(နည်းပညာ)ပြန်လည်မျှဝေပေးခြင်း

မင်္ဂလာပါခင်ဗျာ ... ကျွန်တော်တင်သမျှ Post လေးများသည် ကျွန်တော်လေ့လာဖူးသမျှကို ပြန်လည်မျှဝေပေးခြင်းဖြစ်ပါတယ်။ သူငယ်ချင်းအားလုံးလည်း ကျွန်တော့် site မှကြိုက်နှစ်သက်တဲ့ မည့်သည့် Post ကိုမဆို မြန်မာ IT နည်းပညာဖွံ့ဖြိုးတိုးတက်ရေးအတွက် ပြန်လည်မျှဝေပေးစေလိုပါတယ်ဗျာ။ ...

18 August 2014

၂၀၁၅ မော်ဒယ် Nissan 370Z နှင့် 370Z NISMO တို့အား စတင်ရောင်းချ

  8/18/2014

  ပြုပြင်ပြောင်းလဲမှု မသိမသာ ပြုလုပ်ထားတဲ့ ၆ နှစ်သား 370Z ရဲ့ ၂၀၁၅ မော်ဒယ်ရဲ့ ဈေးနှုန်းကို Nissan က ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်းက ထုတ်ဖော်ကြေညာ သွားခဲ့ပါတယ်။ အင်ဂျင်ပိုင်းမှာတော့ အပြောင်းအလဲ မရှိခဲ့ပဲ ယခင်အတိုင်း မြင်းကောင်ရေ ၃၃၂ ကောင်အားနဲ့ ရုန်းအား ၂၇၀ ပေါင်-ပေ ရှိတဲ့ ၃.၇ လီတာ V6 အင်ဂျင်ကိုသာ ပြန်လည်ထည့်သွင်း ထားပါတယ်။ ဂီယာဘောက်စ်ကတော့ SynchroRev Match စနစ် ပါရှိတဲ့ ၆ ချက်ထိုး Manual ဒါမှမဟုတ် ၇ ချက်ထိုး အော်တိုတို့ကို ရွေးချယ်ဝယ်ယူ နိုင်ပါလိမ့်မယ်။



၂၀၁၅ မော်ဒယ်မှာ Suspension နဲ့ Steering တို့ကို ပိုမိုကောင်းမွန်အောင် အဆင့်မြှင့်တင်ထားပြီး ဂရိတ်တိုင်းမှာ Bluetooth စနစ် ပါဝင်လာပါလိမ့်မယ်။ မော်ဒယ်သစ်မှာ Sport နဲ့ Sport Tech ဂရိတ် ၂ မျိုးကို ထပ်ဆောင်းထည့်သွင်းလိုက်ပြီး Sport မှာ ၁၉ လက်မ အလွိုင်းဘီးများနဲ့ Limited-Slip Differential စနစ်ပါရှိတဲ့ ဂီယာဘောက်စ် ပါရှိလာပါလိမ့်မယ်။ Sport Tech မှာတော့ Sport မှာ ပါဝင်တဲ့ ပစ္စည်းများ အပြင် GPS Navigation စနစ်၊ နောက်ကြည့် ကင်မရာနဲ့ Bose စပီကာယူနစ်တို့ ပါဝင်လာပါလိမ့်မယ်။
ဒါ့အပြင် 370Z NISMO ကိုလည်း ကြီးမားတဲ့ ပြုပြင်ပြောင်းလဲ မှုများနဲ့ ပွဲထုတ်လာခဲ့ပါတယ်။

ဒီဇိုင်းပုံစံပိုင်းမှာ အကြီးမားဆုံး ပြောင်းလဲမှုကတော့ ကားရှေ့ပိုင်းပဲဖြစ်ပြီး ယခင်ထက် ပိုမိုကြီးမား ကျယ်ပြန့်ပြီး ပုံစံပြောင်းလဲထားတဲ့ ရှေ့လေဝင်ပေါက် (Front Grille)၊ အနီရောင် အောက်နှုတ်ခမ်း (splitter lip)၊ နေ့ဖက်လင်း LED မီးသီးများအောက်မှ ထောင်လိုက်ပုံစံ လေဝင်ပေါက်များကို တွေ့မြင် ရမှာ ဖြစ်ပါတယ်။ အနီရောင်လိုင်းကလည်းကားရဲ့ အောက်ခြေပတ်လည်နဲ့ နောက်ကြည့်မှန်တို့မှာ ရေးဆွဲ ပုံဖော် ထားပါတယ်။ရှေ့မီးကြီး ၂ လုံးမှာ အနက်ရောင် အနားကွပ်များ တပ်ဆင်ပေးထားသလို ကားနောက် ပိုင်းက Spoiler ကိုလည်း ပုံစံပြောင်းလဲထားပြီး ယခင်ကထက် အနည်းငယ် သေးငယ်သွားပါတယ်။ ဘီးများကိုလည်း ပုံစံပြောင်းထားပြီး ၁၉ လက်မအရွယ်ရှိ အထူးပေါ့ပါးသည့် NISMO အလူမီနီယံ အလွိုင်းဘီးများပဲ ဖြစ်ပါတယ်။

