမင်းကို သနားတာ။ မင်းအခု ပညာဝန်လုပ်နေတယ်။ ငါကြားတယ်။ ပြီးတော့ ၀ံသာနု အလုပ်တွေလည်း လုပ်နေတယ်ကြားတယ်။ မလုပ်နဲ့ဆရာရေ့။ မင်းမြန်မာတွေ အလကားပဲ။ ဘာလုပ်လုပ်ပျက်မှာပဲ။ မင်းတို့မောရုံသာရှိမယ်။ ငါမြန်မာပြည်မှာ မြန်မာလာဖြစ်တာတွေးမိတိုင်းရှက်တယ်။ အခု ခိုဒါအရှင် ကယ်တော်မူပေလို့။ နို့မဟုတ်ရင်အမယ်လေးဟယ်။ငါကလီဇာတုန်လှတယ်၊မပြောချင်ပါဘူး။”
“ကိုင်း-မယ်မြ၊ ငါလည်းဘာမှမပြောရဘူး။ နင်ချည်းပြောတာပဲ။ ခုငါပြော လို့လည်း ရမယ်မဟုတ်ဘူး။ နင့်လို မိန်းမတစ်ယောက် ဒီလိုဖြစ်သွားတာ ငါ အင်မတန် ၀မ်းနည်းတယ်။ သို့သော်လည်း နင့်လို မိန်းမတစ်ယောက်က ဘယ်နည်းနဲ့မှ ကြာကြာလွဲမှာနိုင်မှာ မဟုတ်ဘူးဆိုတာ ငါယုံကြည်တယ်။ တစ်နေ့ နေ့တော့ နင်သိမယ်။ ကိုင်း-ဒါပဲ၊ ငါသွားမယ်။ နောက်မှလာဦးမယ်” ဟု ဆို၍ ကျွန်ုပ်ထခဲ့၏။
ထိုနေ့ညနေ ကျွန်ုပ်ထမင်းမစားနိုင်တော့ပါ။ ကော်ဖီတစ်ခွက်သာ သောက် ၍ အိပ်ရာသို့ဝင်တော့၏။ အိပ်၍လည်း မပျော်နိုင်။ တွေးမိသည်ကား

“ သြော်- ဒီလိုဖြစ်ရတာဟာ ကုလားများ ငါတို့ပြည်မှာ လာနေလို့ဖြစ်ရတာ။ သူတို့ကို အပြစ်တင်စရာပဲ။ နေဦး၊ နေဦး သေသေချာချာ တွေးကြည့်လိုက်တော့ သူတို့အပြစ်မဟုတ်ဘူး။ သူတို့ဒီလို စည်းမရှိကမ်းမရှိ လာချင်တိုင်းလာနေတာ ဟာ ဆိုင်ရာအစိုးရက ခွင့်ပြုထားလို့ပဲ။ ဒါဖြင့် အစိုးရကို အပြစ်တင်စရာ ဖြစ်နေပါလား။ နေဦး၊ နေဦး တွေးစရာ ကျန်သေးတယ်။ အစိုးရကို အပြစ် တင်ဖို့ မှ ဟုတ်ပါလေစ။ စစ်စစ်မတော့ တို့လူမျိုးဖျင်းလို့ပဲ။ “ဥစ္စာရင်းလို ဥစ္စာရင်းခဲ” ဆိုသလို ကိုယ်အကျိုးအတွက် ကိုယ်လုပ်မှ ရတော့ပေါ့။ ငါတို့တစ်တွေ အမှုမဲ့ အမှတ်မဲ့ဖြစ်နေခဲ့လို့ အခုလို အဖက်ဖက်က ပျက်စီးရတာပဲ။ ဒါဖြင့် တို့လူတွေကို အပြစ်တင်သင့်တာပဲ။
နေဦး ၊ တို့လူတွေ ခဗျာမှာလည်း ပညာဗဟုသုတ မရှိရှာကြဘူး။ အားကိုး စရာ ခေါင်းဆောင်လူကြီးကလည်း ကောင်းကောင်းမရှိရှာကြဘူး။ ဒီတော့ ပိုမိုသိကျွမ်းတဲ့မြော်မြင်တဲ့ လူတွေများက ရှေ့ဆောင်ပေးမှ သိကြရမှာပဲ။ ဒါဖြင့် တော်တော်တန်တန်သိမြင်တဲ့ လူတွေ ၀တ္တရားပျက်နေပါလား။ ဒီလူထဲမှာလည်း ငါတစ်ယောက်လည်းပါဝင်သင့်တယ်ထင်တယ်။ မိမိ သိကျွမ်းသိမြင်သမျှကိုတက်နိုင်သမျှလူများနားလည်အောင်ပြုလုပ်ဖို့ရှိတယ်။

ငါပြုသင့်သလောက်မပြု ရသေးဘူး။ ဒါဖြင့် တရားခံလက်သည်အစစ်က ငါဖြစ်နေပါကောလား။
ကိုင်း-ဒါဖြင့် ဇာတ်ကြောမရှည်နှင့်တော့။ ကုလားတွေ၊ အစိုးရတွေ လူတွေ ကို အပြစ်ဆိုမယ့်အစား ကို့ကိုယ်ကိုသာဆိုပေတော့။ဥပဒေသတစ်ခုလည်းလုပ်ကြစို့။
“ကိုယ့်ကိုယ်ကိုအပြစ်တင်ခြင်းသည်အမှန်ဆုံးဖြစ်၏။
ကိုယ်ကိုယ်ကိုပြစ်တင်ခြင်းသည်သာအပြစ်အကင်းဆုံးဖြစ်၏။”

ဤဥပဒေသကိုရမှအိပ်ပျော်သွားလေသတည်း။

နောက်တစ်နေ့ သဘောင်္သည် စစ်တွေသို့ ကပ်ခဲ့၏။ ကျွန်ုပ်သည် မယ်မြ တို့ ကုလားလင်မယားမောင်နှံအား ဆလံများများပေး၍ စိတ်လေးလေးနှင့် ဆင်းခဲ့၏။ဆင်းခါနီး၌

“မယ်မြ ဘယ်အခါမဆို ရန်ကုန်ရောက်ရင် ငါ့အိမ်ကိုဝင် ထွက်သွား၊ ရော့လိပ်စာယူထား” ဆို၍ ပေးခဲ့၏။
စစ်တွေတွင် ၇-ရက် တစ်ပတ်မျှနေပြီး၍ ရန်ကုန်ပြန်ခဲ့၏။ မယ်မြတို့နှင့် တွေ့ပြီးနောက် တစ်နှစ်ကျော်ကြာသောအခါ ကြုံရသည်ကား မယုံနိုင်စရာဖြစ်၏။
တစ်နေ့တွင် မိန်းမစုတ်ချာချာတစ်ယောက် လန်ချားနှင့်ကျွန်ုပ်အိမ်သို့ ရောက်လာ၏။ ထိုသူကား မယ်မြပင်တည်း။

