8/21/2014
ဒါကတော့
မိန်းကလေးတွေ ကိုယ့်နှမလေးတွေအတွက် အဆင်ပြေမယ့် နည်းလမ်းလေးတွေပါ..။
တစ်ကယ့်ကို ကောင်းမွန်တဲ့ ဆော့ဖ်ဝဲတစ်ခုလို့ ပြေရမှာဘဲ။ ဆံပင်အလှပြင်ဖို့
နည်းလမ်းပေါင်း 38 မျိုးပါပါ
တယ်။ မိမိကြိုက်နှစ်သက်ရာ ဆံပင်ပုံစံကို ပုံကြည့်ပြီးတော့ လုပ်မယ်ဆိုရင်ကို
အဆင်ပြေပါတယ်။ စာက
တော့ ရုရှားစာလားမသိဘူးဗျာ။ အပေါ်က Модные прически ဒီလိုစာတွေနဲ့ဆိုတော့
ဖတ်ဖို့ရာကတော့
Google Translate နဲ့ လုပ်ရင်တော့ သိရမှာပေါ့လေ..။ ကဲ ကောင်းတာကတော့
အတော်ကောင်းတယ်ဗျ။ တစ်ကယ် အလှပြင်ဆိုင်ကနည်းပညာတွေလိုပါဘဲ..။ ခုခေတ်ကလည်း လွယ်တော့မလွယ်ဘူးဗျ။ မြတ်ဗုဒ္ဓ ဆုံးမသလိုဘဲ ဆံပင်ရှိရင် ဆံပင်ဒုက္ခဖြစ်တယ်ဆိုတာလေ။ ခေါင်းတစ်ခေါင်း ပေါင်းတင်ခြင်း ဖြောင့်ခြင်း ကောက်ခြင်း လိပ်ခြင်း လိမ်ခြင်း စသဖြင့်များစွာ ပြုပြင်နေကြတော့ ငွေလည်း များစွာကုန်ကျပါတယ်။ နယ်မှာ ကိုယ့်တပည့်လေးတစ်ဦး ဆံပင်ဖြောင့်ပြီး ဆေးဆိုးတာ 30000 သုံးသောင်းလောက်ရှိတယ်လို့ ပြောတော့ အံ့သြမိတယ်။ သြော် မလွယ်ပါလားကွယ်လို့ပေါ့ဗျာ....ကဲ...ဒီမှာကတော့ ဆံတုန်းထုံးခြင်း ဆင် ယင်ထုံးဖွဲ့ အလှဆင်နည်းများစွာကို လေ့လာပြီးသကာလ သပ်သပ်ရပ်ရပ်လေးနဲ့ လူရည်လူသန့်လေးတွေ ဖြစ်လာအောင် ပြင်ဆင်ကြပေတော့ ငါ့နှမတို့ရေ...။

ကျေးဇူးပြု၍ ဒီနေရာလေးကိုနှိပ်ပြီး Like လုပ်ပေးပါအုံးနော်
*ဥတ္တံတားသားအောင်နေလင်း(နည်းပညာ)*မှကြိုဆိုပါ၏
No comments:
Post a Comment
http://i1323.photobucket.com/albums/u591/aungaung13/cooltext666275999_zpsbe12bc0c.gif