(နည်းပညာ)ပြန်လည်မျှဝေပေးခြင်း

မင်္ဂလာပါခင်ဗျာ ... ကျွန်တော်တင်သမျှ Post လေးများသည် ကျွန်တော်လေ့လာဖူးသမျှကို ပြန်လည်မျှဝေပေးခြင်းဖြစ်ပါတယ်။ သူငယ်ချင်းအားလုံးလည်း ကျွန်တော့် site မှကြိုက်နှစ်သက်တဲ့ မည့်သည့် Post ကိုမဆို မြန်မာ IT နည်းပညာဖွံ့ဖြိုးတိုးတက်ရေးအတွက် ပြန်လည်မျှဝေပေးစေလိုပါတယ်ဗျာ။ ...
Showing posts with label Iconia One 7. Show all posts

30 April 2014

Acer က Iconia One 7 နှင့် Iconia Tab 7 Tablets များကို ကြေညာ

April/ 30/2014

Photo: Acer က Iconia One 7 နှင့် Iconia Tab 7 Tablets များကို ကြေညာ
=====================================

Acer က နယူးယောက်မြို့ တွင် တက်ဘလက် အသစ်များ ကို ကြေညာလိုက်ပါသည်။ Acer Iconia One 7 Tablet နှင့် Acer Iconia Tab 7 Tablet Phone တို့ ဖြစ်ပါသည်။ 

Acer Iconia Tab 7 သည် ခုနစ်လက်မအရွယ် တက်ဘလက် ဖြစ်သော်လည်း 3G အသုံးပြုနိုင်သဖြင့် ဖုန်းပြောဆိုနိုင်ပြီး အရွယ်ကြီးသည့် Phablet အဖြစ် အသုံးပြုနိုင်မည် ဖြစ်သည်။ သတ္တုကိုယ်ထည် ဖြင့် ကာရံထားပြီး ဖုန်းပြောဆိုခြင်း နှင့် အင်တာနက် အသုံးပြုခြင်း အတွက် လက်တစ်ဖက်ထဲ ဖြင့် ကိုင်တွယ်ရန် အဆင်ပြေပါသည် ဟု Acer က ပြောပါသည်။ Tab 7 HD Model  တွင် 1280x800 Resolution ရှိသည့် IPS Display တပ်ဆင်ထားပါသည်။ ကင်မရာ နှစ်လုံး နှင့် MicroSD Slot ပါရှိပါသည်။ Tab 7 HD Model တွင် Android 4.4 KitKat နှင့် Tab 7 တွင် Android 4.2 Jelly Bean ကို အသုံးပြုထားပြီး Jelly Bean ကို KitKat သို့ အဆင့်မြှင့်နိုင်သည် ဟု သိရသည်။ 

Acer Iconia One 7 သည် ခုနစ်လက်မအရွယ် တက်ဘလက် ဖြစ်ပြီး Intel Dual-Core Processor တပ်ဆင်ထားပါသည်။ 1280x800 Resolution IPS Display ပါရှိပါသည်။ MicroSD Card အသုံးပြုနိုင်ပြီး ကင်မရာ နှစ်လုံး ပါရှိပါသည်။ Android 4.2 ထည့်သွင်းထားသော်လည်း Android 4.4 KitKat သို့ အဆင့်မြှင့်နိုင်ပါသည်။ တစ်ခါအားသွင်းထားလျှင် ခုနစ် နာရီကြာ အသုံးခံသည် ဟု Acer က ပြောပါသည်။ 

Acer Iconia Tab 7 ကို ယူရို (၁၅၀) ဖြင့် မေလကုန် တွင် ရောင်းချမည် ဖြစ်ပြီး Tab 7 HD ကို ယူရို (၁၈၀) ဖြင့် ဇူလိုင်လ အစောပိုင်း တွင် ရောင်းချမည် ဖြစ်သည်။ Acer Iconia One 7 ကို ယူရို (၁၄၀) ဖြင့် မေလလယ်တွင် ရောင်းချမည် ဖြစ်သည်။ 

သူရ
Acer က နယူးယောက်မြို့ တွင် တက်ဘလက် အသစ်များ ကို ကြေညာလိုက်ပါသည်။ Acer Iconia One 7 Tablet နှင့် Acer Iconia Tab 7 Tablet Phone တို့ ဖြစ်ပါသည်။

Acer Iconia Tab 7 သည် ခုနစ်လက်မအရွယ် တက်ဘလက် ဖြစ်သော်လည်း 3G အသုံးပြုနိုင်သဖြင့် ဖုန်းပြောဆိုနိုင်ပြီး အရွယ်ကြီးသည့် Phablet အဖြစ် အသုံးပြုနိုင်မည် ဖြစ်သည်။ သတ္တုကိုယ်ထည် ဖြင့် ကာရံထားပြီး ဖုန်းပြောဆိုခြင်း နှင့် အင်တာနက် အသုံးပြုခြင်း အတွက် လက်တစ်ဖက်ထဲ ဖြင့် ကိုင်တွယ်ရန် အဆင်ပြေပါသည် ဟု Acer က ပြောပါသည်။ Tab 7 HD Model တွင် 1280x800 Resolution ရှိသည့် IPS Display တပ်ဆင်ထားပါသည်။ ကင်မရာ နှစ်လုံး နှင့် MicroSD Slot ပါရှိပါသည်။ Tab 7 HD Model တွင် Android 4.4 KitKat နှင့် Tab 7 တွင် Android 4.2 Jelly Bean ကို အသုံးပြုထားပြီး Jelly Bean ကို KitKat သို့ အဆင့်မြှင့်နိုင်သည် ဟု သိရသည်။

Acer Iconia One 7 သည် ခုနစ်လက်မအရွယ် တက်ဘလက် ဖြစ်ပြီး Intel Dual-Core Processor တပ်ဆင်ထားပါသည်။ 1280x800 Resolution IPS Display ပါရှိပါသည်။ MicroSD Card အသုံးပြုနိုင်ပြီး ကင်မရာ နှစ်လုံး ပါရှိပါသည်။ Android 4.2 ထည့်သွင်းထားသော်လည်း Android 4.4 KitKat သို့ အဆင့်မြှင့်နိုင်ပါသည်။ တစ်ခါအားသွင်းထားလျှင် ခုနစ် နာရီကြာ အသုံးခံသည် ဟု Acer က ပြောပါသည်။

Acer Iconia Tab 7 ကို ယူရို (၁၅၀) ဖြင့် မေလကုန် တွင် ရောင်းချမည် ဖြစ်ပြီး Tab 7 HD ကို ယူရို (၁၈၀) ဖြင့် ဇူလိုင်လ အစောပိုင်း တွင် ရောင်းချမည် ဖြစ်သည်။ Acer Iconia One 7 ကို ယူရို (၁၄၀) ဖြင့် မေလလယ်တွင် ရောင်းချမည် ဖြစ်သည်။ သူရ

ကျေးဇူးပြု၍ ဒီနေရာလေးကိုနှိပ်ပြီးLike လုပ်ပေးပါအုံးနော်

*ဥတ္တံတားသားအောင်နေလင်း(နည်းပညာ)*မှကြိုဆိုပါ၏