သဘောင်္ပေါ်တွင် တွေ့မြင်ခဲ့ရသော စိုရွှမ်းဝဖြိုးသော အသားတို့ မရှိပြီ၊ ပါးရိုးပေါ်အောင် ပိန်ကြုံ့ခဲ့ပြီ။ မျက်တွင်းကျလေပြီ၊ ဆံပင်များခြောက်သွေ့၍ မသပ်မရပ်ဖြစ်ကုန်လေပြီ။ ထိုအားလုံးပေါ်တွင် မကြည်မသာခြင်း တည်းဟူသော စိတ်ညှိုးငယ်ခြင်းက တစ်မျက်နှာလုံး တစ်ကိုယ်လုံးကို ဖုံးအုပ်လျက် ရှိလေတကား။

“မောင်ကျားရယ်၊ ငါ့အဖြစ်မြင်ဝံ့သေးရဲ့လား၊ (မျက်ရည်လည်ရွှဲနှင့်ပြော သည်) ငါတော့ခွေးဖြစ်တာပဲ၊ စစ်တကောင်းကိုရောက်လို့ တစ်နှစ်လောက် ကြာရင်ပဲ သူတို့မိဘဆွေမျိုးများက ငါ့ကိုမလိုဘူး။ သူတို့ပြည်က ကုလားမ တစ်ယောက်နဲ့လက်ထပ်စေတယ်။ ငါ့ကို ကျွန်လိုထားတယ်။ ငါ့ကိုမော်မကြည့်ဝံ့ တဲ့ အဒူလမြစ်ဟာ ငါ့ကို ဆဲဆို ကြိမ်းမောင်းတယ်။ တစ်နေ့တော့ ငါ့ကိုခြေနဲ့ တောင်ကန်တယ်။ အဲဒါနဲ့ ငါ့ဇာတိမာန် ထလာတာပေါ့။ ငါ သူတို့ကို အကုန်လုံး အဆိပ်ကျွေးသတ်မယ်လို့ကြံတယ်။ နောက်ကိုယ့်စိတ်ကိုယ်ချုပ်ပြီး ညအခါမှာ သူတို့သေတ္တာကိုဖွင့်ပြီး တစ်ရာယူ နှစ်ရာယူပြီး၊ ကဲ့ဝှက်ထားလို့ ငါးရာအပြည့် မှာ ငါထွက်ပြေးပြီး သင်္ဘောက ထမင်းချက်သမားကို ငွေပေးပြီးသင်္ဘောပေးမှာ ပုန်းလိုက်ခဲ့တယ်။ အခု မင်းပေးခဲ့တဲ့ လိပ်စာအတိုင်း မေးမြန်းလာလို့ ရောက်လာ တာပဲ”

“အေး- နင့်လိုမိန်းမမျိုး ကြာကြာလွဲမှားမနေနိုင်ဘူးဆိုတာ အစကပဲ ငါပြော လိုက်တယ် မဟုတ်လား။ အေးလေကွယ်၊ တစ်သက်တစ်ခါ ဒုက္ခဆိုတာ တွေ့ရ တာပေါ့၊အခုလို လွပ်လွပ်လပ်လပ် ဖြစ်လာတာကိုပဲ ကျေးဇူးတင် ၀မ်းသာပေ တော့။ ငါ့ဆီမှာ နင်ပျော်သလောက်နေပါ။ အရင်းအချာလိုပဲ အောက်မေ့တာပေါ့”

မယ်မြသည် ကျွန်ုပ်ထံတွင် တစ်လကိုးသီတင်းနေပြီး၍ မိမိ၏အရပ်ရင်း အစ်မထံတွင်နေလိုကြောင်း၊ လက်တွင် ငွေ ၃၀၀- ကျပ်မျှကျန်သေးသဖြင့် တော အရပ်တွင် ကောင်းစွာရင်းနှီးစားနေနိုင် ကြောင်း

ပြောသည်နှင့် ကျွန်ုပ်ပို့လိုက်ပါ၏။

လွန်ခဲ့သော ၂-နှစ်ခန့်က နေ့စဉ်သတင်းစာကြီးတစ်စောင်၏ ခေါင်းကြီးပိုင်း တွင်တွင် ပါလာသည်ကား-

“ဟင်္သာတနယ်၊ နိဗ္ဗာန်ရွာသို့ ခေါင်းဆောင်လူကြီးများရောက်ရှိ နိုင်ငံရေး တရားဟောကြောင်း၊ ပရိသတ်အစည်ဆုံး ဘုန်းကြီးပျံများထက် စည်ကြောင်း၊ ပရိသတ်တို့ကို ရှင်ပင်သာလျောင် ကုမ္မာရီအသင်းက ရှလပတ်ရည် ကွမ်းဆေး လက်ဖက်တို့ဖြင့် ဧည့်ခံကြောင်း၊ တရားပွဲအပြီး၌ ၄င်းကုမ္မာရီအသင်း ဥက္ကဋ္ဌ ဒေါ်မြက ကျေးဇူးတင်စကားပြောသည့်အပြင် အမျိုး၏ စောင့်စည်းမှုတွင် မိန်းမ များ အရေးကြီးပုံ မိမိမစောင့်စည်းသဖြင့် ဒုက္ခရောက်ခဲ့ပုံတို့ကို ပြောပြရာ၌ ပရိသတ် အလွန်နှစ်သက်ကြောင်း ၊၄င်းအသင်းက ယခုအခါ အနီးအနား ရပ်ရွာတို့သို့သွားရောက်၍ အမျိုးသမီးများ စောင့်စည်းအပ်ကြောင်း လိုက်လံ ဟောပြော နေကြကြောင်း။
ထို့ပြင်မကြာမီပင် ၄င်းအသင်းဥက္ကဋ္ဌ ဒေါ်မြ ကမကထပြု၍ အရပ်နှင့်စုပြီး လျှင် နိဗ္ဗာန်ဘက်ရှိ နွားသတ်ရုံကို လေလံအမြင့်ဆုံးပေး၍ ဆွဲယူလိုက်ကြောင်း၊ သို့ကြောင့် ယခုလာမည့်နှစ်အတွက် အထူးသဖြင့် နွားသတ္တ၀ါများ အသက် ချမ်းသာကြရတော့မည် ဖြစ်ကြောင်း” ပါလေသည်။