အတွင်းပိုင်းမှာလည်း အနီနဲ့ အနက်စပ် သားရေ + Alcantara အဝတ်သား ၂ မျိုးစပ် Recaro ထိုင်ခုံများ ထည့်သွင်းပေးထားပြီး မြန်နှုန်းမြင့် မောင်းနှင်ချိန်မှာတောင် သင့်အား သင့်တောင့်သက်သာ ရှိစေမှာ ဖြစ်ပါတယ်။ ဒက်ရှ်ဘုတ်မှာတော့ Hard Drive နဲ့ ချိတ်ဆက်ထားတဲ့ ၇ လက်မအရွယ် ထိတွေ့မှုသုံးမျက်နှာပြင်ပါ လမ်းညွှန်နှင့် ဖျော်ဖြေရေးစနစ်၊ နောက်ကြည့်ကင်မရာ၊ Bose စပီကားများနဲ့ Bluetooth စနစ်တို့ ပါဝင်ပါတယ်။ စွမ်းဆောင်ရည် အပိုင်းမှာတော့ ၂၀၁၄ မော်ဒယ်နဲ့ ကွဲပြားခြင်း မရှိပဲ 3.7-liter V6 အင်ဂျင်ကနေ မြင်းကောင်ရေ ၃၅၀ အား ထုတ်လုပ်ပေးပြီး အင်ဂျင်ရုန်းအား ၂၇၆ ပေါင်-ပေ ရှိပါတယ်။ ထူးခြားချက်ကတော့ ဂီယာဘောက်စ်ဖြစ်ပြီး ၆ ချက်ထိုး ဂီယာအပြင် ကလပ်ခ်ျနင်းဖို့ ဝန်လေး သူများအတွက် ပထမဆုံးအကြိမ်အဖြစ် ၇ ချက်ထိုး အော်တိုဂီယာနဲ့လည်း ဝယ်ယူနိုင်မှာ ဖြစ်ပါတယ်။ ဘီး ၄ ဘီးရဲ့ သီးသန့် suspension စနစ်များကိုလည်း အဆင့်မြှင့်တင်ထားပြီး ယခင်ထက် ပိုမိုကြီးမားအားကောင်း တဲ့ ဘရိတ်များလည်း ထည့်သွင်းတပ်ဆင် ပေးထားပါတယ်။

၂၀၁၅ မော်ဒယ် 370Z နဲ့ 370Z NISMO တို့ကို ကမ္ဘာတစ်ဝန်း၌ ရောင်းချနေပြီဖြစ်ပြီး အနီ၊ အနက်၊ အဖြူနှင့် ငွေရောင် အရောင် ၄ ရောင်ဖြင့် ရွေးချယ်ဝယ်ယူနိုင်ပါလိမ့်မယ်။ ဈေးနှုန်းများကတော့ Base 370Z မှာ ဒေါ်လာ ၃၁၃၀၀ ၊ 370Z Sport မှာ ဒေါ်လာ ၃၅၀၀၀၊ 370Z Sport Tech မှာ ၃၈၅၀၀၊ 370Z Touring မှာ ဒေါ်လာ ၃၉၅၀၀၊ 370Z NISMO မှာ ဒေါ်လာ ၄၃၅၀၀ နဲ့ 370Z NISMO Tech မှာ ဒေါ်လာ ၄၇၀၀၀ အသီးသီး ကျသင့်ပါလိမ့်မယ်။
AMK (MCG)
Link - http://mmconsumerguide.com/?p=4183
ကျေးဇူးပြု၍ ဒီနေရာလေးကိုနှိပ်ပြီး Like လုပ်ပေးပါအုံးနော်

*ဥတ္တံတားသားအောင်နေလင်း(နည်းပညာ)*မှကြိုဆိုပါ၏

No comments:

Post a Comment

http://i1323.photobucket.com/albums/u591/aungaung13/cooltext666275999_zpsbe12bc0c.gif