“အင်း-တို့မယ်မြကြီး တယ်ဟုတ်နေပါကလား” ဟု ကျွန်ုပ်သည် ဆိုမြည် လျက် သဘောကျ ၀မ်းမြောက်ကျေးဇူးတင်ကာပြုံးလိုက်မိလေ၏။
နောက်ထပ်၍ သတင်းကြားရသည်ကား၊ လူရိုးဖိုးအေးကြီးသည် မယ်မြကို စိတ်နာ၍အိမ်ထောင်မပြုဘဲ ဇွဲနှင့်နေခဲ့ရာ မယ်မြ ပြန်ရောက်၍ ၂ လလောက် အရှိတွင် မယ်မြကငယ်နိုင် ဖြစ်သည့်အတိုင်း ဖိုးအေးကြီးကို နားရွက်ဆွဲခေါ်ခဲ့၍ သင့်တင့်အေးချမ်းစွာ လင်မယားအဖြစ် ပေါင်းသင်းနေထိုင်ကြလေပြီဟူသတည်း။

အမျိုးသားပညာဝန်ဦးဖိုးကျား
၁၂၉၄ခု(ကိုယ်တွေ့ဝတ္ထုများမှ) ထုတ်နှုတ်တင်ပြပါသည်။

ကျေးဇူးပြု၍ ဒီနေရာလေးကိုနှိပ်ပြီးLike လုပ်ပေးပါအုံးနော်

*ဥတ္တံတားသားအောင်နေလင်း(နည်းပညာ)*မှကြိုဆိုပါ၏

Wifi Password သိချင်လား


Wifi Password သိချင်လား … ?

ဒီ APK လေးက Android ကိုင်ဆောင်သူ
တွေအတွက်ဖြစ်ပါတယ်။ APK နာမည်က WIBR+
 ဖြစ်ပါတယ်။ ဒီ APK လေးကိုအသုံးပြုဖို့ 
Root ရှီနေဖို့လိုအပ်ပါတယ်။ နဲနဲလောက်ရှင်းပြမယ်ဗျာ …
 APK အသုံးပြုနည်းလေးကို … 
Download အရင်ရယူလိုက်ပါ။
ဒေါင်းလုပ်ဆွဲရန်
http://www.mediafire.com/download/mvmk0i78hbppv3t/cz.auradesign.wibrplus.ver.1.0.33.build.33.apk

၁။ Download လုပ်ပြီးရင် ဖွင့်ပါ။ ပြီးရင် Add Network ကိုနှိပ်ပါ။
၂။ မိမိ အသုံးပြုလိုသည့် 
Wifi ကို ၁ ချက် Click ပါ။
၃။ Box တစ်ခုကြလာပါလိမ့်မည်။ 
ထို Box မှ
BruterforceSmall DictionaryMiddle DictionaryBig Dictionaryများကို On ပါ …
ပြီးရင် Add to Queue ကိုနှိပ်ပါ။
၎။ ခဏစောင့်ပါ အဝိုင်းလေး
လည်ပြီး Password စတင်ရှာဖွေနေပါလိမ့်မယ်။
အဝိုင်းလေးလည်တာ ရပ်ပီး လက်မတောင်ရင်တော့ အင်တာနက်စတင်အသုံးပြု
လို့ရ
သွားပါပြီခဗျာ … 

myanmar mobile apps store

အဆင်ပြေပါစေ
             အာကာ [နည်းပညာ]
Wifi Password သိချင်လား … ?
ဒီ APK လေးက Android ကိုင်ဆောင်သူ
တွေအတွက်ဖြစ်ပါတယ်။ APK နာမည်က WIBR+
ဖြစ်ပါတယ်။ ဒီ APK လေးကိုအသုံးပြုဖို့
Root ရှီနေဖို့လိုအပ်ပါတယ်။ နဲနဲလောက်ရှင်းပြမယ်ဗျာ …
APK အသုံးပြုနည်းလေးကို …
Download အရင်ရယူလိုက်ပါ။
ဒေါင်းလုပ်ဆွဲရန်**download**
၁။ Download လုပ်ပြီးရင် ဖွင့်ပါ။ ပြီးရင် Add Network ကိုနှိပ်ပါ။
၂။ မိမိ အသုံးပြုလိုသည့်
Wifi ကို ၁ ချက် Click ပါ။
၃။ Box တစ်ခုကြလာပါလိမ့်မည်။
ထို Box မှ
BruterforceSmall DictionaryMiddle DictionaryBig Dictionaryများကို On ပါ …
ပြီးရင် Add to Queue ကိုနှိပ်ပါ။
၎။ ခဏစောင့်ပါ အဝိုင်းလေး
လည်ပြီး Password စတင်ရှာဖွေနေပါလိမ့်မယ်။
အဝိုင်းလေးလည်တာ ရပ်ပီး လက်မတောင်ရင်တော့ အင်တာနက်စတင်အသုံးပြု
လို့ရ
သွားပါပြီခဗျာ …

အဆင်ပြေပါစေ
ကျေးဇူးပြု၍ ဒီနေရာလေးကိုနှိပ်ပြီးLike လုပ်ပေးပါအုံးနော်

*ဥတ္တံတားသားအောင်နေလင်း(နည်းပညာ)*မှကြိုဆိုပါ၏
 

Remote Mouse Apk (All Android)

  April 30, 2014


ဒီကောင်လေးကတော့မိမိကွန်ပြူတာကမောက်စ်ကိုဖုန်းနဲ့ထိန်းချုပ်တာပါ။double-click, right-click, scroll and drag တွေကအစပါဝင်ပါတယ်။computer နဲ့ control လုပ်ဖို့အတွက်ကိုမိမိဖုန်းမှာ WiFi and 3G Network တစ်ခုခုရှိရပါတယ်။ကွန်ပြူတာမှာဖုန်းနဲ့ချိတ်ဆက်ဖို့အတွက်အောက်မှာကွန်ပြူတာအတွက်
အရင်ဒေါင်းလိုက်ပါပြီးရင်အင်ဟစတောလုပ်လိုက်ရင် Firewall က block Remote Mouse လို့ပြောလာရင်
 don’t block ကိုရွေးပါ။အင်စတောလုပ်ပြီးသွားရင်ဖုန်းမှာထည့်ဖို့အတွက် Apk ကိုဖုန်းထဲမှာအင်စတော လုပ်ပါ။“Auto Connect” ဆိုတာပေါ်လာရင်အဲ့ဒါကိုကလစ်လိုက်ပါ။ပြီးရင်အောက် computer’s IP address ကိုထည့်ပေးလိုက်ပါ။ပြီးရင် “Connect” button ကိုနှိပ်ပါ။ဒါဆိုရင်တော့မိမိကွန်ပြူတာကိုဖုန်းဖြင့်
ထိန်းချုပ်လို့ရသွားပါပြီ။တကယ်လို့အသုံးပြုရတာအလိုမရှိတော့ရင်လည်း “Back” button ကိုနှိပ်လိုက်ပါ။



Turn your mobile phone or tablet into a set of wireless mouse and keyboard.
Control your computer anywhere in your room.
1. Fully simulated functions of wireless mouse and keyboard
Main mouse functionalities featured, including click, double-click, right-click, scroll and drag
2. Both portrait and landscape mode mouse touchpad supported
3. Wireless control of your computer anywhere in your room
Works under WiFi and 3G Network
4. Intuitive interface and easy to use
Compatible with Windows 7, XP, Vista
5. Compatible with Mac OSX Lion/Snow leopard/Leopard
How to use Remote Mouse:
1. Make sure you have turned on the Wi-Fi of your Android device and connected your device to the LAN of Mac/PC, to which your device is connected to (Mac/PC and Android device may need to be connected to the same router).
2. In order to sync your device with your computer, please download and install Remote Mouse on your computer first via Remotemouse.net
3. If the Firewall of your computer asks if to block Remote Mouse, please don’t block it.
4. Install Remote Mouse on your Mac/PC and run it.
5. Run Remote Mouse on your Android, click “Auto Connect” button. Or enter your computer’s IP address, then click “Connect” button.
6. Now you can control your computer via your Android: tapping on your device screen is equal to clicking the left mouse button; tapping on the screen with two fingers is equal to clicking the right mouse button; sliding two fingers on the screen is equal to sliding the mouse wheel.
7. Rotate the Android Device to the left or right can switch to the full screen mouse touchpad.
8. If you want to reconnect, press the “Back” button on Android device.
**download**
ကျေးဇူးပြု၍ ဒီနေရာလေးကိုနှိပ်ပြီးLike လုပ်ပေးပါအုံးနော်

*ဥတ္တံတားသားအောင်နေလင်း(နည်းပညာ)*မှကြိုဆိုပါ၏

Acer က Iconia One 7 နှင့် Iconia Tab 7 Tablets များကို ကြေညာ

April/ 30/2014


Photo: Acer က Iconia One 7 နှင့် Iconia Tab 7 Tablets များကို ကြေညာ
=====================================

Acer က နယူးယောက်မြို့ တွင် တက်ဘလက် အသစ်များ ကို ကြေညာလိုက်ပါသည်။ Acer Iconia One 7 Tablet နှင့် Acer Iconia Tab 7 Tablet Phone တို့ ဖြစ်ပါသည်။ 

Acer Iconia Tab 7 သည် ခုနစ်လက်မအရွယ် တက်ဘလက် ဖြစ်သော်လည်း 3G အသုံးပြုနိုင်သဖြင့် ဖုန်းပြောဆိုနိုင်ပြီး အရွယ်ကြီးသည့် Phablet အဖြစ် အသုံးပြုနိုင်မည် ဖြစ်သည်။ သတ္တုကိုယ်ထည် ဖြင့် ကာရံထားပြီး ဖုန်းပြောဆိုခြင်း နှင့် အင်တာနက် အသုံးပြုခြင်း အတွက် လက်တစ်ဖက်ထဲ ဖြင့် ကိုင်တွယ်ရန် အဆင်ပြေပါသည် ဟု Acer က ပြောပါသည်။ Tab 7 HD Model  တွင် 1280x800 Resolution ရှိသည့် IPS Display တပ်ဆင်ထားပါသည်။ ကင်မရာ နှစ်လုံး နှင့် MicroSD Slot ပါရှိပါသည်။ Tab 7 HD Model တွင် Android 4.4 KitKat နှင့် Tab 7 တွင် Android 4.2 Jelly Bean ကို အသုံးပြုထားပြီး Jelly Bean ကို KitKat သို့ အဆင့်မြှင့်နိုင်သည် ဟု သိရသည်။ 

Acer Iconia One 7 သည် ခုနစ်လက်မအရွယ် တက်ဘလက် ဖြစ်ပြီး Intel Dual-Core Processor တပ်ဆင်ထားပါသည်။ 1280x800 Resolution IPS Display ပါရှိပါသည်။ MicroSD Card အသုံးပြုနိုင်ပြီး ကင်မရာ နှစ်လုံး ပါရှိပါသည်။ Android 4.2 ထည့်သွင်းထားသော်လည်း Android 4.4 KitKat သို့ အဆင့်မြှင့်နိုင်ပါသည်။ တစ်ခါအားသွင်းထားလျှင် ခုနစ် နာရီကြာ အသုံးခံသည် ဟု Acer က ပြောပါသည်။ 

Acer Iconia Tab 7 ကို ယူရို (၁၅၀) ဖြင့် မေလကုန် တွင် ရောင်းချမည် ဖြစ်ပြီး Tab 7 HD ကို ယူရို (၁၈၀) ဖြင့် ဇူလိုင်လ အစောပိုင်း တွင် ရောင်းချမည် ဖြစ်သည်။ Acer Iconia One 7 ကို ယူရို (၁၄၀) ဖြင့် မေလလယ်တွင် ရောင်းချမည် ဖြစ်သည်။ 

သူရ
Acer က နယူးယောက်မြို့ တွင် တက်ဘလက် အသစ်များ ကို ကြေညာလိုက်ပါသည်။ Acer Iconia One 7 Tablet နှင့် Acer Iconia Tab 7 Tablet Phone တို့ ဖြစ်ပါသည်။

Acer Iconia Tab 7 သည် ခုနစ်လက်မအရွယ် တက်ဘလက် ဖြစ်သော်လည်း 3G အသုံးပြုနိုင်သဖြင့် ဖုန်းပြောဆိုနိုင်ပြီး အရွယ်ကြီးသည့် Phablet အဖြစ် အသုံးပြုနိုင်မည် ဖြစ်သည်။ သတ္တုကိုယ်ထည် ဖြင့် ကာရံထားပြီး ဖုန်းပြောဆိုခြင်း နှင့် အင်တာနက် အသုံးပြုခြင်း အတွက် လက်တစ်ဖက်ထဲ ဖြင့် ကိုင်တွယ်ရန် အဆင်ပြေပါသည် ဟု Acer က ပြောပါသည်။ Tab 7 HD Model တွင် 1280x800 Resolution ရှိသည့် IPS Display တပ်ဆင်ထားပါသည်။ ကင်မရာ နှစ်လုံး နှင့် MicroSD Slot ပါရှိပါသည်။ Tab 7 HD Model တွင် Android 4.4 KitKat နှင့် Tab 7 တွင် Android 4.2 Jelly Bean ကို အသုံးပြုထားပြီး Jelly Bean ကို KitKat သို့ အဆင့်မြှင့်နိုင်သည် ဟု သိရသည်။

Acer Iconia One 7 သည် ခုနစ်လက်မအရွယ် တက်ဘလက် ဖြစ်ပြီး Intel Dual-Core Processor တပ်ဆင်ထားပါသည်။ 1280x800 Resolution IPS Display ပါရှိပါသည်။ MicroSD Card အသုံးပြုနိုင်ပြီး ကင်မရာ နှစ်လုံး ပါရှိပါသည်။ Android 4.2 ထည့်သွင်းထားသော်လည်း Android 4.4 KitKat သို့ အဆင့်မြှင့်နိုင်ပါသည်။ တစ်ခါအားသွင်းထားလျှင် ခုနစ် နာရီကြာ အသုံးခံသည် ဟု Acer က ပြောပါသည်။

Acer Iconia Tab 7 ကို ယူရို (၁၅၀) ဖြင့် မေလကုန် တွင် ရောင်းချမည် ဖြစ်ပြီး Tab 7 HD ကို ယူရို (၁၈၀) ဖြင့် ဇူလိုင်လ အစောပိုင်း တွင် ရောင်းချမည် ဖြစ်သည်။ Acer Iconia One 7 ကို ယူရို (၁၄၀) ဖြင့် မေလလယ်တွင် ရောင်းချမည် ဖြစ်သည်။ သူရ

ကျေးဇူးပြု၍ ဒီနေရာလေးကိုနှိပ်ပြီးLike လုပ်ပေးပါအုံးနော်

*ဥတ္တံတားသားအောင်နေလင်း(နည်းပညာ)*မှကြိုဆိုပါ၏

3D Image Live Wallpaper v4.0.2 APK

April 29, 2014


3D Image Live Wallpaper အသစ်လေးတစ်ခုရထားလို့ Live Wallpaper ကြိုက်နှစ်သက်သူများအသုံးပြုနိုင်ဖို့ အတွက် တင်ပေးလိုက်ပါတယ်ဗျာ။ 3Dရုပ်ထွက်လေးဆိုတော့ အတော်လေးကို ကြည့်ကောင်းပြီးသေသေ သပ်သပ်နဲ့ အဆင့်မှီတဲ့ Live Wallpaper တစ်ခုဖြစ်ပါတယ်။ နမူနာအနေနဲ့ အောက်မှာ Screen Shoot တွေ ကိုတင်ပေးထားပါတယ်ဗျာ။ Android OS 2.3 နှင့်အထက်ဖုန်းများမှာကောင်းကောင်းအသုံးပြုနိုင်မှာဖြစ်ပါတယ်ဗျာ။
 Creates 3D effect from any image
 Includes high resolution Jelly Bean 4.2 wallpaper pack
 Efficient OpenGL hardware accelerated graphics
 Adjustable movement options
 Use your own images
3D depth effect works best with images with strong edges.
To start, long-press on an open area on your homescreen, select Wallpapers, Live Wallpaper and then pick 3D Image Live Wallpaper from the list.

The app will only install on devices that have a Gyro sensor.

What's in this version : (Updated : Apr 28, 2014)

    Support for custom depth photos that are taken with Google Camera Lens Blur - portrait only and no homescreen scrolling yet.
    Fixed settings screen bug
    Black screen bugfix

Required Android O/S : 2.3+


**downloas**

ကျေးဇူးပြု၍ ဒီနေရာလေးကိုနှိပ်ပြီးLike လုပ်ပေးပါအုံးနော်

*ဥတ္တံတားသားအောင်နေလင်း(နည်းပညာ)*မှကြိုဆိုပါ၏

GalaxSim Unlock 2.5.0 APK (Update Version)

 April 29, 2014

SamsungPhoneကိုင်ဆောင်ထားသူများအတွက် ဆောင်ထားသင့်တဲ့ ဆော့ဝဲလေးဖြစ်ပါတယ်။ဒီဆော့ဝဲလေးက ဘာလုပ်တဲ့ ဆော့ဝဲလေးလဲဆိုရင်တော့SamsungphoneSimlock တွေကို ဖြည့်ပေးတဲ့ ဆော့ဝဲလေး ဖြစ်ပါတယ်။ သူငယ်ချင်း တစ်ယောက်ယောက်ကဒါမှမဟုတ် နိုင်ငံခြားကနေပြီးတော့ သင့်ရဲ့ ဆွေမျိုးက Samsung PhoneS3 ကိုလက်ဆောင်ထည့်ပေးလိုက်တယ်။ ဒါပေမဲ့ အဲဒီဖုန်းက ဒီနိုင်ငံမှာ သုံးလို့မရဘူးဖြစ်နေတယ်။ပြောမယ်ဆိုရင်တော့ Sim lock ဖြစ်နေတာပေါ့ ဆိုင်တွေမှာ သွားပြင်ရင်လည်း အနည်းဆုံးကတော့ ၃သောင်းလောက်ပေးရပါတယ်။ ဒီဆော့ဝဲလေးကတော့တစ်ပြားမှ ပေးစရာမလိုပါဘူး။ ဒါပေမဲ့ မိမိဖုန်းထဲမှာ Root ရှိထားဖို့လို့ပါတယ်။Sim lockကို Support ပေးတဲ့ Model တွေကတော့ S4,S3,S2,S,Note2,Note3, စတာတွေကိုSupport ပေးပါတယ်။ အသုံးဝင်တဲ့ ဆော့ဝဲလေးမို့လို့ တင်ပေးလိုက်ပါတယ်။

Features:
  Unsimlock / unbrand your phone
  Persists even after reset / flash / wipe / unroot
  Supports any rooted rom (Samsung stock, aosp, aokp, cm10, cm11…)
  Supports international GS4 GT-I9500, GS3 GT-I9300, Note2 GT-N7100
  Supports other Galaxy family devices (S, S2, Tab, Note and their variants)
  Supports devices previously unlocked with “voodoo unlock” or “galaxy s unlock”
  Detects errors like lost imei / serial in nv_data caused by third party apps
Gives detailed information about current locks status (locked, unlocked or “partially locked”)
  Automatic and manual efs backup (should guarantee a safe use), restore it on demand
Supports more Galaxy devices soon

**download**
 

ကျေးဇူးပြု၍ ဒီနေရာလေးကိုနှိပ်ပြီးLike လုပ်ပေးပါအုံးနော်

*ဥတ္တံတားသားအောင်နေလင်း(နည်းပညာ)*မှကြိုဆိုပါ၏

29 April 2014

အပတ်စဉ်ထုတ် အင်တာနက်ဂျာနယ် အတွဲ(၁၅) အမှတ်(၁၆)

အပတ်စဉ်ထုတ် အင်တာနက်ဂျာနယ်ကိုဖတ်ရှု့ကြတဲ့ ပြည်တွင်း ၊ ပြည်ပ သူငယ်ချင်းများအတွက် အတွဲ(၁၅) အမှတ်(၁၆) ကို Full Screen အဖြစ်တိုက်ရိုက် ဖတ်ရှု့နိုင်ပြီး ၊ ညာဘက်ထောင့်အပေါ်တွင်ဒေါင်းလော့စ် ကိုနှိပ်ခြင်းဒေါင်းလော့စ်ရယူနိုင်ပါသည်
.**download**
ကျေးဇူးပြု၍ ဒီနေရာလေးကိုနှိပ်ပြီးLike လုပ်ပေးပါအုံးနော်

*ဥတ္တံတားသားအောင်နေလင်း(နည်းပညာ)*မှကြိုဆိုပါ၏

Windows 8 + Launcher v2.6 APK

May/29/ 2014  

Android User များအတွက် Launcher အလန်းလေးတစ်ခုထပ်ပြီးတင်ပေးလိုက်ပါတယ်ဗျာ။ Android Phone မှာ Window 8  စတိုင်တဲ့သုံးလို့ရပါပြီ အရင်တုန်းကလည်း ဒါမျိုးလေးတင်ပေးဖူးပါတယ်။ ခက်ခက်ခဲခဲမဟုတ်ပါ ဘူး Install လုပ်ပြီး တန်းသုံးရုံပါဘဲ။ Android OS 2.2 နှင့်အထက်ဖုန်းများမှာ အသုံးပြုနိုင်ပါတယ်။ စတိုင်တွေ ဘယ်လောက်လန်းလည်း နမူနာကြည့်နိုင်အောင်လို့ အောက်မှာ Screen Shoot လေးတွေကိုတင်ပေးလိုက် ပါတယ်ဗျာ။

 
 
 
**download**
ကျေးဇူးပြု၍ ဒီနေရာလေးကိုနှိပ်ပြီးLike လုပ်ပေးပါအုံးနော်

*ဥတ္တံတားသားအောင်နေလင်း(နည်းပညာ)*မှကြိုဆိုပါ၏

Lenovo ကအသစ်မိတ်ဆက်လိုက်တဲ့ Lenovo Vibe Z Phablet

April 29, 2014  

Lenovo ကအသစ်မိတ်ဆက်လိုက်တဲ့ Lenovo Vibe Z Phablet

==================================
ခွန်နေ(AMMG)

တရုတ်နည်းပညာ ကုမ္ပဏီကြီးတစ်ခုဖြစ်တဲ့ Lenovo ဟာအရည်အသွေးမြင့်
Phablet အရွယ်စမတ်ဖုန်းတစ်လုံးကို မိတ်ဆက်ချပြခဲ့ပါတယ်။ အဲဒါကတော့
Dual-Sim ထည့်သွင်းအသုံးပြုလို့ရမယ့် Vibe Z လို့ခေါ်တဲ့ Phablet အမျိုး အစားပါပဲ။

မျက်နှာပြင်အရွယ် ၅.၅ လက်မရှိတဲ့ အဆိုပါ စမတ်ဖုန်းဟာ Resolution
1080p IPS LCD ရုပ်ထွက်ပေးစွမ်းနိုင်ပြီး destiny(400ppi) အထိကြည်လင်
ပြတ်သားစွာ စွမ်းဆောင်နိုင်ပါတယ်။

Snapdragon 800 chipset အသုံးပြုထားပြီး Precessor quad-core Krait at 2.2GHz ပါဝင်ကာ RAM 2GB နှင့် ရုပ်ထွက် Graphics အထူးကောင်းမွန်
ဖို့အတွက် Adreno 330 GPU ထည့်သွင်းပေးထားပါသေးတယ်။

ကင်မရာစွမ်းဆောင်ရည်ပိုင်းအနေနဲ့ Main Camera 13MP အသုံးပြုပေး
ထားပြီး ရှေ့ကင်မရာ ပါမပါကိုတော့ ထည့်သွင်းရေးသားထားခြင်းတော
မရှိပါဘူး။ ဆမ်းကဒ်နှစ်မျိုးထည့်သွင်းအသုံးပြုနိုင်တဲ့ (Dual-Sim) အမျိုးအစား
ဖြစ်ပြီး ကွန်ယက်ချိတ်ဆက်မှုအနေနဲ့ 2G,3G, တို့အပြင် 4G LTE စနစ်ပါ
ချိတ်ဆက်အသုံးပြုနိုင်ပါတယ်

လက်ရှိတရုတ်ပြည်ဈေးကွက်မှာ ကြိုတင်မှာယူမှုတွေကို စတင်လက်ခံနေပြီ
ဖြစ်ပြီး နိုင်ငံတကာဈေးကွက်ကိုတော့ မကြာမီဖြန့်ချိရောင်းချပေးမှာဖြစ်
ကြောင်းသိရပါတယ်။

ကျေးဇူးပြု၍ ဒီနေရာလေးကိုနှိပ်ပြီးLike လုပ်ပေးပါအုံးနော်

*ဥတ္တံတားသားအောင်နေလင်း(နည်းပညာ)*မှကြိုဆိုပါ၏

Ram များနှင့် မိတ်ဆက်ခြင်း



Ram ဆိုတာကတော့
ကွန်ပျူတာ တစ်လုံးမှာ မရှိမဖြစ်လိုအပ်တဲ့ အရာတစ်ခုပါ။တစ်နည်းအားဖြင့်သူကို
Memory လို့လဲခေါ်ပါတယ်..Memory ဆိုပေမဲ့ သူက Temporary Memory ပါ..ကွန်ပျူတာ တစ်လုံးမှာ
ယာယီဘဲ အလုပ်လုပ်တဲ့ Memory နဲ့ အမြဲတမ်း အလုပ်လုပ်တဲ့ Memory ဆိုတာရှိပါတယ်..
ဥပမာ..ကွန်ပျူတာ ပေါ်တွင်သုံးနေသော Application Software တွေဟာ
Ram လိုခေါ်တဲ့ Temporary Memory ရဲ့ အပေါ်မှာအလုပ်လုပ်နေရတာပါ..တကယ်လို့ စက်ကို Power
ပိတ်လိုက်တော့မယ်ဆိုရင် စောစောက အလုပ်လုပ်ထားတဲ့ Application
တွေကအားလုံးပျောက်သွားပါလိမ့်မယ်..အဲဒီအတွက် အဲဒီ Application တွေကိုသိမ်းဖို့ Permanent Memory
ဆိုတာလိုအပ်လာပါပြီး…အဲအကြောင်းကို တော့ နောက်မှ ဖော်ပြပါတော့မယ်..ခုလောလောဆယ်တော့ 
ram ဘက်ကိုပြန်သွားလိုက်ရအောင်..
Ram မှာလဲ Speech တွေနဲ့ဘဲ ပိုင်းခြားထားတာပါ…သူကိုကြတော့ MB နဲ့ တွက်ကြပါတယ်..ဥပမာ..
32MB> 64MB>128MB>256MB>512MB>1GB>2GB အဲလိုပုံစံ မျိုးတွေနဲ့ တိုင်းတာကျတယ်..
ကဲ Ram ရဲ့ အလုပ်လုပ် ပုံကို သိပြီးဆိုတော့ Ram ရဲ့ အမျိုးအစားတွေကို ဖော်ပြပါမယ်…
ကျွန်တော်မှီသလောက်ကတော့ SDRam ကိုမှီလိုက်ပါတယ်..
ကဲအဲဒါကတော့ SDRAM ပါဘဲ..Ram တွေက slotလေးတွေဘဲ နည်းနည်းလေးကွဲသွားတာပါ..ခုပြထားတဲ့ SD
RAM ရဲ့ Speech ကတော့ 256MB ပါ..သူကတော့ ၂၀၀၆ ခုနှစ်လောက်မှာတော့
တော်တော်ကိုလေးအသုံးများခဲ့ပါတယ်..
အဲဒီကောင်ကတော့ DDR RAM ပါ SD Ram ထက် ပိုပြီးမြန်လာပါတယ်…သူရဲ့ speech ကတော့ 512
နဲ့စခဲ့တာပေါ့..အများဆုံး 1 GB တောင်ရှိလာခဲ့ပါတယ်….သူကို ၂၀၀၆ခုနှစ်နှောင်းပိုင်းမှာ စတင်စမ်းသက်
အသုံးပြူခဲ့ပြီး လာတော်တော်များများ အသုံးပြုခဲ့ကြပါတယ်..
ကဲ ဒါကတော့ DDR2 လို့ခေါ်တဲ့ DDR1 killer ပေါ့..သူလည်းပေါ်လာရော သိတဲ့ အတိုင်းဘဲ လူတွေက DDR2
တွေဖြစ်ကုန်တော့တာဘဲ..တော်တော်လေးလည်းကောင်းပါတယ်..ခုတွေ့ရတဲ့ ပုံက တော့ DDR2 1GB
ပါ..512MB ကနေ့ 4 GB ထိတောင် ထွက်ခဲ့ ပါတယ်..ဒါကြောင့်လည်း လူတွေက ကြိုက်ခဲ့ ကြတာပေါ့..သူကို
၂၀၀၈ ခုနှစ် ကုန်ခါနီးလောက်မှာ စတင်အသုံးပြူခဲ့ကြတာဖြစ်ပါတယ်..
ကဲ ဒါကတော့ နောက်ဆုံးပေါ် DDR3 ပါ..ကျွန်တော်တောင်
မသုံးဖူးပါဘူး..တော်တော်ကောင်းမဲ့ပုံပါဘဲ…ခုတင်ထားတဲ့ ပုံတင် 4GB တောင်ရှိနေပါပြီး…
ကဲ ကျွန်တော်သိသမျှ Ram အကြောင်းကိုတော့ တော်တော်ပြောပြလိုက်ပြီး…ဗဟုသုတ အနေနဲ့
မှတ်ထားလိုက်ကြပေါ့..ကျွန်တော်လည်းမသိတာတွေ တော်တော်များများရှိပါသေးတယ်..
 

ကျေးဇူးပြု၍ ဒီနေရာလေးကိုနှိပ်ပြီးLike လုပ်ပေးပါအုံးနော်

*ဥတ္တံတားသားအောင်နေလင်း(နည်းပညာ)*မှကြိုဆိုပါ၏

Portrait ရိုက်ကူးရေး ဆိုင်ရာ နည်းစနစ်များ (Inspirational Portrait Photography Techniques)

April 29, 2014  

By ဆရာဦးစိုးလှိုင် (Country Road)

1. PHOTOSHOP

Portrait ရိုက်ပြီး ပါက Post Producton တွင် Photoshop ဖြင့် ပြင်ပါ။ ပုံကို နည်းပညာ ပေါင်းစပ်မှု များဖြင့် စိတ်ဝင်စားဘွယ်ရာ ဖြစ်လာအောင် ပြင်နိုင်လျှင် ပြင်ပါ။



2. TEXTURE

အရေး အကြောင်းဟု ဆိုရ မည့် Texture သည် Portrait ပုံ တစ်ပုံ၏ အရေး အကြီးဆုံး အစိတ် အပိုင်း ဖြစ်သည်။ Texture နှင့် နောက်ခံ Background တို့ လိုက်လျှော ညီထွေ ရှိရန် လိုသည်။ တစ်ပုံ လုံးကို Texturizing အရေးအကြောင်း အကွက် အပြောက်တို့ဖြင့် ထုံမွန်းနိုင်လျှင် ပုံ ၏အား ပို တက် လာနိုင် သည်။ အောက်ပုံ ၏မျက်နှာ ပေါ်ရှိ Texture နှင့် အရောင် ၊  Background Texture နှင့် အရောင်တို့  Match up ဖြစ်နေသည်ကို ကြည့်ပါရန်။



3. OVEREXPOSE

Subject ကို  Highlight ပေးထားလျှင်  ဖြစ်စေ High-Key ပြုလုပ်ထားလျှင် Subject သည် soft portrait ဖြစ်လာကာ ကြည့်ရသည်မှာ ငြိမ့်ညောင်း လှပေမည်။ High-Key ပုံ မှာ အနုစိတ်ကလေးများကို ဖယ် ရှားလိုက်သ ည့် အတွက် ပုံ သည် နု ညံ့ ချောမွေ့ လာသည်။ အောက် ပုံ ကို ကြည့် ပါ။



4. UNDEREXPOSE

အကယ်၍ အမှေင် များများ နှင့် Low-Key ရိုက်ထားသည့် ပုံတွင်မူ သဘာဝ အရ ပုံ၏ လင်းနေသည့် အပိုင်း က ကြည့်သူ၏ မျက်လုံး ကို ဆွဲ ခေါ် သွား လိမ့် မည်။ ကြည့်ရ သည်မှာ High-Key ကိုကြည့် ရသည် နှင့် မတူ ဘဲ ကော်ဖီ ပြင်းပြင်း သောက်ရ သကဲ့ သို့ ခတ် မာမာ ကြည့်ရသည့် ပုံ မျိုး ဖြစ်သည်။



5. BACK-LIGHT

Back-Light ဖြင့် ရိုက်သည်အခါ တွင် အောက်ပုံ ကဲ့ ကို့ ဆံ ပင်သည် အဓိက ရောင်ပြန် နေရာ ဖြစ်လိုပါက ဆံပင် နေရာကို ရိုက်သူ နှင့် အလင်း ရောင် အကြားတွင် ထားပါ။ Subject ကို အနည်းငယ် လှမ်းသော နေရာတွင် ထားခြင်းဖြင့် Silhouette ပုံ လည်း ရနိုင်သည်။



6. POSING

ဟန်ပန် အနေအထားဟု ဆိုရမည့် Posing ကို အမြင်ဆန်းအောင် ထူးဆန်းသည့် ပုံ စံမျိုး ဖြင့် Posing လုပ်ခြင်းသည် သက်တောင့် သက်ကာ မရှိစေကာမူ အမြင် ဆန်းသည်။ အောက်ပုံ ကို ကြည့်ပါ။ စင်စစ်အားဖြင့် Posing တစ်ခု ထည်း ကာမက ရိုက်သည့်  ရှု ဒေါင့် အနေအထား လည်း လိုက်လေဆာ ညီထွေ ရှိရန် လို အပ်သည်။


7. CULTURE

Culture ဆိုတာ ကတော့ နေရာတိုင်းတွင် ရျိသည့်အရာဖြစ်သည်။ နိုင်ငံ အနှံ့ အပြား တွင် မဆိုထားဘါ မိမိ ၏ မြို့ ရွာ ၌ ပင် Culture ရှိသည်။ နေရာ အနှံ့ အပြား ခရီးထွက် စဉ် စိတ်ဝင်စားဘွယ်ရာ Cultural များကို ရှာ ဖွေ ပါ။



8. REFLECTIONS
 ပြုတင်းပေါက်၊ မှန် ၊ ရေ တို့ မှ ပြန်လာသည့် အလင်းတန်းများကို Subject အတွက် Reflection အဖြစ် သုံ နိုင်သည်။ အဆိုပါ Light source များမှ  Result နှင့် texture အမျိုးမျိုး ရနိုင်သည်။



9. SHADOWS

အရိပ် ကို ပုံ ၏ အရေးကြိးသည့် အစိတ်အပိုင်း အဖြစ်သုံးပါ။ တစ်ခါ တစ်ရံ တွင် အရိပ်သည် Main subject ထက် ပို၍ပင် ထင်ပေါ် သည့် အနေအထားရောက်လာ တတ်သည်။



10. GET CLOSE

Subject ၏ မျက်နှာ ကို မည်ကဲ့ သို့ crop လုပ် ကာ ဖယ်ထုတ်လိုက် ရမည် ဆိုသည့် နည်း နိသယ မရှိပါ။
Crop လုပ်ပြိးနောင် ပုံ တါင်ုကန် ရစ်ခဲ့မည့် အပိုင်းသည် ကြည့် သူ၏ အာရုံကို ဆွဲ ဆောင်နိုင် မည့် အစိတ် အပိုင်း ဖြစ်ရန်တော့ လိုသည်။



11. (UN)FOCUS

Out-of -Focus ဖြစ်နေသည့် အပိုင်းသည် In-Focus ဖြစ်နေသည့် အပိုင်း ထက် ပို၍ ပင် စိတ်ဝင်စားဘွယ်ရာ ကောင်းတတ်သည်။ မသဲ မကွဲ ဖြစ်နေသည့် အပိုင်းကို ကြည့်သူ ၏ မသိ စိတ်တွင်သိလို သည့် စိတ် ဖြစ်ပေါ် စေအောင် ဆွဲ ဆောင် နိုင်သည်။



12. MOVEMENT

အောက်ပုံ ကဲ့သို့ ပုံတစ်လုံး ၀ါး (Blur)  ဖြစ်နေပါစေ အဆိုပါ Blur သည် Movement ကို ပြနေပေသည်။
အောက်ပုံကဲ့ သို့ အနေအထားတွင် တကယ့် Subject အစစ် ကိုပြသည်ထက် ဤ Subject မည်ကဲ့ သို့ ဖြစ်နေ ပါလိမ့် ဟူသည့် အတွေး ကိုပေးသည်။



13. CAPTURE THE MOMENT

တစ်စုံ တစ်ဦး ၏ သူနှစ်သက် ရာ ကို လုပ်ဆောင် နေစဉ် ထို Moment ကို ဖမ်းထားလိုက်ခြင်း ဖြစ်သည်။ အမျိုးမျိုး သော ဟန်ပန် အနေအထားမျယ ဖြစ်နိုင်သည်။ Street Photography တွင် အဆိုပါ Moment များ ရနိုင်သည်။



14. COLORS

Subject အား အာရုံ စိုက် လာ နိုင်ရေးအတွက် Vibrant and Contrasting Colour များ သုံးရန် လိုသည်။
makeup, clothing, accessories တို့ အပြင် အခြား သင့် လျှော်ရာ များကိုလည်း သုံးနိုင်သည်။



15. GET SERIOUS

Portrait အာလုံးသည် အပြုံးတွေ ဝေ နေရမည်ဟု တသမတ် ထည်း မှတ်၍မရ။ မျက်နှာ အသွင် အပြင်၏ Seriuos Emotion သည်လည်း အဓိက နေရာတွင် ရှိသည်ကို သတိပြုပါ။ အောက်ပုံ ၏ မျက် နှာ တွင် Highly Emotion ကို တွေ့ နိုင်သည်။



16. PROPS

ပတ်ဝန်ကျင်တွင်ရှိနေသည့် ပစ္စည်း ပစ္စယ များ ၏ အထောက်အပံ့ ဖြင့် လည်း စတ်ဝင်စားဘွယ် ဖြစ်လာစေရန်  ဆောင်ရွက် နိုင်သည်။ Sub ject ကို အဆိုပါ ပစ္စည်း များ၏ မည်  သည့်နေရာတွင် - in, on, under, around, etc. ထား၍ အသုံးပြု လျှင် ကောင်းမည်ကို ကြည့်ပါ။



**download**
ကျေးဇူးပြု၍ ဒီနေရာလေးကိုနှိပ်ပြီးLike လုပ်ပေးပါအုံးနော်

*ဥတ္တံတားသားအောင်နေလင်း(နည်းပညာ)*မှကြိုဆိုပါ၏